loading...

loading...

loading...

မက်ဆီက အင်္ဂလန်ထိပ်သီး (၆)သင်းမှာ လီဗာပူးလ်ကို ဂိုးမသွင်းဖူးသေးပါဘူး
Pyae Phyo Thein

အင်္ဂလန်ကလပ်တွေနဲ့ ရင်ဆိုင်တွေ့ဆုံမှုမှာ မက်ဆီက ဂိုးအများအပြားသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ တွေ့ဆုံမှုမှာတော့ မက်ဆီက ဂိုးမသွင်းယူနိုင်တာကို တွေ့ခဲ့ရပါတယ်။

Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ လီယွန်နယ်မက်ဆီရဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံမှုမှတ်တမ်းက အံ့အားသင့်စရာကောင်းအောင် ရှိနေခဲ့တာကို သိရှိခဲ့ရပါတယ်။ ဘာစီလိုနာ နဲ့ လီဗာပူးလ်တို့ဟာ မေလ (၁)ရက်နေ့မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရတော့မှာဖြစ်ပြီးတော့ မက်ဆီအနေနဲ့ အင်္ဂလန်ကလပ်အသင်းတစ်သင်းနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်း (၄-ဝ)နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မက်ဆီက အသင်းရရှိခဲ့တဲ့ သွင်းဂိုး (၄)ဂိုးစလုံးနဲ့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေနဲ့ ရင်ဆိုင်တွေ့ဆုံမှုမှာ မက်ဆီက ဂိုးအများအပြားသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ တွေ့ဆုံမှုမှာတော့ မက်ဆီက ဂိုးမသွင်းယူနိုင်တာကို တွေ့ခဲ့ရပါတယ်။

အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်၊ မန်စီးတီး၊ စပါးတို့နဲ့ ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့စဉ်အတွင်း မက်ဆီက သွင်းဂိုးတွေ ရရှိခဲ့ပေမယ့် လီဗာပူးလ်နဲ့ (၂)ကြိမ်ရင်ဆိုင်ခဲ့ရာမှာတော့ သွင်းဂိုးတစ်ဂိုးမှ မရရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒ့ါအပြင် မက်ဆီဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ အိမ်ကွင်းပွဲတစ်ပွဲသာ အရေးနိမ့်ခဲ့ဖူးပြီး အဆိုပါပွဲဟာလည်း လီဗာပူးလ်ကို အရေးနိမ့်ခဲ့တာကို တိုက်ဆိုင်စွာ တွေ့ရှိခဲ့ရပါတယ်။

၂၀၀၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်က နူးကမ့်မှာ ဘာစီလိုနာကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ခရိတ်ဘယ်လာမီ နဲ့ ဂျွန်အာနီရစ္စတို့က လီဗာပူးလ်အတွက် ဂိုးတွေသွင်းပေးခဲ့ပါတယ်။ အသက် (၁၉)နှစ်အရွယ်သာ ရှိသေးတဲ့ မက်ဆီကတော့ စပိန်နောက်ခံလူ အာဘီလိုအာရဲ့ ထိန်းချုပ်အောက်မှာ ရှိနေခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့သလို ရှုံးပွဲလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒီတစ်ကြိမ်ပြန်လည်တွေ့ဆုံမှုမှာတော့ မက်ဆီက အတွေ့အကြုံအရရော၊ ခြေစွမ်းအရပါ အကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး လီဗာပူးလ်ကို ဂိုးသွင်းယူကာ အင်္ဂလန်ထိပ်သီးအသင်း (၆)သင်းလုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ချန်ပီယံလိဂ်မှာ မှတ်တမ်းဝင်သွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


loading...

က္က