ပရီးမီးယားလိဂ်မှာ ၉၇ မှတ်ရတာတောင် ဖလားမရခဲ့လို့ လက်မခံနိုင်ဖြစ်နေတာပါ။
Kg Htet

လီဗာပူးနောက်ခံကစားသမား အန်ဒီရောဘတ်ဆန်ဟာ လီဗာပူးအသင်းအနေနဲ့ ကောင်းမွန်တဲ့ရာသီပိုင်ဆိုင်ခဲ့တဲ့အတွက် ဆုတံဆိပ်တစ်ခုအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ထိုက်တန်တယ်ဆိုတဲ့ပြောဆိုမှုတွေကို လက်မခံဘဲ ငြင်းပယ်သွားခဲ့တယ်လို့ Daily Express ရဲ့သတင်းအရ သိရပါတယ်။

ယာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို လက်မတင်လေးလွဲချော်ခဲ့ပြီးနောက် လာမယ့်စနေနေ့ညနေမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မက်ဒရစ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။



လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ စုစုပေါင်းရမှတ် ၉၇ မှတ်ရရှိခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းက ၉၈ မှတ်နဲ့ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရောဘတ်ဆန်က အပြင်မှာပြောဆိုနေကြတဲ့ကိစ္စတွေဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဗိုလ်လုပွဲအတွက် ဘာအဓိပ္ပာယ်မှမရှိကြောင်းပြောကြားခဲ့ပါတယ်။

“လူအချို့ပြောနေကြတာ ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော်တို့ ဘာနဲ့မှ မထိုက်တန်သေးပါဘူး”

“ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရဖို့ ထိုက်တန်တယ်ဆိုတဲ့အတွေးနဲ့ ကစားသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ရာသီရခဲ့ပြီး ၉၇ မှတ်ရခဲ့လို့ပါ။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒါက ရူးကြောင်ကြောင်စကားတွေပါ”လို့ Daily Express ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က