ဘီလာရုဇ်ကို ၄-၀ နဲ့ အနိုင်ရပြီးနောက် ပြောလိုက်တာပါ။

ခရူးစ်ကတော့ ဘီလာရုဇ်ကို ၄-၀ နဲ့ နိုင်တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ ဂျာမနီအသင်းက ဘီလာရုဇ်ကို ၄-၀၊ခရိုအေးရှားက ဆလိုဗားကီးယားကို ၃-၁ တို့နဲ့ အသီးသီး အနိုင်ရခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲကို ထိပ်ဆုံးကနေ တိုက်ရိုက် အောင်မြင်သွားကြပြီ ဖြစ်တယ်လို့ BBC SPORTသတင်းဌာနကဖော်ပြလာပါတယ်။



ဒီထဲမှာ ဂျာမနီအသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ၂၀၁၄ မှာ ရရှိခဲ့ဖူးတဲ့အသင်းဖြစ်သည့်တိုင် ယူရိုမှာတော့ ဒီနှစ်ကစား မယ့် ကစားသမားတွေက အတွေ့အကြုံပိုင်း အားနည်းကြလို့ ဗိုလ်စွဲနိုင်ခြေ ထိပ်ဆုံးစာရင်းဝင် အသင်းတွေထဲမှ တော့ ဂျာမနီ မပါသေးဘူးလို့ ကွင်းလယ် ကစားသမား ခရူးစ်က ဆိုလိုက်ပါတယ်။

“ ကျွန်တော်တို့အတွေ့အကြုံ နည်းနည်း လိုနေကြပါသေးတယ်။ဒါပေမယ့် လက်ရှိ အသင်းတည်ဆောက်ပုံကို အကောင်းဆုံး လုပ်ဆောင်ထားနိုင်ကြပြီး ပြိုင်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ကိုယ့်အခြေအနေမှန်ကို ကိုယ်သိနေဖို့ လိုပါတယ်။လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းစာရင်းထဲမှာ မထည့်ထားပါဘူး။ဒါပေမယ့်လည်း ဒါကတော့ အခုအချိန်အတွက်ပါပဲ။” လို့ ခရူးစ်က ပြောခဲ့တာပါ။



ဂျာမနီအသင်းအနေနဲ့ ဘီလာရုဇ်ကို အနိုင်ရလိုက်လို့ ခြေစစ်ပွဲအုပ်စုတွင်း လက်ကျန် တစ်ပွဲအလိုမှာပဲ ခြေစစ်ပွဲကို ထိပ်ဆုံးကနေ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုလို ခြေစစ်ပွဲအောင်တာကလည်း ၁၉၇၂ ခုနှစ်က စတင်ပါဝင်လာခဲ့တဲ့ နိုင်ငံ သမိုင်းတစ်လျှောက် ၁၃ ကြိမ်ဆက် အဖြစ် ခြေစစ်ပွဲအောင်တာလည်း ဖြစ်ပါတယ်။

ဒီ ၁၃ ကြိမ်ဆက်အောင်မြင်မှုကတော့ အခြားနိုင်ငံအသင်းတွေထက် အနည်းငယ်ပိုမိုသာလွန်နေခဲ့တယ်လို့လည်း Opatစစ်တမ်း က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က