ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁ ရက်နေ့မှာ ကစားမှာပါ။

လီဗာပူးအသင်းက စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အသင်းပိုင် ဘတ်စ်ကားကတော့ ဗိုလ်လုပွဲ ကစားမယ့် ဥမင်လှိုင်ခေါင်းအတွင်းက အထွက်မှာ ရုတ်တရက် ဆက်လက်ထွက်ခွာမရလို့ နာရီတစ်ခု အကြာလောက် အဖြေရှာလိုက်ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းပိုင် ဘတ်စ်ကားဟာ ဗိုလ်လုပွဲ ကစားမယ့် ကွင်းအတွင်း ကားပတ်လမ်းက ပြန်အထွက်မှာတော့ ဥမင်လှိုင်ခေါင်းအောာက်အရောက် ရုတ်တရက် ထွက်မရဖြစ်ခဲ့ရတယ်လို့ The Sun သတင်းဌာနကဖော်ပြလာ ပါတယ်။



နည်းပြ ဂျာဂျင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

ဘတ်စ်ကားအနေနဲ့ အသင်းလေ့ကျင့်ရေး အစီအစဉ်တွေ ပြီးဆုံးလို့ ပြန်အထွက်မှာ ဥမင်လှိုင်ခေါင်း အပေါက်၀ အရောက် တစ်ခုခုနဲ့ ငြိမိပြီး ဆက်လက်ထွက်ခွာမရ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဝန်ထမ်းထုကြီးဟာ ကား ဆက်လက်ထွက်ခွာမရ ဖြစ်ရခြင်းရဲ့ အဖြေကို ဝိုင်းဝန်အဖြေရှာပေးခဲ့ ကြတာကြောင့် နာရီပိုင်းလောက်အကြာအပြီးမှာတောာ့ ကားဟာ ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာ တွေ့ရပြီးနောက် စပါးပရိသတ်တစ်ဦးက ဒါဟာ စပါးအတွက် တာထွက်ကောင်းပုံရိပ်ပဲလို့ မှတ်ချက်ချ ခဲ့တယ်လို့လည်း The Sun ကဆက်လက်ဖော်ပြလာပါတယ်။

ဗိုလ်လုပွဲကျင်းပရာ ကွင်းနဲ့ သတ်မှတ် ဟိုတယ်ကိုတော့ လီဗာပူးအသင်းအနေနဲ့ သောကြာနေ့မှာရောက်ရှိမယ် လို့ သိရပြီး စပါးအသင်းကတော့ လီဗာပူးအသင်းမရောက်ခင် မနေ့ကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က