ဖာမီနို နဲ့ ဂျိုတာတို့ရဲ့ အနေအထားအပေါ် မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်အတွက် လူစားဝင်ကစားသမားအဖြစ်နဲ့ ခြေစွမ်းပြနေတဲ့ ဂျိုတာဟာ ပွဲထွက်ခွင့်ရချိန်မှာလည်း ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ဖာမီနိုရဲ့ နေရာကိုခြိမ်းခြောက်ပြခဲ့ပါတယ်။


အတ္တလန္တာကို အဝေးကွင်းမှာ ဒီအိုဂိုဂျိုတာရဲ့ ဟက်ထရစ်အပါအဝင် ငါးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့နောက်မှာ လီဗာပူးလ်နည်းပြကလော့ပ်က အရည်အသွေးကောင်းမွန်မှုတွေက သူ့ကို ဘယ်တော့မှ ခေါင်းမကိုက်စေဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကလော့ပ်ဟာ ဖာမီနိုကို ချန်လှပ်ထားခဲ့ပြီး ဂျိုတာကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်အတွက် လူစားဝင်ကစားသမားအဖြစ်နဲ့ ခြေစွမ်းပြနေတဲ့ ဂျိုတာဟာ ပွဲထွက်ခွင့်ရချိန်မှာလည်း ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ဖာမီနိုရဲ့ နေရာကိုခြိမ်းခြောက်ပြခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ လာမယ့်ပွဲတွေအတွက် လူရွေးချယ်မှုမှာ သူ့အတွက်တော့ ဘာပြသနာမှမရှိဘူးလို့ ပါးပါးနပ်နပ်နဲ့ ပြောဆိုသွားခဲ့ပါတယ်။ 

"အရည်အသွေးကောင်းမွန်မှုတွေက ကျွန်တော့်ကို ဘယ်တော့မှ ခေါင်းမကိုက်စေပါဘူး၊ ဒီညဆုံးဖြတ်ချက်က ရှင်းရှင်းလေးပါပဲ၊ ဒီအိုဂိုက ပုံစံကောင်းပြနေပြီး သူ့ကို ပထမဆုံးအနေနဲ့ အသုံးပြုဖို့ဆိုတာက အဓိပ္ပာယ်ရှိပါတယ်၊ နောက်တခုက အတ္တလန္တာလို ခံစစ်ကစားပုံကောင်းတဲ့ အသင်းနဲ့ပွဲမှာ ဒီအိုလိုလို ကျွမ်းကျင်မှုပြည့်ဝတဲ့သူကို ကျွန်တော်တို့ အသုံးပြုသင့်ပါတယ်"


"ကမ္ဘာကြီးက တခါတလေမှာ ဆိုးရွားမှုရှိပါတယ်၊ တယောက်ယောက်က တောက်ပနေတဲ့အခါမှာ ကျွန်တော်တို့က ပွဲ ၅၀၀ လောက်ကို ဆက်တိုက်ကစားပေးနိုင်တဲ့သူတစ်ယောက်အကြောင်းကို ချက်ချင်းပြောနေကြတယ်၊ ဘော်ဘီ (ဖာမီနို) သာမရှိခဲ့ရင် ကျွန်တော်တို့ ချန်ပီယံလိဂ်တောင် ကစားခွင့်ရမှာမဟုတ်ဘူး၊ သူက အသင်းရဲ့ ကစားသမားပါ"

"လီဗာပူးလ်က ဘာထူးခြားတာလဲလို့ ကမ္ဘာပေါ်က လူအများကြီးကို မေးကြည့်ရင် သူတို့က ခင်ဗျားကို ဖာမီနိုကစားနေတာကြောင့်လို့ ပြောကြပါလိမ့်မယ်၊ ဒီနေ့ညမှာ ဒီအိုဂိုက စူပါကစားသမားပါ၊ စူပါဂိမ်းတစ်ခုကို ကစားပြခဲ့ပါတယ်၊ ဒါပေမယ့် ဘော်ဘီအကြောင်း ဘာမှပြောစရာမရှိပါဘူး၊ ကျွန်တော့်ကိုလည်း ဘာအတွက်နဲ့မှ ခေါင်းကိုက်စေမှာမဟုတ်ပါဘူး" လို့ ကလော့ပ်က ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က