ကျောနံပါတ် (၂၃)ကို ဝတ်ဆင်မယ်လို့ သတင်းထွက်ခဲ့သူပါ။
Pyae Phyo Thein

ရာသီကြိုပွဲစဉ်တွေမှာ ကျောနံပါတ် (၅၀)ကို ဟာဇက်က ဝတ်ဆင်ကစားခဲ့ပြီး သူ ဝတ်ဆင်မယ်ဆိုတဲ့ ကျောနံပါတ် (၂၃)ကိုတော့ ဘယ်နောက်ခံလူ ဖာလန်းမန်ဒီက ဝတ်ဆင်သွားမှာဖြစ်ပါတယ်။


ဒေးဗစ်ဘက်ခမ်းရဲ့ ကျောနံပါတ် (၂၃)ကို ဝတ်ဆင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အီဒင်ဟာဇက်ဟာ ရော်နယ်ဒိုရဲ့ ကျောနံပါတ် (၇)ကိုသာ ဝတ်ဆင်ကစားသွားမယ်လို့ ရီးရဲလ်မက်ဒရစ်က အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်ကစားသမားဘဝမှာ ကိုယ်အလေးချိန်မြင့်တက်မှုနဲ့ ခြေစွမ်းမပြနိုင်ခဲ့လို့ ဟာဇက်က ဝေဖန်ခံခဲ့ရပေမယ့်လည်း ဆဲလ်ဘတ်နဲ့ပွဲမှာ အသင်းသစ်အတွက် သွင်းဂိုးရရှိခဲ့သူဖြစ်ပါတယ်။



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြမှုအရ ချယ်လ်ဆီးကစားသမားဟောင်းဟာ အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ်ကို ဝတ်ဆင်သွားတော့မယ်လို့ သိရတာဖြစ်ပါတယ်။ မာရီယာနိုဒီယက်ဇ် ဝတ်ဆင်နေတဲ့ ကျောနံပါတ်ကို ဟာဇက်ကလွှဲပြောင်းရယူသွားမှာ ဖြစ်ပြီး နာမည်ကျော်ကစားသမားတွေလို အောင်မြင်မှုရမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ရာသီကြိုပွဲစဉ်တွေမှာ ကျောနံပါတ် (၅၀)ကို ဟာဇက်က ဝတ်ဆင်ကစားခဲ့ပြီး သူ ဝတ်ဆင်မယ်ဆိုတဲ့ ကျောနံပါတ် (၂၃)ကိုတော့ ဘယ်နောက်ခံလူ ဖာလန်းမန်ဒီက ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဟာဇက်ကအနေနဲ့ ချယ်လ်ဆီးမှာ ကျောနံပါတ် (၁၀)၊ ဘယ်လ်ဂျီယံမှာ ကျောနံပါတ် (၁၀) ဝတ်ဆင်ခဲ့ပေမယ့် ရီးရဲလ်မှာ အဆိုပါနံပါတ်ကို မိုဒရစ်က ရယူထားတာဖြစ်ပါတယ်။

ဟာဇက်ဝတ်ဆင်မယ့် ကျောနံပါတ် (၇)ကို ဒီစတီဖာနို၊ ဂျူအန်နီတို၊ အာမာရို နဲ့ ရော်နယ်ဒိုတို့လို နာမည်ကျော်ကစားသမားတွေက ဝတ်ဆင်ကစားခဲ့ပြီး အသင်းသမိုင်းမှာ အောင်မြင်မှုမှတ်တိုင်အများအပြားကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဟာဇက်ကိုလည်း ရီးရဲလ်ပရိသတ်တွေက အသင်းမှာ အောင်မြင်မှုတွေ ရရှိမယ်လို့မျှော်လင့်ထားကြပြီး ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးပေးနိုင်မယ့် ကစားသမားလို့လည်း ယုံကြည်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က