နည်းပြ နှစ်ဦးရဲ့ ၁၂ကြိမ်မြောက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာပါ။

ဇီဒန်းကတော့ ဆီမြွန်နီနဲ့ ၁၁ကြိမ်တွေ့ဆုံထားရာမှာ ၅ပွဲနိုင် ၄ပွဲသရေ ၂ပွဲရှုံးထားပြီး ယခု ၁၂ကြိမ်မြောက် တွေ့ဆုံ ချိန်မှာတော့ ဆီမြွန်နီရဲ့ အက်သလက်က အမှတ်ပေးဇယားကို ဦးဆာင်ထားပါတယ်။

ယနေ့ည(တနင်္ဂနွေနံနက်)၂နာရီခွဲမှာတော့ မက်ဒရစ်ဒါဘီပွဲအဖြစ် ရီးရဲနဲ့ အက်သလက်တို့ ရီးရဲအသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ထိပ်တိုက်ရင်ဆိုင်ရပါတော့မယ်။



ဒီပွဲစဥ်ဟာ အသင်းနှစ်သင်းထက် နည်းပြနှစ်ဦးရဲ့ ကမ္ဘာမကြေ စီးချင်းထိုးပွဲဆိုရင်လည်း မမှားပါဘူး။ ဇီဒန်းဟာ နည်းပြ ဘဝမှာ ဆီမြွန်နီနဲ့ ၁၁ကြိမ်ရင်ဆိုင်ထားပြီး ၅ကြိမ်နိုင် ၄ကြိမ်သရေကျပြီး ၂ကြိမ်အရေးနိမ့်ထားလို့ ထိပ်တိုက် တွေ့ဆုံ မှုအရ အသာရထားတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ လာလီဂါ ၁၀ပွဲကစားပြီးချိန် ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ ရှုံးပွဲ လုံးဝမရှိထားပဲ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ရီးရဲအသင်းကတော့ ၆ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှုံးပြီး ရမှတ် ၂၀နဲ့ အဆင့် ၄နေရာမှာ အက်သလက်ထက် တစ်ပွဲပိုကစားပြီး ၆မှတ်လျော့ ရပ်တည်နေပါတယ်။

“မနှစ်က လိဂ်ဖလားကို ကျွန်တော်တို့ ဆွတ်ခူးခဲ့တာကြောင့် ဒီနှစ်မှာ ကာကွယ်ချင်ပါတယ်။ကာကွယ်ဖို့ကိုလည်း ရာသီကုန် သွားတဲ့အထိ အစွမ်းကုန်ကြိုးစားမှာပါ။”လို့ ဇီဒန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှစ်သင်းစလုံးဟာ ယခုပွဲမတိုင်မီ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေ ကစားခဲ့ပြီး နှစ်သင်းစလုံး ၁၆သင်းအဆင့်ကို တက်လှမ်း ထားနိုင်ကြပါတယ်။

“အက်သလက်ဟာ ချန်ပီယံ ဖြစ်ထိုက်တဲ့အသင်းဆိုတာ ပြသသင့်ပါတယ်။လက်ရှိမှာလည်း အမှတ်ပေးဇယားကို ဦးဆောင် နေတယ်။သူတို့ဟာ ကျွန်တော်တို့အတွက် အမြဲတမ်း ပြိုင်ဖက်ကောင်းပါ။ဒါကိုလည်း ကောင်းကောင်းသိထားပါတယ်။ ဒီရာ သီမှာတော့ ချန်ပီယံ ဖြစ်ဖို့ သူတို့လည်း ရေပန်းစားနေပါတယ်။”လို့ ဇီဒန်းက ဆက်လက်ပြောပါတယ်။

နှစ်သင်းကြား လာလီဂါ နောက်ဆုံး ၄ကြိမ် တွေ့ဆုံထားရာမှာတော့ နှစ်ပွဲသရေကျထားပြီး ရီးရဲက နှစ်ပွဲနိုင်ထားလို့ အက် သလက်အနေနဲ့ ဒီတစ်ကြိမ်မှာ ပြန်လည်အသာစီးရယူပြနိုင်ဖို့ လိုနေပါတယ်။

ရီးရဲအသင်းအနေနဲ့ ယခုတွေ့ဆုံမယ့် မက်ဒရစ်ဒါဘီအတွက် အသင်းခေါင်းဆောင် ရာမို့စ်ကို ပြန်ရထားပြီး ဗယ်လ်ဗာဒီ၊ကာ ဗာဂျယ်လ်တို့ ပြန်လည်ပါဝင်လာဖို့ မသေချာ ဖြစ်နေဆဲပါ။

ဒါပေမယ့် အတိုက်စစ်မှူး ဟာဇက်၊လူကာဂျိုဗစ်နဲ့မာရီယာနိုဒိုက်စ်နဲ့ အိုဒီဂတ်စ်တို့ကိုတော့ ဆက်လက် လက်လွှတ်ထား ရမှာပါ။

အက်သလက်ဖက်မှာလည်း ဂျီမီနက်ဇ်၊မာနူဆန်းချက်ဇ်၊ကော်စတာတို့ကို လက်လွှတ်ထားရဖို့ ရှိနေတာကြောင့် နှစ်သင်း ကြား ဒဏ်ရာရ ပွဲပန်းနေမှုတွေလည်း ဆတူရှိနေပါတယ်။

နည်းဗျူဟာ အခင်းအကျင်းနဲ့ ပွဲချည်းကပ်မှု သာလွန်တဲ့ အသင်းကတော့ ဒီပွဲမှာ အသာရသွားဖို့ ရှိနေပြီး နည်းပြ နှစ်ဦးရဲ့ ၁၂ ကြိမ်မြောက် တွေ့ဆုံမှုမှာ အနိုင်ရမှာက ဘယ်သူလဲဆိုတာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။



က္က