လီဗာပူးလ် နဲ့ စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမပိုင်းအပြီးမှာတော့ လီဗာပူးလ်အသင်းက ဆာလာရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒီ ပယ်နယ်တီသွင်းဂိုးဟာ အငြင်းပွားစရာ အနေအထားမှာရှိနေခဲ့ပြီး ဆစ်ဆိုကိုရဲ့ လက်ထိဘောကို ပယ်နယ်တီအဖြစ် ကွင်းလယ်ဒိုင်က သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအစ (၂)မိနစ်မှာ မာနေးက စပါးအသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးရရှိခဲ့ပြီး ကန်တင်ပေးခဲ့ရာမှာ ဆစ်ဆိုကိုရဲ့ ရင်ဘတ်နဲ့ အရင်ထိပြီးမှာ လက်ထိခဲ့တာဖြစ်ပါတယ်။ ဒီအနေအထားမှာ ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပြီးတော့ ဆာလာက အပိုင်ကန်သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်ကို ဦးဆောင်စေခဲ့ပါတယ်။
အဲဒီနောက်မှာ စပါးက ချေပဂိုးပြန်ရဖို့ အားထည့်ကြိုးပမ်းခဲ့သလို လီဗာပူးလ်ကလည်း အနိုင်သေချာစေဖို့အတွက် နောက်ထပ်သွင်းဂိုးတွေရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းစလုံးက အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်မှုအားနည်းခဲ့ပြီး ရရှိတဲ့ အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့လို့ နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ရောဘတ်ဆန်ရဲ့ အပြင်းကန်သွင်းချက်ကို လိုရစ် ကာကွယ်နိုင်ခဲ့ပြီး စပါးကတော့ အပိုုင်အခွင့်အရေးရဖို့ တော်တော်လေးကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ စပါးအသင်းဟာ ပထမပိုင်းမှာ ဂိုးပေါက်တည့်မှုမရှိသလောက် ရှားပါးခဲ့ပြီး ချေပဂိုးရဖို့ ခက်ခဲနေခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးလ်က တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နို်င်ခ့ဲပါတယ်။