ယခုထက်ကောင်းမွန်တာနဲ့ထိုက်တန်ကြောင်း ပြောခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် တိုနီခရူးစ်ဟာ ၎င်းရဲ့လက်ရွေးစင်ကစားသမားဘဝအနာဂတ်နဲ့ပတ်သက်ပြီး လေးလေးနက်နက် ပြောကြားခဲ့ပြီး အိုဇေးလ်ရဲ့ အငြင်းပွားဖွယ်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမှုနဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။


Photos: 90min

တိုနီခရူးစ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ၅ ရာသီမြောက် ကစားဖို့အတွက် ပြင်ဆင်နေသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းနဲ့ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်ခဲ့ရပေမယ့် ရီးရဲမက်ဒရစ်အသင်းအတွက် နောက်ထပ်ဆုဖလားတွေ ရယူပေးနိုင်မယ်လိုု့ မျှော်လင့်နေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ဥရောပစူပါဖလားရှုံးပွဲကြောင့် ထိတ်လန့်နေတဲ့ ချယ်ဆီးပရိသတ်များ 

Sport Bild နဲ့ ပြုလုပ်ခဲ့တဲ့အမေးအဖြေကဏ္ဍမှာ တိုနီခရူးစ်က ၎င်းရဲ့လက်ရွေးစင်ကစားသမားဘဝအနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကစားပေးဖို့အတွက် စီစဉ်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"လာမယ့် ၂၀၂၀ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်ကစားသွားမှာပါ။ အဲဒီပြိုင်ပွဲမှာ ပါဝင်ကစားပြီး ပြီးခဲ့တဲ့ပြိုင်ပွဲကထက် သိသိသာသာပိုအောင်မြင်ဖို့က ကျွန်တော့်ရဲ့ပန်းတိုင်အဖြစ် သတ်မှတ်ထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: BBC

ဆက်လက်ပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေက လူမျိုးရေးခွဲခြားခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝကနေ အငြင်းပွားဖွယ် အနားယူကြောင်း ကြေညာခဲ့တဲ့ အိုဇေးလ်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုနီခရူးစ်ကို မေးမြန်းခဲ့ရာမှာ တိုနီခရူးစ်က အိုဇေးလ်အနေနဲ့ ယခုထက်ပိုမိုကောင်းမွန်တာနဲ့ ထိုက်တန်ကြောင်းနဲ့ လက်ရွေးစင်အသင်းတည်ဆောက်ရာမှာ လူမျိုးရေးခွဲခြားတဲ့ဓလေ့မျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။

"အခြေခံအားဖြင့်တော့ အိုဇေးလ်ဟာ နိုင်ငံအသင်းကစားသမားဖြစ်ဖို့ ထိုက်တန်တဲ့သူဖြစ်ပြီး ဘောလုံးသမားတစ်ယောက်အနေနဲ့ ဒီထက်ပိုကောင်းတဲ့အဆုံးသတ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် သူနဲ့နှစ်တွေအကြာကြီး ကစားခဲ့ဖူးပြီး သူက အရမ်းခင်စရာကောင်းတဲ့သူငယ်ချင်းတစ်ယောက်ဆိုတာ သိခဲ့ပါတယ်။ သူ့ရဲ့လက်ရွေးစင်အသင်းကနေ နှုတ်ထွက်တဲ့နည်းလမ်းကတော့ အဆင်မပြေပါဘူး"

"အချိုးချပြီး ပြောရမယ်ဆိုရင် သူ့ရဲ့ထုတ်ပြန်ကြေညာချက်က အဓိပ္ပာယ်မရှိတဲ့အချိုးအစားက ကံမကောင်းစွာနဲ့ပဲ အရိပ်မိုးနေခဲ့ပြီး ကောင်းမွန်တာက နည်းပါတယ်။ သူ့အနေနဲ့ သူ့ဘာသာသူ လက်ရွေးစင်အသင်းနဲ့ ဂျာမနီဘောလုံးပြိုင်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုမရှိဘူးဆိုတာ သိနေမယ်လို့ ကျွန်တော် ထင်ပါတယ်"

"သဘာဝနဲ့ဆန့်ကျင်ပြီး ကျွန်တော်တို့တွေဟာ မတူကွဲပြားမှုနဲ့ ပေါင်းစည်းညီညွတ်မှုကို အမြဲတမ်း စိတ်ခံစားမှုတွေနဲ့ ရေရှည်ဆက်ဆံနေခဲ့ကြတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ အိုဇေးလ်က နမူနာကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့ရှေ့က လူတွေ လုပ်သွားခဲ့သလိုမျိုးပေါ့"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က