အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး မွေးရာပါ နှလုံးအားနည်းတာကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ဘောလုံးလောကက အနားယူဖို့ တိုက်တွန်းခြင်း ခံ နေရသူ ဖြစ်ပါတယ်။
Photo - Goal.com
အေစီမီလန်အသင်းနဲ့ ခရိုအေးရှားနောက်ခံလူ အိုင်ဗန်စထရီနစ်ဟာ အသက် ၃၁ နှစ်အရွယ်မှာပဲ ဘောလုံးလောကကနေ အနားယူဖို့ ဖိအား ပေးခံနေရပါတယ်။
သြဂုတ် ကျိန်စာဆိုးအောက်က လွတ်မြောက်ခဲ့တဲ့ ဟယ်ရီကိန်း
နောက်တန်းကစားသမားတစ်ယောက်အတွက် အသက် ၃၁ နှစ်ဆိုတာ အမှန်တစ်ကယ်ကစားမယ်ဆိုရင် အတော်အသင့် ဆက်လက်ကစားလို့ ရသေးပေမယ့်လည်း အိုင်ဗန်ကတော့ အနားယူဖို့ ကြုံလာခဲ့ပါပြီ။
Photo - CalcioMercato.com
သူအနားယူရတဲ့ အဓိက အကြောင်းရင်းကတော့ မွေးရာပါ နှလုံးအားနည်းတာကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ဆရာဝန်က ဘောလုံးဆက်မကစား ဖို့ တားမြစ်နေတယ်လို့လည်းသိရပါတယ်။
အိုင်ဗန်အနေနဲ့ ဒီနှစ်မှ ဆမ်ဒိုးရီးယားအသင်းကနေ အေစီမီလန်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
Photo - www.9sportpro.com
လက်ရှိမှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းနှင့်ပြီးပေမယ့်လည်း ပွဲထွက်ကစားခြင်းတော့ လုံး၀ မရှိသေးဘူးလို့လည်းသိရပါတယ်။
ဒါပေမယ့်လည်း အခုလို အခြေအနေ ကြုံလာချိန်မှာတော့ အေစီမီလန်အသင်းကတော့ ၎င်းရဲ့ ဆေးစစ်ချက်အဖြေအပေါ် - " ဆေးစစ်နေတဲ့ကာလအတွင်းမှာ တော့ အိုင်ဗန်အနေနဲ့ ယာယီသဘောအရ ပွဲ စဉ်အကုန်လုံးကို လွဲချော်မှာ ဖြစ်ပါတယ်။သူ့အနေနဲ့ ဘောလုံးပြန်ကစားနိုင်မယ်ဆိုရင်တော့ အားလုံးကို ဆေးစစ်မှုတွေ တစ်ကြိမ်ပြန်လုပ်ရပါ မယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
Photo - Total Croatia News
အိုင်ဗန်အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားအသင်းနဲ့အတူ ပါဝင်ခဲ့ပြီး အသင်းဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ရာမှာလည်း အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
ဒါ့အပြင် ဆမ်ဒိုးရီးယား၊နာပိုလီအသင်းတို့မှာလည်း ကစားခဲ့သူ တစ်ယောက်ဖြစ်ကာ နိုင်ငံအသင်းအတွက်လည်း ၉ နှစ်တာကာလအတွင်း ၄၉ ပွဲ အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။