အသင်းဖော်ဟောင်းက တင်ထားခဲ့တာပါ။
Kyaw Ko Ko Sint

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းဖော်ဟောင်းတင်ရှိခဲ့တဲ့စံချိန်ဟောင်းတစ်ခုကို ယမန်နေ့က ဂီရိုနာအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ ပထမပိုင်း ၁၉ မိနစ်မှာ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းဟာ ၁ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။



5ba7e51973c7b.jpeg

Photos: Trome

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဂီရိုနာအသင်းနဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ၄၂၃ ပွဲမြောက်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မက်ဆီဟာ လာလီဂါပြိုင်ပွဲမှာ ပွဲအများဆုံးကစားထားတဲ့ နိုင်ငံခြားသားကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ ဒန်နီအဲဗက်စ် ဘာစီလိုနာ၊ ဆီဗီလာအသင်းတို့အတွက် ကစားပေးခဲ့ပြီး တင်ရှိခဲ့တဲ့ ၄၂၂ ပွဲ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်က အက်စပန်ညိုနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့သူဖြစ်ပြီး သွင်းဂိုး ၃၈၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆၆ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

Photos: Soccerladuma

 

မက်ဆီနဲ့ ဒန်နီအဲဗက်စ်တို့ရဲ့နောက်မှာ လာလီဂါပွဲအများဆုံးကစားထားတဲ့ နိုင်ငံခြားသားကစားသမားတွေကတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမားဟောင်း ရောဘတ်တိုကားလို့စ်က ၃၇၀ ပွဲ၊ ဗလယ်ရီကာပင်က ရီးရဲဆိုစီဒက်၊ ဗလင်စီယာ၊ ဆယ်တာဗီဂိုအသင်းတို့အတွက် စုစုပေါင်း ၃၆၃ ပွဲ၊ ဟူဂိုဆန်းချက်ဇ်က ဗယ်လက်ကာနို၊ ရီးရဲမက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့အတွက် စုစုပေါင်း ၃၄၆ ပွဲ၊ ဒီယေဂိုဂိုဒင်က ဗီလာရီးရဲနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် စုစုပေါင်း ၃၄၃ ပွဲ၊ ဒူဒါက မာလာဂါနဲ့ ဆီဗီလာအသင်းတို့အတွက် စုစုပေါင်း ၃၄၃ ပွဲပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က