ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံနေတာပါ။
Kyaw Ko Ko Sint

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အက်သလက်တီကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အရေးနိမ့်ခဲ့ရပါတယ်။

လီဗာပူးအသင်းနဲ့ ၁၆ သင်းအဆင့်မှာ တွေ့ဆုံနေပေမယ့် မိမိတို့အသင်း နောက်တစ်ဆင့်ကို သေချာပေါက် တက်လှမ်းမယ်လို့ အက်သလက်တီကို အသင်း ဂိုးသမား ဂျန်အိုဘလန့်ခ်က ယုံကြည်နေတယ်လို့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။



ပြီးခဲ့တဲ့ ၁၆ သင်းအဆင့် ပွဲတွေမှာတော့အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ကံကောင်းခဲ့ခြင်းတော့ မရှိခဲ့ ပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ၁၆ သင်း အဆင့်မှာတော့ ဂျူဗင်တပ်နဲ့ တွေ့ဆုံခဲ့ပြီး အရေးနိမ့်ခဲ့ကာ လီဗာပူးအသင်းက ချန်ပီယံဘွဲ့ကို ခံယူထားတာပါ။



“အခုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အများကြီး ကျန်ခဲ့ပါပြီ။အခုတွေ့နေတဲ့ လီဗာပူးမှာ မာနေး၊ဆာလာနဲ့ ဖာမီနိုတို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့်လည်း အခုချိန်က ကျွန်တော်တို့အားလုံးရဲ့ စိတ်ဓာတ်တွေ အမြင့်ဆုံး ရောက်နေချိန်ဖြစ်လို့ မစိုးရိမ်ပါဘူး။”လို့ အိုဘလန့်ခ်က ပြောလာပါတယ်။

၁၆ သင်းအဆင့်ရဲ့ အခြားသော ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဒေါ့မွန်-ပီအက်စ်ဂျီ၊ရီးရဲမက်ဒရစ်-မန်စီးတီး၊အတ္တလန္တာ-ဗလင်စီယာ၊ချဲလ်ဆီး-ဘိုင်ယန်မြူးနစ်၊လိုင်ယွန်-ဂျူဗင်တပ်၊စပါး-ဆဲလ်ဘတ်၊နာပိုလီ-ဘာစီ လိုနာ အသင်းတို့ တွေ့ဆုံနေပါတယ်။


Author


က္က