လမ်းခုလတ်မှာ သတိထားမိလို့ နေ့လည်ခင်းကြီး ကားပေါ်ကဆင်းကာ အထုပ်တွေ ဆွဲချကြရပါတယ်။
Kyaw Ko Ko Sint

ဒီအဖြစ်အပျက်တွေက လီဗာပူးအသင်း ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ရင် အပျော်အဖြစ် ပျောက်ကွယ်သွားမှာ ဖြစ်ပြီး အခုချိန်မှာတော့ လီဗာပူး ပရိသတ်တွေအတွက် စိတ်ပျက်စရာ အကောင်းဆုံး အခိုက်အတန့်အဖြစ် ရှိနေတာပါလို့ Daily Mail က သုံးသပ်ထားပါတယ်။

ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို သွားရောက်အား ပေးနိုင်ဖို့ လီဗာပူး ပရိသတ်အချို့ ဘတ်စ်ကားနဲ့ လိုက်ပါခဲ့ပါတယ်။



လေယာဉ်လက်မှတ်တွေ ကျန်ရှိတော့ခြင်း မရှိတဲ့ အခြေအနေမျိုးမှာ နာရီ ၃၀ ကြာ စီးနင်းရတဲ့ ဘတ်စ်ကားနဲ့ မာဆေးဆိုဒ်ကနေ မက်ဒရစ်မြို့ကို လီဗာပူး ပရိသတ်အချို့ လိုက်ပါခဲ့တယ်လို့ Daily Mail ကဖော်ပြလာပါ တယ်။

ဒါပေမယ့်လည်း မာဆေးဆိုဒ်ကနေ မက်ဒရစ်ကို ကြာသပတေးနံနက်က ထွက်ခွာလာခဲ့တဲ့ ဘတ်စ်ကားတစ်စီးမှာ တော့ ကျင်ငယ်ရည် ယိုစိမ့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကားအတွင်းပါရှိတဲ့ အရေးပေါ်သုံး အိမ်သာငယ်မှ ကျင်ငယ်ရည်တွေ ယိုစိမ့်ခဲ့တာကြောင့် ဝမ်းဗိုက်အတွင်း ထားရှိထားတဲ့ ခရီးဆောင်အိတ်တော်တော်များများ ညစ်ပတ်ခဲ့တယ်လို့လည်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

အဆိုပါ ကားနဲ့ လိုက်ပါခဲ့တဲ့ လီဗာပူး ပရိသတ်တစ်ဦးကတော့ သူ့ရဲ့ တွစ်တာအကောင့်ကတဆင့် ကားပေါ်ပါ လာတဲ့ အိတ်တွေ အကုန်နီးပါး မွှေးကုန်ပြီလို့ နှောက်ပြောင်ပြီး ပုံတင်ခဲ့တယ်လို့လည်း Daily Mailက ဖော်ပြ လာပါတယ်။

ဖြစ်စဉ်ကတော့ ကြာသပတေးနေ့လည်လောက်မှာ ဖြစ်ပွားခဲ့ပြီး နေ့လည်လောက်မှာတော့ အနံရလို့ ကားပေါ်က နေအားလုံးဆင်းကာ ကိုယ့်အထုပ်ကိုယ် နီးစပ်ရာ ပလက်ဖောင်းပေါ် ပစ်တင်ရင်း နောက်ထပ် ဖယ်ရီကားတစ်စီး ကို စောင့်ဆိုင်းခဲ့ကြရတယ်လို့သိရပါတယ်။

ကံမကောင်းတဲ့ ပရိသတ်တွေကတော့ နောက်ထပ် နာရီ ၂၀ လောက်ကို ဆိုးရွားညစ်ပတ်တဲ့အနံ့အသက်တွေနဲ့ မက်ဒရစ်မြို့ကိုမရောက်မချင်း ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။


ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ အဆိုပါ ပရိသတ်တစ်ဦးရဲ့ ခရီးဆောင်အိတ်ကတော့ ကျင်ငယ်ရည် ယိုစိမ့်မှုကို မခံခဲ့ရလောက်ဘူးလို့လည်း Daily Mail ကခန့်မှန်းထားပါသေးတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ လီဗာပူး ပရိသတ် တစ်စုအတွက် စိတ်ပျက်စရာ အကြီးကြီး ကြုံရပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီစိတ်ပျက်စရာတွေက ရယ်စရာအဖြစ် ပြန်လည်သတ်မှတ်နိုင်မယ်လို့လည်း Daily Mail က ဆက်လက် သုံးသပ်ပေးထားပါသေးတယ်။

လီဗာပူးကနေ မက်ဒရစ်ကိုသွားမယ့် လေယာဉ်လက်မှတ်တွေက ဆီမီးဖိုင်နယ်အဆင့်ပြီးကတည်းက အားလုံး ရောင်းကုန်ထားနှင့်တာလို့လည်း သိရပါတယ်။

ဒါ့အပြင် အင်္ဂလိပ် ပရိသတ် ၁၀၀၀၀၀ နီးပါးလောက် လက်ရှိအချိန်မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့ထဲ ရောက်ရှိနေ နှင့်ပြီ ဖြစ်ကြောင်းနှင့် ဗိုလ်လုပွဲလည်းပြီး မက်ဒရစ်မြို့ကြီးလည်း ညစ်ပတ်ပြီး ကျန်ခဲ့တော့မယ်လို့ Daily Mailက အဆုံးသတ်အနေနဲ့ သုံးသပ်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က