ရော်နယ်ဒိုထွက်ခွာသွားလို့ အစားထိုးမယ်လေး ဘာလေး ပြောခဲ့ပြီး ဘတ်ပေး၊နေမာ၊ဟာဇက်တို့ကို ကြိုးစားပြခဲ့ပေမယ့် တစ်ကယ်တမ်း လိုချင်တဲ့ ကစားသမားကို မရပဲ ဖြစ်နေလို့ အခြားသူလည်း မလိုချင်ဖြစ်နေကာ အငှားလွှတ်ထားတဲ့ လူငယ်လေးကိုပဲ ပြန်ခေါ်ပြီး ကျောနံပါတ် ၇ ကို ပေးလိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံနေခဲ့ရပါတယ်။
Photo - Goal.com
အသင်းကြယ်ပွင့်ကို လက်လွှတ်ခဲ့ရလို့ အစားထိုးမယ့်သူကို ရှာဖွေနေတဲ့ ရီးရဲကတော့ ဒီကနေ့အထိ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပဲ ဟိုလူကိုခေါ်နိုးနိုး ဒီလူ ကို ခေါ်နိုးနိုးနဲ့ ဖြစ်နေခဲ့ပါတယ်။
တဒင်္ဂဒေါသကို မထိန်းနိုင်ခဲ့တဲ့ အကျိုးဆက်ကို ခံစားလိုက်ရတဲ့ ဘတ်ပီ
ဒီအခြေအနေမှာတော့ ရော်နယ်ဒိုနေရာမှာ အစားထိုးမယ်ဆိုတဲ့ ကစားသမားနှစ်ယောက်နာမည် ထွက်ပေါ်လာခဲ့ပြီး သူတို့ကတော့ ပီအက်စ်ဂျီ ကစားသမားတွေ ဖြစ်တဲ့ ကိုင်လီဘတ်ပေးနဲ့ နေမာ တို့ပဲ ဖြစ်ပါတယ်။
Photo - Daily Express
အဆိုပါ ကစားသမားနှစ်ဦးထဲက တစ်ဦးကို ရီးရဲက ခေါ်ယူလိုနိုးနိုးနဲ့ ပရိသတ်တွေ စောင့်မျှော်ခဲ့ကြပေမယ့်လည်း တစ်ဦးမှ ရောက်မလာဖြစ်ခဲ့ပဲ ဒီလို ဖြစ်နေခဲ့ရတဲ့ အခြေအနေတစ်ရပ်ကိုတော့ ရီးရဲကစားသမားဟောင်းတစ်ဦးက အတွင်းစကားတစ်ရပ် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
"ရီရဲအသင်းအနေနဲ့ ကိုင်လီဘတ်ပေးကို နေမာထက်ပိုပြီး ခေါ်ယူသင့်ပါတယ်။ဒါပေမယ့် အသင်းဥက္ကဌ ပီရက်ဇ်ကိုယ်တိုင်ကိုက ဘရာဇီး ကြယ်ပွင့် နေမာကို ပိုလိုချင်လို့သာ အခုလို ဟိုလူမရ ဒီလူမရ ဖြစ်ခဲ့တာပါ။" လို့ ရီးရဲကစားသမားဟောင်း မခ်မာနာမန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Photo - Getty Images
ဒါကြောင့်မို့လို့လည်း အသင်းရဲ့ ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒို ထွက်ခွာသွားသည့်တိုင် ကစားသမား ခေါ်ယူနိုင်ခြင်းမရှိပဲ အသင်းကနေ မူ လက လိုင်ယွန်ကို အငှားချထားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မာရီယာနိုကိုသာ ပြန်လည်ခေါ်ယူပြီး ရော်နယ်ဒိုရဲ့ လွတ်နေတဲ့ ကျောနံပါတ် (၇) ကို အရေးပေါ်ပေးပြီး ပရိသတ်တွေကို ရသေ့စိတ်ဖြေ လုပ်ခဲ့ရပါတယ်။
"နေမာရောက်လာရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်၊အကြောင်းကတော့ သူက အရင် အဓိက ပြိုင်ဖက်ကလာတာ၊ဒီမှာက ပြိုုင်ဖက် ကစား သမားခေါ်ယူခဲ့မိလို့ တင်းမာမှုတွေ၊ပြဿနာတွေ များစွာ တက်ခဲ့ဖူးတဲ့ အစဉ်အလာတွေက များစွာရှိဖူးတာလည်း သာဓကပဲ။ဒါပေမယ့် ဥက္ကဌက သူကိုယ်တိုင် နေမာကို လိုချင်နေတဲ့ ဆန္ဒကိုက ငြင်းဆန်မရဖြစ်နေတာ သိသာပါတယ်။" လို့ စတီဗင်က ပြောပါတယ်။
ဆက်လက်ပြီး အသင်းအနေနဲ့ ရော်နယ်ဒိုကို ၂၀၀၉ တုန်းက ခေါ်ယူပြီး ၂၀၁၈ မှာ ထုတ်ရောင်းခဲ့သလို ၁၀ စုနှစ်လောက် သုံးလို့ရမယ့်ကစားသ မားမျိုးကတော့ ဘတ်ပေးက အသင့်တော်ဆုံးဆိုတာလည်း အသိသာကြီးဆိုတာ ရှင်းလင်းခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဘယ်သူတွေ ဘာပြောပြော ငွေကြေး ပြည့်စုံတဲ့ ပီရက်ဇ်က နားထောင်မှာလား၊နေမာကို ဘယ်လိုနည်းနဲ့ ခေါ်နိုင်သွားမလဲ၊ ဘတ်ပေးပဲ ရောက်လာမလား၊ဒါမှမဟုတ် မျောက် သစ်ကိုင်းလွတ်ဖြစ်သွားမလားဆိုတာကတော့ သပွတ်အူကြီး ဘယ်သူ့ကို အစဆွဲထုတ်မလဲ ဆိုတာာ စောင့်ကြည့်ရုံမှ တစ်ပါး အခြားမရှိပေ။