သေချာပေါက်ရောက်ရှိနိုင်အောင် ရည်မှန်းထားကြောင်း ပြောခဲ့ပါတယ်။

ဂျာမနီကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ အောင်မြင်မှုမရရှိခဲ့ဘဲ အဲဒီနောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာလည်း ရလဒ််တွေဆိုးရွားနေခဲ့ပါတယ်။


ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုက ဆွစ်ဇာလန်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ဂျာမနီအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ သေချာပေါက်တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသင်းမှာ သိသိသာသာတိုးတက်ဖို့ လိုအပ်နေသေးတယ်လို့လည်း ဂျိုအာချင်လိုက ပြောဆိုသွားခဲ့ပါတယ်။ 



ဂျာမနီကတော့ ဆွစ်ဇာလန်ကို အိမ်ကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပြီးတော့ သရေကျခဲ့တာဖြစ်ပါတယ်။ အသင်းရလဒ်အပေါ် ဂျိုအာချင်လိုက စိတ်ပျက်လက်ပျက်ဖြစ်နေခဲေ့ပမယ့်လည်း သရေရအောင် ပြန်လည်အားထုတ်နိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းကိုတော့ ချီးကျူးခဲ့ကာ ၂၀၂၁ ခုနှစ်အတွင်းကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဆီမီးအဆင့်ထိ ရောက်ဖို့ ပစ်မှတ်ထားထားတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ 

"ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်၊ နှစ်သင်းစလုံးက စွန့်စွန့်စားစားကစားခဲ့ကြရပါတယ်၊ ဒါပေမယ့် အမှားတွေလည်း အများကြီးပါ၊ ဆိုးရွားတဲ့ပုံစံနဲ့ ပွဲကို စတင်ခဲ့ပေမယ့် စစ်မှန်တဲ့ပုံစံနဲ့အတူ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်၊ ဒါကိုမြင်တွေ့ရတာတော့ကောင်းပါတယ်၊ ခံစစ်ပိုင်းက အမှားတချို့လုပ်ခဲ့တယ်လို့ ကျွန်တော်တွေးမိပါတယ်၊ ဒါတွေကို ပြန်ပြီးတော့ဖြေရှင်းဖို့ လိုအပ်ပါတယ်"

"ပွဲကို ကောင်းကောင်းပြန်ကစားနို်င်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး ဒီကနေ သင်ယူစရာတွေရှိနေခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုတွေ၊ ညွှန်ကြားမှုတွေ တိုးတက်ဖို့လိုပါတယ်၊ ယူရိုပွဲကို ကစားရချိန်မှာ တတ်နိုင်သလောက် အမြင့်ဆုံးအဆင့်ထိရောက်ဖို့ ရည်မှန်းထားပါတယ်၊ ဒါပေမယ့် ဆီမီးဖိုင်နယ်ကတော့ သေချာပေါက်ကို ရောက်ရမယ့် အဆင့်ပါ၊ ဒီအသင်းက အများကြီးဖြစ်နိုင်ချေရှိပါတယ်၊ တချို့အရာေလေးတွေ မှန်ကန်ဖို့လိုပြီး စိတ်လှုပ်ရှားတာတွေကို ထိန်းသိမ်းရပါမယ်" လို့ ဂျိုအာချင်လိုက ပြောသွားခဲ့ပါတယ်။ 

ဂျာမနီကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ အောင်မြင်မှုမရရှိခဲ့ဘဲ အဲဒီနောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာလည်း ရလဒ််တွေဆိုးရွားနေခဲ့ပါတယ်။ ယူကရိန်းကို အနိုင်ရခဲ့တဲ့ပွဲဟာ နေးရှင်းလိဂ်မှာ ပထမဆုံးရရှိခဲ့တဲ့ နိုင်ပွဲလည်းဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အုပ်စုတွင်းမှာ အဆင့် ၂နေရာ ရပ်တည်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က