ဒီဇင်ဘာ ၁၇ရက်နေ့မှာ ဆုရရှိသူကို သိရပါမယ်။

ဆုရရှိသူကိုတော့ ဒီဇင်ဘာ ၁၇ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး လက်ရှိ ဆန်ခါတင် ၁၁ ဦး စာရင်းမှာတော့ ရိုးရာမပျက် ကစားသမားတွေ ပါဝင်နေဆဲပါ။

၂၀၂၀ ခုနှစ်အတွက် ဖီဖ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် စာရင်းကို ယနေ့မှာ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ရက်နေ့မှာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပြီး ဥရောပ အကောင်းဆုံးဆု ရရှိထားတဲ့ လီဝန်ဒေါစကီး၊မနှစ်က ၂၀၁၉ဆုကို ရရှိထားတဲ့ လီယွန်နယ်မက်ဆီ၊ရော်နယ်ဒိုနဲ့ ဆာလာတို့လည်း ရိုးရာမပျက် ပါဝင်လာတာ တွေ့ရပါ တယ်။

အခြား ပါဝင်လာသူတွေအဖြစ် လီဝန်ရဲ့ ကစားဖော်ဟောင်း သီယာဂိုအယ်ကန်တာရာ၊ဆာလာရဲ့ ကစားဖော်တွေ ဖြစ်ကြတဲ့ မာနေး၊ဗန်ဒိုက်၊မန်စီးတီးမှ ဒီဘရိုင်း၊ရီးရဲမက်ဒရစ်မှ အသင်းခေါင်းဆောင် ရာမို့စ်၊လိပ်ကလေး ဘတ်ပေ နဲ့ ဘောလုံး မှော်ဆရာလေး နေမာတို့ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုရှင် ဆန်ခါတင်စာရင်းလည်း ထွက်ပေါ်လာပြီး လီဗာပူးမှ အယ်လီဆန်၊ကော်တိုရစ်၊နာဗက်စ်၊နူအာ၊အိုဘလန့်ခ်နဲ့ သားစတီးဂန်းတို့ ပါဝင်လာပါတယ်။

ဒီဆုတွေထဲမှာ အံ့အားသင့်ဖွယ်ပါဝင်လာသူကတော့ ကမ္ဘာ့အကောင်းဆုံး နည်းပြ ဆုစာရင်းမှာ ပါဝင်လာတဲ့ လိဒ် ယူနိုက်တက်ကို ယခုနှစ်မှာ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ဘီရယ်လ်ဆာပဲ ဖြစ်ပါတယ်။ အခြားနည်းပြတွေကတော့ ဖလစ်ခ်၊ကလော့ပ်၊လော့ပ်တီဂီ၊ဇီဒန်းတို့ ဖြစ်ပြီး အမျိုးသားဆုတွေနည်းတူ အမျိုးသမီး ဆုတွေလည်း ထွက်ပေါ်လာပါတယ်။

အမျိုးသား အကောင်းဆုံး ဘောလုံးသမားဆုအတွက်တော့ ဥရောပဆုကို ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်က ရေပန်းစားနေပြီး ဘလွန်းဒီအောဆုကိုတောင် ရရှိသင့်သူလို့ သမုတ်ခံထားရသူပါ။ ဘလွန်းဒီအောဆုက ဒီနှစ်မှာ ပေးအပ်ချီးမြှင့်ခြင်း မရှိတာကြောင့် လီဝန်အတွက် ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိခဲ့မယ်ဆိုရင် သူအပါအဝင် သူ့ပရိသတ်တွေအားလုံး ဖြေသာကြမယ်လို့ ယူဆရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က