နာကျင်အချိန်ပိုသွင်းဂိုးနဲ့ အဝေးကွင်းမှာ သရေရလဒ်ရရှိခဲ့တာပါ။

၂ဂိုး သွင်းခံထားရတာကို နောက်က လိုက်ကစားပြီး မဆုတ်မနစ် ကြိုးစားကာ သရေရလဒ် ရရှိအောင် စွမ်းဆောင် ပြခဲ့တဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို နည်းပြဇီဒန်းက သဘောကျနေတာ ဖြစ်ပြီး ဒီပုံစံအတိုင်းဆိုရင် ၁၆သင်း အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မယ်လို့လည်း ဇီဒန်းက ပြောပါတယ်။

မိုချမ်ဂလာဘတ်အသင်းကို ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲက အသင်းရဲ့ ခြေစွမ်းကို သံသယမရှိပဲ အချိန်တန်ရင် ၁၆သင်း အဆင့်ကို တက်လှမ်းမယ်ဆိုတာ ယုံကြည်ထားကြောင်း နည်းပြ ဇီဒန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြော သွားတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။



ရီးရဲအနေနဲ့ မိုချမ်နဲ့ပွဲမှာ ၂ဂိုးအရင်ပေးခံထားရပြီး နောက်က လိုက်ကစားခဲ့ရကာ ကာစီမီရိုရဲ့ နာကျင်အချိန်ပို သွင်း ဂိုးကြောင့်သာ သရေရလဒ် ရရှိခဲ့တာပါ။

“သရေကျလဒ်က ထိုက်တန်ပါတယ်၊နောက်ထပ် ပိုကောင်းလာမယ်လို့လည်း ထင်ပါတယ်၊အဓိကက ၂ဂိုးအရှုံးမှာ အသင်းရဲ့ ရုန်းကန်ပြတဲ့ အပြုအမူကို ကြိုက်ပါတယ်။ပွဲတစ်ခုလုံး ခြုံကြည့်ရင် ကျွန်တော်တို့ ကစားမှုကောင်းပါ တယ်။မနိုင်တာတော့ တချို့ အသုံးမချနိုင်ခဲ့တာလေးတွေ ရှိတာပေါ့။ကျွန်တော်တို့ရဲ့ အစီအစဥ်ကို ယုံကြည်ပါ တယ်။”လို့ နည်းပြဇီဒန်းကတော့ ပြောခဲ့ပါတယ်။

သရေကလဒ်ကြောင့် ရီးရဲဟာ ချန်ပီယံလိဂ် ၂ပွဲကစားပြီးချိန်မှာ တစ်ပွဲသရေ၊တစ်ပွဲရှုံး ရမှတ် ၁မှတ်သာရထားပြီး အဆင့် ၄နဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

“အခုပွဲ သရေကျတယ်ဆိုပေမယ့် ကစားပုံကောင်းပြီး ဒီပုံစံအတိုင်း ဆက်လက် တည်ဆောက်ထားမယ်ဆိုရင် ကျွန် တော်တို့ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့လည်း ဇီဒန်းက ဆိုပါသေးတယ်။

ယခုပွဲမှာတော့ ဒဏ်ရာကြောင့် နားနေရတဲ့ အီဒင်ဟာဇက်ကို နည်းပြဇီဒန်းက ပထမဆုံးအကြိမ် ထည့်သွင်း ကစားစေခဲ့ပါတယ်။

Share

Loading Next Article...
က္က