အသေးစားဒဏ်ရာသာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။
Pyae Phyo Thein

အေဂျက်ဇ် နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဧပြီလ (၁၀)ရက်နေ့မှာ ကစားသွားမှာ ဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ အနားယူကုသချိန် အချိန် (၂)ပတ်ခန့် ရရှိမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ သူတိ့ုအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ထုတ်ပြန်ကြေညာမှု ပြုလုပ်သွားခဲ့ပါတယ်။ ဆာဘီးယားနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ရော်နယ်ဒိုက ပေါ်တူဂီအတွက် ပါဝင်ကစားပေးခဲ့ပြီးတော့ ဒဏ်ရာရရှိခဲ့ကာ လူစားလဲလှယ်ခံခဲ့ရပါတယ်။



ရော်နယ်ဒိုအနေနဲ့ ဒဏ်ရာရရှိခဲ့မှုကြောင့် အေဂျက်ဇ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ကာယကံရှင်ကတော့ သူ့ရဲ့ ဒဏ်ရာက စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ပရိသတ်တွေက ချန်ပီယံလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို ပါဝင်နိုင်ခြင်းမရှိမှာကို စိုးရိမ်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့ရာမှာတော့ "ပေါ်တူဂီနဲ့ ဆာဘီယားတို့ရဲ့ ပွဲအတွင်း မိနစ် (၃၀)မှာ ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အသေးစားဒဏ်ရာသာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်၊ သူ့ရဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့တာပါ"

"သူ့အခြေအနေက ကောင်းမွန်နေပြီးတော့ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ သူ ပြန်ကစားနိုင်မယ့် အချိန်အတိအကျကို ပြောနိုင်ပါလိမ့်မယ်" လို့ ဂျူဗင်တပ်စ်က ရေးသားဖော်ပြခဲ့ပါတယ်။ အသေးစားဒဏ်ရာလို့ အတည်ပြုခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ရက်အနည်းငယ်ခန့်သာ အနားယူရတော့မှာဖြစ်ပြီး အေဂျက်ဇ်နဲ့ပွဲကို ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

အေဂျက်ဇ် နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဧပြီလ (၁၀)ရက်နေ့မှာ ကစားသွားမှာ ဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ အနားယူကုသချိန် အချိန် (၂)ပတ်ခန့် ရရှိမှာ ဖြစ်ပါတယ်။ ကစားသမားကလည်း သူ့ရဲ့ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်သက်ပြီး ကောင်းကောင်းသိထားလို့ ဒဏ်ရာအတွက် စိုးရိမ်မှုမရှိဘူးလို့ ပြောဆိုခဲ့ပြီး တစ်ပတ်နှစ်ပတ်အတွင်း ပြန်ကစားနိုင်မှာဖြစ်ကြောင်း ဆာဘီးယားနဲ့ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က