နည်းပြဟောင်းဖြစ်သူက ဖွင့်ဟပြောဆိုခဲ့တာပါ။

ဂျိုတာကတော့ လီဗာပူးလ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၁၁ပွဲကစားပြီးချိန်မှာပဲ ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရပြီဖြစ်ပါတယ်။ 


ပေါ်တူဂီကလပ် ပါကော့စ်ဖာရဲရားအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျိုတာရဲ့ နည်းပြဟောင်းက ပေါ်တူဂီကြယ်ပွင့်ဟာ ရော်နယ်ဒိုရဲ့ နေရာကိုဆက်ခံမယ့်သူဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျော့ဆီမာအိုလို အမည်ရတဲ့နည်းပြဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဂျိုတာကို ရော်နယ်ဒိုနေရာဆက်ခံမယ့်သူလို့ ပြောဆိုခဲ့ကြောင်းနဲ့ သူပြောဆိုခဲ့ဖူးတဲ့ သတင်းရဲ့ Link ကို ဂျိုတာက သိမ်းဆည်းထားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 



အသက် ၂၃နှစ်အရွယ် ဂျိုတာဟာ ပါကော့စ်အသင်းမှာကစားနေစဉ်အတွင်း အက်သလက်တီကိုမက်ဒရစ်ရဲ့ မျက်စိကျခြင်းကိုခံခဲ့ရပြီး ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း စပိန်ကလပ်မှာ နေရာမရခဲ့တာကြောင့် ပေါ်တိုကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ကာ အဲဒီကမှတဆင့် ဝုလ်ကို ရောက်ရှိခဲ့ပြီး ခြေစွမ်းပြနေခဲ့လို့ လီဗာပူးလ်က အပြီးသတ်ဝယ်ယူခဲ့ကာ ဒီရာသီမှာ ထူးရှယ်ခြေစွမ်းတွေကို ပြသနေတာလည်းဖြစ်ပါတယ်။ 

The Athletic သတင်းဌာနကို ဂျော့ဆီမာအိုက "စစ်မှန်တဲ့ရည်ရွယ်ချက်မရှိဘဲ အခု ဂျိုတာလုပ်နေသလိုမျိုး ဘယ်သူကမလုပ်နိုင်ပါဘူး၊ ၂၀၁၆ အတွင်း ပေါ်တိုနဲ့ သူ စာချုပ်ချုပ်တေ့ာ ပေါ်တူဂီဝက်ဘ်ဆိုက်တစ်ခုကို ကျွန်တော်ပြောခဲ့ဖူးတာရှိတယ်၊ ကျွန်တော့်အတွက် ဂျိုတာက ရော်နယ်ဒိုရဲ့နေရာကို ဆက်ခံမယ့်သူပဲ၊ အဲဒီတုန်းက ဒီလိုပြောဆိုတာက တော်တော်လေးတော့ ကြီးမားတဲ့စကားလုံးဖြစ်ခဲ့ပါတယ်"

"ဘာလို့လဲဆိုတော့ သူက ပါကော့စ်အတွက်ပဲ ကစားပေးထားရသေးပြီး အေတီကိုမှာလည်း အချိန်ကောင်းမပိုင်ဆိုင်ခဲ့ဘူးလေ၊ လီဗာပူးလ်က သူ့ကိုခေါ်ယူချိန်မှာ ကျွန်တော် သူ့ဆီကို ဂုဏ်ပြုမက်ဆေ့ချ်ပို့ခဲ့ပါတယ်၊ သူက ငါးစက္ကန့်လောက်ကြာတော့ ကျွန်တော့်ကို ပြန်ပို့ခဲ့ပြီး သူက ရော်နယ်ဒိုနေရာကို ဆက်ခံမယ့်သူလို့ ပြောခဲဲ့တဲ့ သတင်းရဲ့ Link ပါ ပါလာခဲ့ပါတယ်"

"သူ့ဆီကနေ ပထမဆုံးပို့လိုက်တဲ့ မက်ဆေ့ချ်ပါ၊ ဒီသတင်းကို သူ မှတ်သားထားခဲ့ပုံရပါတယ် (Bookmark)၊ မယုံကြည်နိုင်လောက်အောင်ပါပဲ၊ သူ ဒါကို လုံးဝမမေ့ခဲ့ဘူး" လို့ ပြောသွားခဲ့ပါတယ်။ ဂျိုတာကတော့ လီဗာပူးလ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၁၁ပွဲကစားပြီးချိန်မှာပဲ ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရပြီဖြစ်ပါတယ်။ 



က္က