နှစ်သင်းစလုံး ချန်ပီယံလိဂ် အုပ်စုတွင်း နှစ်ပွဲစီ ကစားထားရာမှာ ရှုံးပွဲလုံးဝမရှိထားပေမယ့် ဒဏ်ရာပြဿနာတွေ များပြားနေတဲ့ လီဗာပူးအတွက် ဘာဂါမိုမြေက လွယ်လွယ်နဲ့တော့ ရမှတ်အပြည့်ရနိုင်မယ့်မြေ ဖြစ်မနေပါဘူး။

လီဗာပူးအသင်းဟာ ၂၀၁၈-၁၉ ခုနှစ်ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို မနှစ်က ဘောလုံးရာသီမှာလည်း နှစ်ပေါင်း ၃၀ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဆုဖလားကြီးကို ကိုင် မြှောက်နိုင်ခဲ့ပါပြီ။



ယခုနှစ်မှာလည်း အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဆက်လက်ချီတက်နေပေမယ့် ရာသီအစပဲ ရှိနေသေးချိန် အဓိက ကစားသမားအချို့ ဒဏ်ရာ ပြင်းထန်စွာရရှိနေကြတာက ယခုနှစ်အတွက် အဓိက အဟန့်အတား ဖြစ်နေစေပါ တယ်။

အဓိက နောက်ခံလူ ဗန်ဒိုက် ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေရပြီ ဖြစ်သလို အခြား နောက်ခံလူ ဖြစ်တဲ့ ဖာဘင်ဟိုလည်း အလားတူ နားနေရပါတယ်။

ယနေ့ညမှာတော့ အီတလီကလပ် အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ ရှိနေပြီး ဒါဟာ နှစ်သင်းကြား ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

ဒီလိုအချိန်မှာ အသင်းရဲ့ အဓိက ကစားသမားအချို့ ဒဏ်ရာရနေသလို နောက်ထပ် အဓိက ကစားသမားတွေ ဖြစ်တဲ့ နောက်ခံလူ မာတစ်ပ်နဲ့ကွင်းလယ်လူ ကီတာတို့ကလည်း ကြံ့ခိုင်မှု စစ်ဆေးခြင်း နောက်ဆုံး အဖြေ မထွက် လာသေးပဲ ရှိနေပါတယ်။

“သူတို့ နှစ်ဦးနဲ့ ပတ်သက်ပြီး အသင်းကို ခေါ်ယူဖို့အတွက်ကတော့ ဆေးဌာနရဲ့ မီးစိမ်းပြမလား၊လိမ္မော်လား၊အနီ လားဆိုတာာ စောင့်ရပါမယ်။”လို့ နည်းပြ ကလော့ပ်က ဆိုပါတယ်။

အခြားကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ သီယာဂိုလ်အယ်လ်ကန်တာရာကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဥ်ကိုတောင် ဒူးဒဏ်ရာကြောင့် မပူးပေါင်းထားနိုင်ဘူးလို့ သိရပါတယ်။

ဒီလိုအချိန်မှာ ခြေစွာပြီး မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်တဲ့ အတ္တ လန်တာလို အသင်းမျိုးနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရမယ့် လီဗာပူးအတွက် အခက်တွေ့စေနိုင်မှာပါ။

“သူတို့ဟာ တကယ့် အသင်းကောင်းတစ်သင်းပါ၊သူတို့အသင်းလိုက် ကစားဟန်ကို ၁၀၀ရာခိုင်နှုန်း အသုံးပြု ကစားပါတယ်၊လူတိုင်း ကိုယ့်တာဝန်ကိုယ် အပြည့်ကျွမ်းကျင်ကြပါတယ်။သူတို့ပွဲတွေကိုကြည့်ပြီး လေ့လာရ တာ ကျွန်တော် အရမ်းပျော်မိပါတယ်။တကယ်စိတ်ဝင်စားဖို့ ကောင်းအောင် ကစားကြပါတယ်။”လို့ ကလော့ပ်က ဆက် လက်သုံးသပ်ပြပါတယ်။

လီဗာပူးအတွက် ပွဲကြပ်တွေ ဆက်တိုက် ရင်ဆိုင်ထားရပြီး နိုင်ပွဲဆက်နေပေမယ့် ယခု ကစားမယ့်ပွဲကတော့ ၁၈ရက် အတွင်း ၆ပွဲမြောက် အဖြစ် ကစားရမှာပါ။

အနည်းငယ် ပွဲပန်းလာဖွယ်ရှိနေပြီး ဒါဟာ အိမ်ရှင်အဖြစ် ဧည့်ခံ ကစားမယ့် အတ္တလန်တာအတွက် အခွင့်အရေး ဖြစ်နိုင်ပြီး ဒဏ်ရာရတွေ များနေတာကလည်း ကလော့ပ်အတွက် အားနည်းချက် ဖြစ်နေစေမှာပါ။

လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက် အနိုင်ရထားပြီး အေဂျက်ကို ၁-၀၊မစ်ဂျ်လန်းကို ၂-၀တို့နဲ့ နိုင်ထားကာ အတ္တလန်တာကတော့ မစ်ဂျ်လန်းကို ၄-၀၊အေဂျက်ကို ၂-၂ သရေ ကစားထားပါတယ်။

Share

Loading Next Article...
က္က