နောက်ဆုံး ၂ ပွဲမှာ ၁ မှတ်သာရရှိခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဘာစီလိုနာအသင်းဟာ ဒေါသထွက်နေကြောင်းနဲ့ ယမန်နေ့ညက အက်သလက်တစ်ဘီလ်ဘာအိုအသင်းကို တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ယခုထက် ခြေစွမ်းပိုင်း ပိုမိုတိုုးတက်အောင်လုပ်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။



skysports-lionel-messi-messi_4438188.jpg

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တစ်ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ မက်ဆီဟာ ပွဲထွက်ကစားသမားစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး ဒုတိယပိုင်း ၅၅ မိနစ်မှသာ ဗီဒယ်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ယခုရာသီမှာ ၇ ကြိမ် တိုင်ထိထားတဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ မှတ်သာရရှိခဲ့တဲ့အတွက် စိတ်ပျက်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်အောက်တိုဘာလ ၃ ရက်နေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မက်ဆီက ဘာစီလိုနာအသင်းဟာ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေခြင်းမရှိကြောင်းနဲ့ ယခုမှ အစသာရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့ အရမ်းစိုးရိမ်နေတာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သွားရမယ့်ခရီးက အရှည်ကြီးကျန်သေးပြီး အခုမှ အစပဲရှိပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒေါသထွက်နေကြပါတယ်"

"ကျွန်တော်တို့ သူတို့ကို အဲဒီလောက် မမျှော်မှန်းထားခဲ့ပါဘူး"

"လီဂါနက်စ်နဲ့ပွဲစဉ်တုန်းကလည်း ကျွန်တော်တို့ ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲမှာလည်း ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တစ်ဘီလ်ဘာအိုအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၄၁ မိနစ်မှာ အော်စကာဒီမားကို့စ်က မာကယ်ဆူဆေတာရဲ့ ပေးပို့မှုကနေတစ်ဆင့် မြေမကျဘောကန်သွင်းပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်း ပြီးဆုံးခါနီး မိနစ် ၈၀ မှာ ဒမ်ဘီလီရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ မူနီရာအယ်ဟတ်ဒါဒီရဲ့ ၈၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် သရေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က