လက်ထိဘောကို ပင်နယ်တီ ပြစ်ဒဏ်ဘောပေးခဲ့လို့ လမ်းပတ်က ပြင်းထန်စွာ ကန့်ကွက်ခဲ့ရာမှာတော့ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကဒ်ပြပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
Daily Mirror
အင်္ဂလန်ချန်ပီယံရှစ် ဒါဘီကောင်တီရဲ့ နည်းပြ ဖြစ်တဲ့ ဖရန့်လမ်းပတ်အနေနဲ့ ရိုသာဟန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တုန်းက ကွင်းလယ်ဒိုင်အပေါ် ပြုမူခဲ့ တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကြောင့် တရားစွဲခံရတော့ပါမယ်။
ဘောလုံးကွင်းထဲထက် ဆေးရုံပေါ်မှာပဲ အချိန်ဖြုန်းနေရတဲ့ လူသား (သို့) ဝီရှီးယား
လမ်းပတ်အနေနဲ့ လက်ထိဘောပေးခဲ့မှုအပေါ် ကာကွယ်ပြောဆိုခဲ့တာ ဖြစ်ပြီး ယင်းကဲ့သို့ ပြောဆိုရာမှာတော့ ရိုင်းစိုင်းတဲ့ အပြုအမူတွေ ပြုမူ ခဲ့တာလည်း ဖြစ်ပါတယ်။
Daily Mirror
ပွဲချိန် ၅၈ မိနစ်မှာ တွမ်လောရန့် တိုက်ရိုက်အနီကဒ်နဲ့ထိပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ရိုသာဟန်က ပင်နယ်တီ ကန်သွင်းခဲ့တာဖြစ်ပြီး အဆိုပါ ဂိုးနဲ့ ပဲ ၁-၀ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။
ဒါကို လမ်းပတ်က စောဒဂ အကြီးအကျယ်တက်ပြီး စတုတ္ထဒိုင်ကို အပြင်းအထန် ကန့်ကွက်ပြောဆိုခဲ့လို့ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကဒ်ပြပြီး ကွင်းအတွင်းက ထွက်ခွာခိုင်းခဲ့တာ ဖြစ်ပါတယ်။
Photo - Daily Mirror
ဒါကြောင့် အနည်းဆုံးတော့ လမ်းပတ်အနေနဲ့ ပြစ်ဒဏ်ခံရတော့မှာ ဖြစ်ပြီး ဘယ်လို ပြစ်ဒဏ်မျိုး ချမှတ်သွားနိုင်မလဲဆိုတာကိုုတော့ အက်ဖ်အေက ၎င်းရဲ့ အပြုအမူကို ပြန်လည် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
အသက် ၄၀ အရွယ် လမ်းပတ်အနေနဲ့ ကွင်းလယ်ဒိုင်ကို စောဒဂ တက်ခဲ့လို့ ကွင်းအတွင်းက မောင်းထုတ်ခြင်းခံခဲ့ရပြီး အခုလို ပြုမူ ခံခဲ့ရတာ ကြောင့်လည်း စည်းမျဉ်းစည်းကမ်းတွေကို သေချာ လေ့လာသွားမယ်လို့ ဆိုခဲ့ပါတယ်။
Photo - Daily Mirror
"ကျွန်တော် ကစားကွင်းထဲက ဘယ်တော့မှ မထွက်ချင်ပါဘူး၊ဒါကြောင့် စည်းမျဉ်းစာအုပ်ကို ပြန်လေ့လာပါမယ်။လက်ထိဘောကတော့ စိတ်ပျက် ဖို့ ကောင်းခဲ့ပါတယ်။ဒါပေမယ့် ပင်နယ်တီတော့ မပေးသင့်ပါဘူး။" လို့ လမ်းပတ်က ပြောခဲ့ပါတယ်။
ဒါဘီအသင်းကတော့ လက်ရှိမှာ ၇ ပွဲကစားပြီး ၄ ပွဲနိုင် ၃ ပွဲရှုံးပြီး ၁၂ မှတ်ရရှိကာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လာမယ့် အပတ်မှာတော့ ဘလက်ဘန်းအသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။