နီးခဲ့ပါလျက်နဲ့ ဝေးကွာခဲ့ရတာပါ။
Pyae Phyo Thein

ကစားသမားဘဝမှာ တစ်ဦးချင်းအောင်မြင်မှုတွေ၊ အသင်းလိုက်အောင်မြင်မှုတွေ အများအပြားရရှိခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားကို မရရှိဖူးတဲ့ နာမည်ကြီး ကစားသမားတွေ အများကြီးရှိပါတယ်။ ကမ္ဘာ့ဖလား၊ လိဂ်အလိုက် အမှတ်ပေးဖလား အစရှိတဲ့ ဖလားတွေကို ပိုင်ဆိုင်ခဲ့ ပေမယ့်လည်း ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေကတော့....။



 

၁။ ရော်နယ်ဒို

Photo : Sportskeeda

 

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို (၂)ကြိမ် ပိုင်ဆိုင်ခဲ့သလို ကမ္ဘာ့ဖလား၊ လာလီဂါဖလားကိုပါ ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုကြီးဟာ ချန်ပီယံလိဂ်အောင်မြင်မှုကိုတော့ အဝေးကပဲ လှမ်းငေးကြည့်ခဲ့ရပါတယ်။ စူပါစတားတိုက်စစ်မှူးတစ်ယောက်အဖြစ် ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပေမယ့် ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာတော့ ရော်နယ်ဒိုတစ်ယောက် မအောင်မြင်ခဲ့ပါဘူး။ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန် အစရှိတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ပေမယ့်လည်း ရော်နယ်ဒိုအတွက်တော့ ချန်ပီယံလိဂ်ဖလားက တေ့လွဲကလေးတွေ လွဲချော်ခဲ့ရပါတယ်။ ၂၀၀၆-၀၇ ဘောလုံးရာသီမှာ အေစီမီလန်အသင်း ချန်ပီယံလိဂ်ရရှိခဲ့စဉ်က ရော်နယ်ဒိုဟာ အေစီကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကနေ မပြောင်းရွှေ့ခင်မှာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ပွဲ ပါဝင်ကစားခဲ့လို့ ဆုတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဘက်က ကာကွယ်ရပ်တည်ပေးခဲ့တဲ့ လူကာကူ 

၂။ ဇလာတန်အီဘရာဟီမိုဗစ်ချ်

Photo : Sportskeeda

 

အသင်း (၇)သင်းကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားဖူးခဲ့တဲ့ မိုဗစ်ချ်ဟာလည်း ဒီဆုဖလားနဲ့ လွဲချော်ခဲ့သူထဲက တစ်ဦးအပါအဝင်ပါ။ ဥရောပရဲ့ ထိပ်ထိပ်ကြဲ ကလပ်အသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်မှာ မတူညီတဲ့ ကလပ်အသင်း (၆)သင်းနဲ့ သွင်းဂိုးရခဲ့တဲ့ ကစားသမားအဖြစ်တော့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘောလုံးနတ်ဘုရာကြီးလို့ အမြဲကြွေးကြော်နေလေ့ရှိတဲ့ ဇလာတန် အတွက်တော့ ချန်ပီယံလိဂ်ဆုဖလား မရရှိခဲ့တာဟာ နစ်နာမှုတစ်ခုဖြစ်သလို အားနည်းချက်လည်း ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက် အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ပေမယ့် ဇလာတန်ဟာလည်း ချန်ပီယံလိဂ်နဲ့ မနီးစပ်ခဲ့ပါဘူး။

 

၃။ ဘတ်ဖွန်

Photo : Sportskeeda

 

စီးရီးအေဖလား (၁၁)ကြိမ်၊ ကမ္ဘာ့ဖလား (၁)ကြိမ် ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဘတ်ဖွန်ဟာလည်း ချန်ပီယံလိဂ်ဖလားနဲ့ နီးလျက်နဲ့ဝေးခဲ့ရပါတယ်။ ချန်ပီယံလိဂ်ပွဲပေါင်း (၁၂၅)ပွဲအထိ ကစားပေးနိုင်ခဲ့ပေမယ့် ဘတ်ဖွန်အတွက် ဒုတိယဆုက အမြင့်ဆုံးသာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲ (၃)ကြိမ် ကစားခဲ့ပေမယ့် ဘတ်ဖွန်ဟာ ပွဲတိုင်းအရေးနိမ့်ခဲ့ပြီး အနီးစပ်ဆုံးအနေအထားကနေ အဝေးကွာဆုံးအဖြစ်ကို ရောက်ခဲ့ပါတယ်။ အေစီမီလန်၊ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့ရတဲ့ ဘတ်ဖွန်အတွက် ကစားသမားဘဝမှာ ဝမ်းနည်းစရာ အကောင်းဆုံးပွဲတွေကို ကြုံတွေ့ခဲ့ရပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ ဒီရာသီမှာ ရယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

 

၄။ ရုဒ်ဗန်နစ္စတယ်ရွိုင်း

Photo : Sportskeeda

 

၁၈ ကိုက်စည်းအတွင်းမှာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးလို့ တင်စားခံခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းမှတ်တမ်းမှာ (၅၆)ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဂိုးအများအပြား သွင်းယူနိုင်ခဲ့ပေမယ့် ဆုဖလားနဲ့ ဝေးကွာခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ အသင်း (၃)သင်းကို ကိုယ်စားပြုပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ PSV ၊ မန်ယူ၊ ရီးရဲလ်တို့နဲ့အတူ နစ္စတယ်ရွိုင်းက ချန်ပီယံလိဂ်ပွဲတွေ ကစားနိုင်ခဲ့ပေမယ့် သူ့အတွက်တော့ ဆီမီးဖိုင်နယ်က အမြင့်ဆုံးအဆင့်ဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ လေဗာကူဆင်နဲ့ တွေ့ဆုံခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ မန်ယူအသင်း ရှုံးနိမ့်ခဲ့ပြီး နစ္စတယ်ရွိုင်းအတွက်တော့ အမြင့်ဆုံးအဆင့်သာ ဖြစ်ခဲ့ရပါတယ်။

 

၅။ ကင်နာဗာရိုး

Photo : Sportskeeda

 

နာမည်ကျော် အီတလီကျောက်ဆောင်ကြီးဟာ ကမ္ဘာ့ဖလား၊ ကမ္ဘာ့အကောင်းဆုံးကစားသမား အစရှိတဲ့ ဆုတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကိုတော့ ဘယ်သောအခါမှ ပိုင်ဆိုင်ခဲ့ရခြင်းမရှိပါဘူး။ ၂၀၀၃ ခုနှစ်မှာ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာက သူ့အတွက် အကြီးမားဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ပါးမားကစားသမားဘဝနဲ့ ကျော်ကြားလာခဲ့ပြီးနောက် ကင်နာဗာရိုးဟာ အင်တာ၊ ဂျူဗီ၊ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့ပေမယ့်လည်း ဆုဖလားရရှိခဲ့ခြင်းမရှိပဲ ဘောလုံးကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာက နှမျောစရာ ကောင်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က