ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းမယ်ဆိုရင် ရောင်းချသွားမှာပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူလိုနေတဲ့ လီဗာပူးအသင်းကို ကမ်းလှမ်းမှုပြုလုပ်ဖို့အတွက် မီးစိမ်းပြခဲ့တယ်လို့ Teamtalk ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ဒမ်ဘီလီကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း လီဗာပူးအသင်းကို အသိပေးခဲ့တယ်လို့ သိရပြီး ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းနဲ့ ဒီလစ်တို့ကို ခေါ်ါ်ယူနိုင်ဖို့အတွက် ငွေကြေးရှာဖွေလိုနေတာဖြစ်တယ်လို့ သိရပါတယ်။



ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီအတွက် ပေါင်သန်း ၉၀ ရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပြီး ၂၀၁၇ ခုနှစ်က ဒမ်ဘီလီကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းကို ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ပြန်လည်ရယူလိုနေတာဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ပွဲအရေအတွက် ၂၀ သာရှိခဲ့ပြီး လူစားဝင်ကစားသမားအဖြစ် ၉ ပွဲကစားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒမ်ဘီလီအတွက် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးရရှိတဲ့အချိန်အထိ စောင့်ဆိုင်းသွားမှာဖြစ်ပြီး လာမယ့်ရာသီအတွက် တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေတဲ့ လီဗာပူးအတွက် ကမ်းလှမ်းမှုပြုဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး တိုက်စစ်မှာ မိုဟာမက်ဆာလာ၊ ဖာမီနို၊ ဆာဒီယိုမာနေးတို့အပေါ်သာ အလွန်အမင်းအားကိုးအားထားပြုခဲ့ရပြီး တစ်ဦးဦးဒဏ်ရာရသွားခဲ့ချိန်မှာ တိုက်စစ်အရှိန်မကျသွားအောင် အစားထိုးနိုင်မယ့် တိုက်စစ်မှူးမျိုးမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က