ပီပီရဲ့အေးဂျင့်က တောင်းဆိုခဲ့တာပါ။
Kg Htet

လိုင်လီကြယ်ပွင့်တိုက်စစ်မှူး နီကိုးလတ်စ်ပီပီရဲ့အေးဂျင့်ဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းကို ပိုမိုပြောင်းရွှေ့စေချင်နေတဲ့အတွက် ၎င်းရဲ့ကစားသမားကို လီဗာပူး သို့မဟုတ် နာပိုလီအသင်းကို မပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နာပိုလီအသင်းဟာ ယခုအပတ်အစောပိုင်းမှာ လိုင်လီအသင်းနဲ့ နီကိုးလတ်စ်ပီပီအတွက် ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လိုင်လီအသင်းက သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။



ဒါပေမယ့်လည်း လိုင်လီအသင်းဥက္ကဌက ပီပီအတွက် အခြားအသင်း ၃ သင်းနဲ့လည်း သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ပြောကြားထားပြီး ယင်းအသင်း ၃ သင်းထဲမှာ အာဆင်နယ်အသင်းကလည်း တစ်သင်းအပါအဝင်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

နီကိုးလတ်စ်ပီပီဟာ ၎င်းရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ပြုလုပ်ဖို့ ရွေးချယ်စရာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်အောင် ယခုအပတ်မှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ နာပိုလီအသင်းဟာ ပီပီကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် Gianluca Di Marzio ရဲ့သတင်းအရ ပီပီရဲ့အေးဂျင့်က ကော်မရှင်ပိုပေးတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ပီပီကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ယခုနွေရာသီမှာသာ ပီပီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတဲ့ အာဆင်နယ်အသင်းအတွက် အောင်မြင်မှုလို့ ယူဆရမှာဖြစ်ပြီး ဇာဟာကို လက်လွှတ်ခဲ့ရပေမယ့် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမှာပါ။ နီကိုးလတ်စ်ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ၂၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီပြီးရင် လီဂူးဝမ်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က