ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အနိုင်ကစားကာ ဆုဖလားဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုးချင်တယ်လို့ ပိုချက်တီနိုက သူ့ရဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကစားသမားတွေဟာ သူတို့ဘဝရဲ့ အကြီးမားဆုံးပွဲတစ်ပွဲကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီလို့ အသင်းနည်းပြ ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။ ပိုချက်တီနိုက ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ကစားပြီး သမိုင်းသစ်ရေးထိုးသွားချင်တဲ့ သူ့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ Daily Mail က ရေးသားဖော်ပြခဲ့ပါတယ်။



ပိုချက်တီနိုက သူ့ရဲ့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက စိတ်ရှုပ်ထွေးစရာတွေ၊ ဒဏ်ရာအနာတရရရှိခဲ့မှုတွေ နဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မလှုပ်ရှားနိုင်ခဲ့မှုတွေ ရှိခဲ့ပေမယ့် ဖိအားတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်လို့လည်း ယုံကြည်နေပါတယ်။ တော့တင်ဟမ်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကစားခွင့်ရရှိခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

"ခက်ခဲမှုတွေအားလုံးက အသင်းကို ပိုပြီးတော့ တောင့်တင်းခိုင်မာလာစေခဲ့ပါတယ်၊ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားရင် အောင်မြင်မှုရရှိမယ်လို့ ယုံကြည်ထားတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေကို အားလုံးကို ပြသနိုင်မှာပါ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ ဘယ်လိုယှဉ်ပြိုင်နိုင်ခဲ့သလဲဆိုတာကို အားလုံးသိခဲ့ပါတယ်"

"ကျွန်တော်တို့ ကစားသမားသစ်တွေ မခေါ်နိုင်ခဲ့လို့ ပြန်မရောင်းချဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်၊ မူဆာဒမ်ဘီလီကတော့ တရုတ်မှာ ကစားချင်တဲ့ သူ့အိပ်မက်ကြောင့် ကျွန်တော်တို့ ရောင်းချခဲ့တာပါ၊ ဘောလုံးလောကမှာ သမိုင်းကြောင်းတစ်ခုကို ရေးထွင်းချင်ပါတယ်၊ ဒီအတွက်လည်း အလုပ်ကောင်းကောင်းလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်" လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

ပိုချက်တီနိုလက်ထက်မှာ စပါးအသင်းဟာ ပရီးမီးယားလိဂ်ရပ်တည်မှုအနေအထားမှာ ထိပ်ဆုံး (၄)သင်းစာရင်းကို ပုံမှန်ရောက်ရှိခဲ့တဲ့အထိ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ဆုဖလားအတွက်စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းဆိုတဲ့ အနေအထားတွေကိုလည်း ပြသနိုင်ခဲ့ပြီး ဒီရာသိမှာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုရဲ့ နောက်ဆုံးပွဲစဉ်အထိကိုပါ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က