အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူပါ။

ဆန်းချက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ခံစားခဲ့ရတယ်လို့ ရူဒါက အတည်ပြုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားပေးရင်း ရရှိခဲ့တဲ့ ဒဏ်ရာမဟုတ်ဘူးလို့လည်း သိရပါတယ်။


အီကွေဒေါကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်မှာ ချီလီအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ ချီလီနည်းပြ ရိန်နယ်ဒိုရူဒါက အတည်ပြုသွားခဲ့ပါတယ်။ ပွဲကစားချိန် (၅၁)မိနစ်မှာ ချီလီအတွက် အနိုင်ဂိုးကို ဆန်းချက်ဇ်က သွင်းယူပေးခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ခံစားခဲ့ရတယ်လို့ ရူဒါက အတည်ပြုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားပေးရင်း ရရှိခဲ့တဲ့ ဒဏ်ရာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရပေမယ့် ဆန်းချက်ဇ်ဟာ လက်ရွေးစင်အသင်းမှာတော့ ခြေစွမ်းပြနေခဲ့ပြီး အုပ်စုပွဲစဉ် နှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

"သူ့ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်၊ အသင်းဆရာဝန်က သူ ဆက်ကစားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး သူ အသင်းအတွက် ဆက်ကစားပေးခဲ့ပါတယ်၊ သူ့အတွက်တော့ အရမ်းအရေးကြီးပါတယ်၊ ဒီဒဏ်ရာက မန်ချက်စတာယူနိုက်တက်မှာ သူ ရရှိခဲ့တဲ့ ဒဏ်ရာမဟုတ်ပါဘူး၊ အခုတော့ သူ့အခြေအနေကို ပွဲအပြီးမှာ စစ်ဆေးမှုပြုလုပ်နေပြီး လာမယ့်ပွဲမှာ သူ ပါဝင်ကစားပေးနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ ရူဒီဂါက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ချီလီဟာ အုပ်စုတွင်းမှာ ရမှတ် (၆)မှတ်နဲ့ ဦးဆောင်နေပြီး ဥရုဂွေးကို အရေးမနိမ့်ခဲ့ဘူးဆိုရင် အုပ်စုပထမနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရူဒီဂါရဲ့ ပြောဆိုမှုအရ ဆန်းချက်ဇ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ဖွယ်မရှိပဲ အသေးစားဒဏ်ရာမျိုးသာဖြစ်မယ်လို့လည်း ခန့်မှန်းရလို့ ဆန်းချက်ဇ်အနေနဲ့ လက်ရှိချန်ပီယံအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

"အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်၊ အဖွင့်ဂိုးကို မြန်မြန်ဆန်ဆန်ရခဲ့တာက ကံကောင်းခဲ့ပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ဖို့တော့ လိုအပ်ခဲ့ပါတယ်၊ ဒီပွဲက နည်းစနစ်ပိုင်းအရ အားပြိုင်ခဲ့ရတဲ့ပွဲပါ" လို့ ရူဒီဂါက ထပ်မံပြောကြားခဲ့ကြောင်း Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။ ချီလီဟာ ကိုပါအမေရိဖလားနောက်ဆုံးနှစ်ကြိမ်ဆက်တိုက် ချန်ပီယံဆုဖလားဆွတ်ခူးထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က