ပထမအကျော့မှာ ဘာစီလိုနာက ၃-၀ နဲ့ အနိုင်ရထားပါတယ်။
Kyaw Ko Ko Sint

လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလာ၊ ဖာမီနိုတို့ ဒုတိယအကျော့မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်တော့ဘူးလို့ နည်းပြ ကလော့ပ်က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ဘာစီလိုနာတို့အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အ တွက် ဘာစီလိုနာအသင်းဟာ ဟေလ်တန်ဟိုတယ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။



လီဗာပူးအသင်း ပရိသတ်အချို့အနေနဲ့ ဘာစီလိုနာအသင်းတည်းခိုတဲ့ အဆိုပါ ဟေလ်တန် ဟိုတယ်ရှေ့ကို ညဖက်ကြီးသွားရောက်ခဲ့ပြီး ဗျောက်အိုးများ ဖွင့်ဖောက်ကာ နှောင့်ယှက်ခဲ့ကြတယ်လိုု့ Daily Mail သတင်းဌာန ကဖော်ပြပါတယ်။ ပရိသတ်တစ်ဦးက ဗျောက်အိုးဖောက်နေရင်း မက်ဆီထတောာ့၊ မက်ဆီထတော့ ဆိုပြီး အော်ဟစ်ပြောဆိုနေတဲ့ အသံဖိုင်ကိုလည်း ဗီဒီယိုထဲမှာ ကြားရတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

လီဗာပူး မြို့လယ်ခေါင်က ဟေလ်တန်ဟိုတယ်မှာ ဘာစီလိုနာအသင်းက တည်းခိုခဲ့တာ ဖြစ်ပြီး ဖြစ်စဉ်ကတော့ အင်္ဂါနေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးပရိသတ် ၁၆၀ လောက် ပါဝင်တဲ့ လူထုဟာ ဟေလ်တန် ဟိုတယ်ရှေ့မှာ သွားရောက်ပြီး ဘာစီလိုနာ အသင်း အိပ်ရေးပျက်စေလိုတဲ့ ရည်ရွယ်နဲ့ ဗျောက်အိုးတွေ ဖောက်ခဲ့ကြတာလို့လည်း သိရပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပထမအကျော့ အဝေးကွင်းမှာ ၃-၀ နဲ့ ရှုှုံးနိမ့်ခဲ့လို့ ဒု-ကျော့မှာတော့ ၂၀၀၅ အင်စတန်ဘူလ်မှာ အေစီမီလန်ကို ၃-၀ အရှုံးကနေ ပြန်လာနိုင်ခဲ့တဲ့ အစဉ်အလာကောင်းကို ပြန်လည်အမှတ်ရပြီး ကစားနိုင်ဖို့ လိုနေပါပြီ။ ဒါပေမယ့်လည်း အရေးကြီးချိန်မှာ အဓိက တိုက်စစ်မှူး ဆာလာနဲ့ ကွင်းလယ်လူ ဖာမီနိုတို့ ပါဝင်နိုင်ဖို့ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်လည်း လီဗာပူးအတွက် အခက်တွေ့နေရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က