ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ ရောင်းခဲ့စဥ်က ပြောင်းရွှေ့ကြေး ပေါင် ၁၀၆သန်းအပြင် စွမ်းဆောင် ရည် အပေါ်မူတည်ပြီး နောက်ထပ် ၃၆သန်းကို အရစ်ကျ ပုံစံမျိုးနဲ့ ပေးချေရမယ်ဆိုတဲ့ သဘောတူညီချက် ပါရှိခဲ့တာ ပါ။
လီဗာပူအသင်းဟာ ၂၀၁၈ခုနှစ်က ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ ပေါင် ၁၀၆သန်းနဲ့ ရောင်းချခဲ့ပြီး ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ်မူတည်က နောက်ထပ် ၃၆သန်း ထပ်ရမယ့် သဘောတူညီချက် ပါဝင်ခဲ့ပါတယ်။
အဆိုပါ ပေါင် ၃၆သန်းကို ဘာစီလိုနာအသင်းက အရစ်ကျ ပုံစံမျိုးနဲ့ ပေးချနေတာ ဖြစ်ပြီး ကော်တင်ဟိုအနေနဲ့ အသင်းနဲ့အတူ ပါဝင်ကစားတဲ့ပွဲ ၂၅ပွဲပြည့်မြောက်တိုင်းမှာ အချိုးကျ စနစ်နဲ့ ပေါင် ၃၆သန်းထဲက ခွဲပြီး ပေးနေ တာပါ။
မနှစ်က ဘောလုံးရာသီမှာတော့ ဘာစီလိုနာက ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့လို့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဘာစီလိုနာနဲ့အတူ ပွဲလည်း မကစားခဲ့ရ ချန်ပီယံလိဂ် ဝင်အောင်လည်း မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် လက်ကျန် သဘောတူညီချက် အကျိုးအမြတ်ကို လီဗာပူးအသင်း မရရှိခဲ့ပါ ဘူး။
ဒါပေမယ့်လည်း လာမယ့် ရာသီသစ်မှာ ကော်တင်ဟိုကို နည်းပြသစ်ဖြစ်လာတဲ့ ကိုးလ်မန်းက အဓိက ကွင်းလယ် ကစားသမားအဖြစ် အသုံးပြုသွားမယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် လီဗာပူးအသင်း ဘာစီလိုနာအသင်း ထံက ရဖို့ ကျန်နေသေးတဲ့ လက်ကျန် ပေါင် ၄.၄သန်းကို ရရှိဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
အဆိုပါ ပေါင် ၄.၄သန်းကို ကော်တင်ဟိုအနေနဲ့ အသင်းနဲ့အတူ ၁၅ပွဲ ပါဝင်ကစားပေးနိုင်ရုံနဲ့ ရရှိမှာ ဖြစ်ပြီး ကော် တင်ဟိုအနေနဲ့လည်း အသင်းမှာ ရှိနေမယ်ဆိုရင် အနည်းဆုံး ၁၅ပွဲကတော့ ကစားရဖို့ သေချာသလောက် ရှိနေ တာပါ။