လီဝန်ဒေါစကီးက ဆွတ်ခူးခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တိုနီဟေးကတော့ ပထမဦးစားပေးမှာ လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့ပြီး အသင်းခေါင်းဆောင် ကျော်ဇင်ထက်ကတော့ ရော်နယ်ဒိုကို ရွေးချယ်ထားတာ တွေ့ရပါတယ်။

၂၀၂၀ ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆုပေးအပ်မှုကိုတော့ ယနေ့ မနက်အစောပိုင်းက ကျင်းပခဲ့ရာမှာ တစ်နှစ်တာာ အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို လီဝန်ဒေါစကီးက ဆွတ်ခူးရရှိခဲ့ပါတယ်။



ဒီဆုအတွက် မက်ဆီ၊ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့အ ပြိုင် ဖြစ်နေပြီး လီဝန်ဒေါစကီးက ရရှိခဲ့တာပါ။

ဒီဆုကိုတော့ မဲစနစ်နဲ့ ပေးအပ်တာ ဖြစ်ပြီး ဖီဖာအဖွဲ့ဝင် နိုင်ငံတွေရဲ့ အသင်းခေါင်းဆောင်များ၊နည်းပြချုပ်များနဲ့ မီဒီယာ တွေက ရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဦးလျှင် ပထမဦးစားပေး၊ဒုတိယဦးစားပေးနဲ့တတိယဦးစားပေးဆိုပြီး မဲ ၃မဲ ပေးပိုင်ခွင့်ရှိပြီး ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ သူတွေကလည်း အခြားသူတွေကို ပေးရတာပါ။

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ပထမဦးစားပေး ဆုရရှိသင့်သူနေရာမှာ လီဝန်ဒေါစကီးကို ထည့်သွင်းခဲ့ပြီး ဒုတိယအဖြစ် မက်ဆီနဲ့ တတိယမှာတော့ ဘတ်ပေတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း မက်ဆီကတော့ သူ့ရဲ့ ဘာစီလိုနာ ကစားဖော်ဟောင်း နေမာကိုသာ ပထမဦးစားပေးအဖြစ် ရွေးချယ် ခဲ့ပြီး ဒုတိယနေရာမှာ ဘတ်ပေနဲ့ တတိယနေရာမှာတော့ လီဝန်ဒေါစကီးကို ထည့်သွင်းထားခဲ့တာ တွေ့ရပါတယ်။


မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ကျော်ဇင်ထက်ကတော့ ရော်နယ်ဒိုကို ပထမဦးစားပေးနေရာမှာ ရွေးချယ်ထား ပြီး၊ဒုတိယနေရာမှာ လီဗာပူး တိုက်စစ်မှူး မာနေးနဲ့ တတိယနေရာမှာ ဘတ်ပေတို့ကို ရွေးချယ်ပေးခဲ့တာတွေ့ရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တိုနီဟေးကတော့ ပထမဦးစားပေးအဖြစ် လီဝန်ဒေါစကီးကို မဲပေးခဲ့ပြီး ဒုတိယနေရာမှာ မာနေးနဲ့တတိယနေရာမှာ ဆာလာတို့ကို အသီးသီး ရွေးချယ်ပေးခဲ့ပါတယ်။

၂၀၂၀ခုနှစ်အတွက် အကောင်းဆုံးဆုကို ရရှိခဲ့တဲ့ လီဝန်ဒေါစကီးကတော့ မနှစ်က ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၇ပွဲမှာ ၅၅ဂိုးအထိသွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်၊ဘွန်ဒက်စ်လီဂါ၊ပိုကယ်စတဲ့ အဓိက ဆုဖလားကြီး ၃လုံးကိုလည်း ပိုင် ဆိုင်နိုင်ခဲ့သူပါ။

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆု နာမည်နဲ့ ဆုပေးအပ်မှုကိုတော့ ၂၀၁၆ခုနှစ်မှာ စတင်တာဖြစ်ပြီး ၂၀၁၆နဲ့၁၇မှာ ရော်နယ် ဒိုက ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၈မှာ မိုဒရစ်ရရှိခဲ့ပြီး ၂၀၁၉မှာတော့ မက်ဆီနဲ့ ယခုနှစ် ၂၀၂၀မှာတော့ လီဝန်ဒေါစကီးက ဆွတ်ခူးခဲ့တာကြောင့် ရော် နယ်ဒိုဟာ ဒီဆုကို ၂ကြိမ်နဲ့ အများဆုံး ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က