ချက်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

၂၀၀၉ အောက်တိုဘာ ၁၀ ရက်တုန်းက ကစားခဲ့တဲ့ ယူကရိန်းနဲ့ ၂၀၁၀ ကမ္ဘာ့လားခြေစစ်ပွဲမှာ ၁-၀ နဲ့ အရေးနိမ့် ခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ ဘယ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲကိုမဆို မရှုံးနိမ့်တော့တာ ၁၀ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ယူရို ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ချက်အသင်းနဲ့ ပွဲမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အင်္ဂလန်အသင်းဟာ ၁၀ နှစ်ကြာ ထိန်းသိမ်းလာတဲ့ စံချိန်ကောင်းတစ်ခု ပျက်ပြယ်ခဲ့ရတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



အဝေးကွင်းကစားရပေမယ့်လည်း အင်္ဂလန်အသင်းဟာ ပွဲအစ ၅ မိနစ်မှာပင် ပင်နယ်တီကတဆင့် ကိန်းက ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၄ မိနစ်အကြာမှာပဲ ချက်က ချေပဂိုးပြန်သွင်းခဲ့ပြီး ပွဲပြီးဖို့ ၅ မိနစ်လောက်အလိုမှာတော့ အင်္ဂလန်အသင်းရဲ့ ၁၀ နှစ်ကြာ ထိန်းသိမ်းလာတဲ့ စံချိန်ကောင်းကို အွန်ဒရာဆိခ်က ချိုးဖျက်ခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်တုန်းက ယူကရိန်းကို ခြေစစ်ပွဲမှာ ၁-ဝနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲ တစ်လျှောက် ရှုံးပွဲလုံး၀ မရှိတော့ပဲ ၄၃ ပွဲထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ခဲ့တာ ပါ။



လက်ရှိ ယူရို၂၀၂၀ ခြေစစ်ပွဲမှာလည်း အင်္ဂလန်အသင်းဟာ ၄ ပွဲကစားပြီးချိန်ထိ ၄ ပွဲစလုံးအနိုင်ရကာ ရမှတ် ၁၂ မှတ်နဲ့ ဦးဆောင်နေပြီး ချက်ကို ထပ်မံ အနိုင်ရပါက ခြေစစ်ပွဲကို အစောဆုံး အောင်မြင်မယ့် အခွင့်အရေး ရှိပါလျက်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ တနင်္လာနေ့မှာ ကစားရမယ့် ဘူဂေးရီးယားနဲ့ပွဲမှာ အနိုင်ရဖို့ လိုသလို တစ်ဖက်မှာ ကိုဆိုဗိုက မွန်တီနီဂရိုးမနိုင်ဖို့ လိုပါသေးတယ်။

ဒီလိုသာ ဖြစ်မလာခဲ့ဘူးဆိုရင်တော့ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲ နောက်ဆုံးပွဲအထိ ကစားပြီးမှပဲ ခြေစစ်ပွဲ အောင်မအောင်ကို သိနိုုင်တော့မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က