ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ်ပွဲ ကစားဖို့ အထူးပြင်ဆင်သွားမှာပါ၊

ဝေးလ်နဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေအတွက် အခုလို နေးရှင်းလိဂ် ခြေစစ်ပွဲကတော့ အဆင် သင့်မဖြစ်သေးပဲ ကမ္ဘာ့နံပါတ်တစ်နဲ့ ကစားဖို့ဆိုရင် အင်္ဂလန်ရဲ့ အကောင်းဆုံး လူစာရင်းကို ထုတ်သုံးဖို့ လိုတယ် လို့ ဆောက်ဂိတ်က သုံးသပ်ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ယနေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲမှာ နေးရှင်းလိဂ် အုပ်စု ပွဲစဥ် အဖြစ် ယှဥ်ပြိုင် ကစားဖို့ ရှိနေပါတယ်။



ဘယ်လ်ဂျီယံအသင်းက လက်ရှိ ကမ္ဘာ့နံပါတ်တစ် အသင်းတစ်သင်းဖြစ်နေတာကြောင့် လက်ရှိ လူစာရင်းထက် ပိုမို သာလွန်ကောင်းမွန်နိုင်မယ့် လူစာရင်းကို အင်္ဂလန် နည်းပြက ပြောင်းလဲ ပြင်ဆင်သွားမှာလည်း ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်မှာတော့ နည်းပြဆောက်ဂိတ်ဟာ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ဂျော်ဒန်ဟန်ဒါဆင် ၊မက်ဂွဲယား၊ဒီကလန်ရိုက်စ်၊ပစ်ခ်ဖို့ဒ်နဲ့ရက်ရှ်ဖို့ဒ်တို့ကို အားဖြည့်ပြောင်းလဲခေါ်ယူသွားမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းကတော့ ပြီးခဲ့တဲ့ ဝေးလ်နဲ့ ခြေစမ်းပွဲမှာ ၃-၀နဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲမှာ နိုင်ငံတကာပွဲချိန်ပြည့် ပထမဆုံးပါဝင်ကစားခဲ့ကြတဲ့ တိုက်စစ်မှူး ဒေါမနစ်ကယ်လ်ဗက်လီဝင်၊ဒန်နီအင့်စ်၊ဂရီလစ်ရှ်၊ဆာကာတို့ကို ယခု ကစားမယ့် ဘယ်လ်ဂျီယံပွဲမှာတော့ ထပ်မံပြီးတော့ ပွဲထုတ်လာဖို့ မရှိတော့ဖို့ များနေတာပါ။

အခုရင်ဆိုင်ရမယ့်ပွဲက နေးရှင်းလိဂ်မှာ အုပ်စုထိပ်ဆုံးရောက်ဖို့ အရေးပါနေသလို ခြေစမ်းပွဲလည်းမဟုတ်တဲ့အပြင် ကမ္ဘာ့နံပါတ်တစ်အသင်းဖြစ်နေတဲ့အတွက် မိမိတို့ အင်္ဂလန်အသင်းကလည်း အတွေ့အကြုံရင့် အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ဖို့ လိုအပ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောလာပါတယ်။

လက်ရှိမှာတော့ နောက်ခံလူ ဘန်ချီဝဲလ်ကတော့ နာမကျန်းဖြစ်နေလို့ လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် အေဘရာဟင်နဲ့ ဆန်ချိုတို့ကတော့ အသင်းလူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က