ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရတာပါ။
Pyae Phyo Thein

မက်ဆီက လီဗာပူးလ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရမှုက ကစားသမားဘ၀ ဆိုးရွားတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

ဒီနေ့မှာ ကစားရမယ့် ဗလန်စီယာနဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲကို အနိုင်ကစားပြီး ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတဲ့ နာကျင်မှုကို ဖြေဖျောက်သွားမယ်လို့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆိက ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီက လီဗာပူးလ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရမှုက ကစားသမားဘ၀ ဆိုးရွားတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။



BBC ရဲ့ ရေးသားဖော်ပြမှုအရ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအကြောင်းနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မက်ဆီကတော့ ဥရောပရွှေဖိနပ်ဆုကို (၆)ကြိမ်မြောက် ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ လာလီဂါ သွင်းဂိုးစုစုပေါင်း (၃၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

"လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့မှုက တော်တော်လေးနာကျင်ခဲ့ရပါတယ်၊ ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်တာက ဒီရာသီကို အကောင်းဆုံးအဆုံးသတ်မှုဖြစ်လာမှာပါ၊ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအတွက် ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်၊ ရလဒ်အတွက်ကြောင့် မဟုတ်ပဲ အသင်းက အကောင်းဆုံးမယှဉ်ပြိုုင်နိုင်ခဲ့တဲ့အတွက်ပါ၊ ကျွန်တော့်ကစားသမားဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးရွားဆုံးအတွေ့အကြုံတွေက တစ်ခုပါပဲ" လို့ မက်ဆီက ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့အိမ်ကွင်းပွဲမှာ (၃-ဝ) နဲ့ အနိုင်ရရှိခဲ့ပေမယ့် အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲကိုတော့ (၄-ဝ)နဲ့ ဂိုးပြတ်ပြန်လည်အရေးနိမ့်ခဲ့ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာဖို့အတွက် စဉ်းစားနေပြီလားဆိုတဲ့ မေးခွန်းကိုလည်း မက်ဆီက "No" လို့ ပြန်လည် ဖြေဆိုခဲ့ပါသေးတယ်။

"လက်ရွေးစင်အသင်းမှာ ကစားဖို့ ကျွန်တော့်မှာ ပြသနာတော့ ရှိပါတယ်၊ အာဂျင်တီးနားနဲ့ တစ်စုံတစ်ရာအောင်မြင်မှုရဖို့ ကျွန်တော် ကြိုးစားဦးမှာပါ၊ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာက အာဂျင်တီးနားအတွက် ကျွန်တော် လုပ်ပေးချင်တဲ့ ဆန္ဒကို ဘာမှမထိခိုက်ပါဘူး" လို့လည်း မက်ဆီက ပြောခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဗလန်စီယာတို့ရဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲကိုတော့ မေလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၁း၃၀) နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က