ရာမို့စ်လိုမျိုး လိုအပ်ရင်ပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်တိုက်စစ်မှူးဆာလာကတော့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်နောက်ခံလူ ရာမို့စ်နဲ့ ထိခိုက်မိခဲ့ကာ ပခုံးဒဏ်ရာရခဲ့ပြီး လူစားလဲလှယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ လီဗာပူးလ်အသင်းကို သတိပေးပြောဆိုသွားခဲ့ပါတယ်။ ဆန်းချက်ဇ်က အသင်းအနိုင်ရဖို့အတွက် ဘာမဆိုပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး အသင်းအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပြီး အထူးသဖြင့် တိုက်စစ်မှူးတွေကို ရည်ရွယ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဆာလာကတော့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်နောက်ခံလူ ရာမို့စ်နဲ့ ထိခိုက်မိခဲ့ကာ ပခုံးဒဏ်ရာရခဲ့ပြီး လူစားလဲလှယ်ခံခဲ့ရသူ ဖြစ်ပါတယ်။



ဆာလာက အဆိုပါပွဲမှာ မျက်ရည်စက်လက်နဲ့ ကွင်းအတွင်းက ထွက်ခွာသွားခဲ့ရပြီး လီဗာပူးလ်ဟာလည်း ရီးရဲလ်ကို အရေးနိမ့်ကာ ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။ ရာမို့စ်အနေနဲ့ လီဗာပူးလ်ရဲ့အားထားရတဲ့ ကစားသမားကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

"ဒီလိုလုပ်ဖို့ လိုအပ်ပါတယ် (ရာမို့စ်က ဆာလာကို ပြစ်ဒဏ်ကျူးလွန်မှုမျိုး)၊ လူတွေက ဘာပြောပြော စိုးရိမ်နေစရာမလိုပါဘူး၊ ဘောလုံးပွဲဆိုတာက ဘောလုံးတစ်ခုတည်းကိုပဲ ကစားနေရတာ၊ ရှင်းထုတ်နေရတာမဟုတ်ပါဘူး၊ ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ တိုက်ပွဲတော့ ဝင်ရမှာပါ၊ ဒါက ဗိုလ်လုပွဲပါ၊ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အကြောင်းပဲ ရှိပါတယ်"

"ပြိုင်ဘက်က ကိုယ့်ထက်ပိုပြီးကောင်းသွားမှာမျိုးကို ခင်ဗျားစောင့်ဆိုင်းနေစရာမလိုပါဘူး၊ ပွဲစကတည်းက ကျွန်တော်တို့က တက်ကြွမှုနဲ့ ကစားသွားမှာပါ၊ ရာမို့စ် နဲ့ ဘာရီဆီတို့ရဲ့ ကစားပုံတွေတွေကို ကြည့်ရှုပြီး ကျွန်တော် အသုံးချသွားမှာပါ၊ မာဒီနီလည်း ပါပါတယ်၊ သူတို့ရဲ့စရိုက်လက္ခဏာမျိုးက လိုကိုလိုအပ်ပါတယ်" လို့ ဆန်းချက်ဇ်က ပြောဆိုခဲ့တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ် နဲ့ စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ ဇွန်လ (၁)ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ ဆန်းချက်ဇ်ကတော့ ပွဲမတိုင်ခင်မှာပဲ ပြိုင်ဘက်တိုက်စစ်မှူးတွေကို သတိပေးစကားဆိုသွားခဲ့တာဖြစ်ပြီး အသင်းအနိုင်ရဖို့အတွက် ဘာမဆိုလုပ်သွားမယ်ဆိုတဲ့ သူ့စကားအတိုင်းပဲ လီဗာပူးလ်တိုက်စစ်ကို ဘယ်လိုရင်ဆိုင်တုံ့ပြန်သွားမလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


Author


က္က