လီဝန်ဒေါစကီး ရသင့်တယ်လို့ ဘောလုံးလောကတစ်ခုလုံး သုံးသပ်ထားတာပါ။
Kyaw Ko Ko Sint

လီဝန်ကတော့ ဥရောပအကောင်းဆုံးကစားသမားဆုကို ရရှိထားခဲ့ပြီး ဖီဖာ အကောင်းဆုံးကစားသမားဆု အတွက်လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ထားပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတစ်ဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ယခုနှစ်မှာ ပေးအပ်ချီးမြှင့်တော့ခြင်း မရှိတဲ့အပေါ် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ စိတ်ပျက်လျက်ရှိနေပါတယ်။

 ၂၀၁၉-၂၀ဘောလုံးရာသီဟာ သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ပြီး ဘောလုံးရပ်ဝန်းမှာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဟာ လီဝန် ဖြစ်သင့်တယ်လို့ သုံးသပ်နေကြပါတယ်။

ပြိုင်ပွဲစုံမှာလည်း ၅၅ဂိုးအထိသွင်းယူနိုင်ခဲ့သလို ကလပ်အသင်းနဲ့လည်း ဥရောပနဲ့ပြည်တွင်းအောင်မြင်မှုတွေကို သိမ်းကြုံးရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဥရောပအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိထားပြီဖြစ်တဲ့ လီဝန်ဟာ ကမ္ဘာ အကောင်းဆုံး ဆုအတွက်လည်း ထိပ်ဆုံးကရေပန်းစားနေတာပါ။

ဒါပေမယ့်လည်း ၁၂လတာ ကာလအတွင်း ကိုဗစ်ရိုက်ခတ်မှုကြောင့် ကမ္ဘာဘောလုံးဇာတ်ခုံမှာ အပြောင်းအလဲများ စွာ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ပြင်သစ်မဂ္ဂဇင်းက အဆိုပါဆုအတွက် ပေးဖို့ လက်တွန့်နေခဲ့တာပါ။

“ယခုနှစ်အတွက် ဘလွန်းဒီအော မရှိတော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့သူရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းစောလွန်းပါတယ်။ အခြားဆုတွေကတော့ ပုံမှန်အတိုင်းပေးနေချိန် သူတို့ တစ်ခုပဲ မပေးဖို့ ဆုံးဖြတ်တာကို စိတ်ပျက်တာပါ။ ကျွန်တော် ဒီဆုကို ရဖို့ ထိုက်တန်တယ်ဆိုတာ နည်းပြတွေ၊ကစားသမားတွေ၊ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေ အားလုံး သိထားပြီးသားပါ။ ကျွန်တော်ရဲ့ ထူးချွန်စွာ စွမ်း‌ဆောင်ခဲ့မှုတွေအတွက် အသိအမှတ်ပြုပေးခဲ့ကြသူများကို ကျေးဇူး တင်ပါတယ်။တိုက်စစ်မှူးမရှိတဲ့အသင်းနဲ့ အသင်းမရှိတဲ့ တိုက်စစ်မှူးဟာ အလုပ်မဖြစ်တာ အတူတူပါပဲ။တစ်ဦး ချင်းဆုတံဆိပ်တိုင်းဟာ အသင်းအတွက်ပါပဲ။”လို့ လီဝန်က Daily Mail သတင်းဌာနကိုပြောခဲ့ပါတယ်။

ယခုနှစ်မှာတော့ လီဝန်ဟာ ဖီဖာက ပေးအပ်မယ့် ဖီဖာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းမှာလည်း ပါဝင်ထားပါတယ်။

မနှစ်က ဘိုင်ယန်နှင့်အတူ ဆွတ်ခူးခဲ့တဲ့ ဘွန်ဒက်လီဂါ၊ပိုကယ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ယခုနှစ်မှာကာကွယ် ဖို့ ကြိုးစားရင်း ဒီဆုဟာ သူနဲ့ ထိုက်တန်တယ်ဆိုတာကို ဆက်လက်ပြသသွားရမှာပါ။


Author


က္က