ဂွာဒီယိုလာနဲ့ နည်းစနစ်တွေကို ကိုးကားအသုံးပြုသွားမှာပါ။

နှစ်ကျော့ရင်ဆိုင်ရမှာဖြစ်လို့ လီဗာပူးလ်က ခက်ခဲတဲ့ ပြိုင်ဘက်အသင်းဖြစ်တယ်ဆိုတာကိုတော့ လက်ခံထားပြီး သတိကြီးကြီးထား ချဉ်းကပ်နေတယ်လု့ိလည်း ဆိုပါတယ်။

မေလ (၁)ရက်နေ့မှာ လီဗာပူးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကို ဘာစီလိုနာအသင်းက မန်စီးတီးအသင်းနဲ့ လီဗာပူးလ်တို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲမှာ ဂွာဒီယိုလာအသုံးပြုခဲ့တဲ့ နည်းစနစ်နဲ့ နည်းဗျူဟာပိုင်းတွေကို ကိုးကားပြီး အသုံးပြုကာ လီဗာပူးလ်ကို ရင်ဆိုင်သွားဖို့ စီစဉ်နေတယ်လို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။



လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ဒီရာသီ အမှတ်ပေးဖလားထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်စီးတီးက အသာရခဲ့ပြီး အီတီဟတ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ အန်ဖီးလ်မှာတော့ မာရက်ဇ်ရဲ့ ပယ်နယ်တီလွဲချော်ခဲ့မှုကြောင့် အနိုင် (၃)မှတ်လက်လွှတ်ခဲ့ရပြီး ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပြီး မန်စီးတီးက ထိပ်တိုက်တွေ့ဆံမှုမှာ အသာစီးရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ESPN က ရေးသားဖော်ပြခဲ့ရမှာတော့ အာနက်စတိုဗယ်လ်ဗာဒီနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေက ပထမအကျော့မှာ လီဗာပူးလ်ကို အနိုင်ကစားနိုင်ဖို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နှစ်ကျော့ရင်ဆိုင်ရမှာဖြစ်လို့ လီဗာပူးလ်က ခက်ခဲတဲ့ ပြိုင်ဘက်အသင်းဖြစ်တယ်ဆိုတာကိုတော့ လက်ခံထားပြီး သတိကြီးကြီးထား ချဉ်းကပ်နေတယ်လု့ိလည်း ဆိုပါတယ်။

ဗယ်လ်ဗာဒီက လီဗာပူးလ်အသင်းရဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေကို အချိန်ပေးကြည့်ရှုခဲ့ပြီးတော့ ဂွာဒီယိုလာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေကို အာရုံစိုက်မိခဲ့ပြီး အဆိုပါနည်းစနစ်အတိုင်း လိုက်လံကျင့်သုံးဖို့ ကြံစည်နေတာလည်း ဖြစ်ပါတယ်။ ဗယ်လ်ဗာဒီက ဂွာဒီယိုလာရဲ့ နည်းစနစ်တွေဟာ လီဗာပူးလ်ရဲ့ ပြိုင်ဘက်ကို Pressing ကောင်းကောင်းပြုလုပ်ပြီး ကစားတတ်တဲ့ကစားဟန်ကို ပြန်လည်ခြိမ်းခြောက်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

ဂွာဒီယိုလာက လီဗာပူးလ်နဲ့ပွဲမှာ အဝေးဘောပေးပို့မှုတွေကို အသုံးပြုခဲ့ပြီး လီဗာပူးလ်ကို ဒုက္ခရောက်စေခဲ့ပါတယ်။ ကလော့ပ်က ပြိုင်ဘက်အသင်း ဘောလုံးခြေထဲ ဘောလုံးရောက်ချိန်မှာ သူ့အသင်းသားတွေကို Pressing ကောင်းကောင်းလုပ်ဖို့ ညွှန်ကြားထားခဲ့ပြီး ဂွာဒီယိုလာက ဒီဗျူဟာကို ကျော်လွှားနိုင်ဖို့ အဝေးဘောအများအပြားပေးပို့ပြီး လီဗာပူးလ်ကို အသာစီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

"လီဗာပူးလ်မှာ ခြေစွမ်းအရမ်းပြနေတဲ့ ကစားသမား (၆)ယောက်၊ (၇)ယောက်လောက် ရှိနေပါတယ်၊ ဒီကစားသမားတွေက ဘာစီလိုနာကို သက်တောင့်သက်သာနဲ့မကစားနိုင်အောင် ပြုလုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ကစားနေကျဟန်အတိုင်း ကစားဖို့ပဲ အဓိကပြင်ဆင်မှာပါ၊ ဘောလုံးကို နောက်ပြန်ပေးပို့ပြီး သူတို့ရဲ့ Pressing လုပ်မှုကို ကျော်လွှားဖို့ ပြင်ဆင်ထားပါတယ်" လို့ ဘာစီလိုနာနဲ့ နီးစပ်သူက တစ်ဦးက ESPN ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က