ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အနာဂတ်ဖြစ်ကြောင်း ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး ထရာဇီဂေးက ပြောကြားခဲ့ပါတယ်။ ဘတ်ပီဟာ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ကစားသမားဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲရဲ့ သြဂုတ်လအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
Photos: Sportskeeda
ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရီးရဲမက်ဒရစ်အသင်းနဲ့ ခရိုအေးရှားအသင်းအတွက် ထူးထူးခြားခြားစွမ်းဆောင်ပေးခဲ့တဲ့ လူကာမိုဒရစ်က ရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ၁၀ နှစ်ကြာ ကြီးစိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ
ယူရို ၂၀၀၀ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အီတလီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ရွှေဂိုးသွင်းယူပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူး ထရာဇီဂေးက ဘောလုံးလောကရဲ့အနာဂတ်ဟာ ဘတ်ပီနဲ့သာ သက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘတ်ပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲတလျှောက်အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့နောက်ပိုင်း ဘလွန်းဒီအော်ဆုကို သိမ်းပိုက်နိုင်မယ့်သူလို့ တစ်ကြိုပေးခံထားရသူဖြစ်ပါတယ်။
Photos: Sportskeeda
"ဘတ်ပီက သူ့ရဲ့အရည်အသွေးကို ကလပ်အသင်းနဲ့ရော၊ လက်ရွေးစင်အသင်းနဲ့ပါ ပြသနိုင်တဲ့ ကစားသမားတစ်ယောက်ပါ"
"သူက ပစ္စုပ္ပန်မှာပါ။ ကျန်တဲ့အရာတွေအားလုံးထက်ပိုတာကတော့ သူက အနာဂတ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဘောလုံးလောကရဲ့အနာဂတ်ပါ"
"သူဟာ ခရစ်စတီယာနိုရော်နယ်ဒို ပြီးရင်၊ မက်ဆီ ပြီးရင် ထူးခြားတဲ့ကစားသမားတစ်ဦးပါ"လို့ ပြောကြားခဲ့ပါတယ်။