အဓိက ကစားသမားတွေ ဖြစ်တဲ့ဟာဇက်နဲ့ အဆန်ဆီရိုတို့ကို လက်လွှတ်ထားရချိန် ဂျိမ်းစ်ရဲ့ ဒဏ်ရာက ဗီလာရီးရဲနဲ့ပွဲအတွက် ရီးရဲအသင်းကို အခက်တွေ့စေမှာ အမှန်ပင် ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းကတော့ တိုက်စစ်မှူး ဂျိမ်းရိုဒရီဂွက်ဇ်အနေနဲ့ ခြေသလုံးဒဏ်ရာရရှိထားတယ်လို့ အတည်ပြု ထုတ်ပြန်လိုက်ပါပြီ။
မနေ့က တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ညာဖက်ခြေသလုံးဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကိုတော့ မသိသေးဘူးလို့ ရီးရဲအသင်းက သတင်းထုတ်ပြန်ထား ကြောင့် Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။
ဂျိမ်းအနေနဲ့ခြေသလုံးကြွက်သားဒဏ်ရာကြောင့် လာမယ့် ဗီလာရီးရဲအသင်းနဲ့ ကစားရမယ့် ပွဲကိုလည်း လွဲချော် ဖွယ်ရှိနေသလို စက်တင်ဘာလ အတွင်းကစားရမယ့် ကိုလံဘီယာအသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေကို လည်း လွဲချော်ဖို့များနေတယ်လို့သိရပါတယ်။
ရီးရဲအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျိမ်းကတော့ ပြီးခဲ့တဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲမှာအသင်းအတွက်၂၀၁၇ နောက်ပိုင်း ပထမဆုံး ပြန်လည်ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကြားထဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ၂ နှစ်တိတိ အငှားချထားခြင်း ခံထားရတာလည်း ဖြစ်ပါတယ်။
ဂျိမ်းရဲ့ ဒဏ်ရာက သာမာန်ဆိုရင်တော့ နည်းပြ ဇီဒန်းအတွက် ပြဿနာမရှိပေမယ့် ဟာဇက်န့အဆန်ဆီရိုကိုပါ လက်လွှတ်ထားရတဲ့အခြေအနေမှာတော့ ရင်၀ ဖနောင့်နဲ့ ဆောင့်ကန်သလို ဖြစ်ခဲ့ရတာပါ။
၂၈ နှစ်အရွယ် ဂျိမ်းအနေနဲ့ ရီးရဲက ထွက်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နာပိုလီနဲ့ အက်သလက်တီကို မက်ဒရစ် တို့ အရမခေါ်ယူနိုုင်ခဲ့လို့ ရီးရဲအသင်းမှာသာဆက်နေရဖို့ များသွားပါတယ်။
နည်းပြဇီဒန်းကတော့ ဂျိမ်းအသင်းမှာ ရှိနေတဲ့အတွက် ပျော်ရွှင်မိကြောင်းနဲ့ အသင်းမှာ အနေအထားကောင်း တစ်ခုကို ရရှိထားတယ်လို့လည်း ပြောထားပါတယ်။