အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ ပေါ်တူဂီက ဆွီဒင်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုမပါဝင်လည်း ဘာမှမပြောင်းလဲသွားဘူလို့ ဆွီဒင်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ ပေါ်တူဂီက အနိုင်ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ်လည်း ဖာနန်ဒက်စ်က ရော်နယ်ဒိုလိုကမ္ဘာ့အကောင်းဆုံးကစားသမားပါဝင်ခဲ့မယ်ဆိုရင်တော့ နိုင်ပွဲရဖို့က ပိုမိုလွယ်ကူတယ်လို့ ပြောခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဒီအိုဂိုဂျိုတာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပေါ်တူဂီက နိုင်ပွဲရခဲ့ပြီး နေးရှင်းလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ အုပ်စုတွင်းမှာ ပြင်သစ်အထက်ကနေ ရပ်တည်ကာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီပွဲကို နေအိမ်ကနေ ကြည့်ရှုအားပေးခဲ့ပြီး အသင်းနိုင်ပွဲရခဲ့လို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ လေ့ကျင့်မှုကို ရော်နယ်ဒိုက အားပေးကြည့်ရှုခဲ့ကာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီဖြစ်စေခဲ့ပြီး သူမပါဝင်နိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီက ဂိုးပြတ်အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ထိပ်တန်းအသင်းတစ်သင်းပုံစံကိုလည်း ပြသနိုင်ခဲ့ပါတယ်။