ပုံမှန် လူစားလဲမှု ၅ဦးပြည့်ပြီးမှ အသုံးပြုခွင့်ရှိမှာပါ။
Kyaw Ko Ko Sint

ပုံမှန် လူစားလဲမှု ပြည့်ပြီးမှ အသင်းရဲ့ ကစားသမားတချို့ ဒဏ်ရာပြင်းထန်စွာရသွားပြီး ဆက်မကစားနိုင်တော့ ချိန် မှာ လက်ကျန်မိနစ်ကို လူလျော့ပြီး ကစားစရာ မလိုပဲ အရေးပေါ် လူစားလဲမှုရရှိမယ့် စည်းမျဥ်းအသစ်ဖြစ်ပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပမယ့် ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေးပေါ် လူစားလဲမှု စည်းမျဥ်းသစ်ကို စတင်စမ်းသပ် ကျင့်သုံးသွားမယ်လို့ သိရပါတယ်။

အသင်းတစ်သင်းစီဟာ ပွဲတစ်ပွဲလျှင် အရေးပေါ် လူစားလဲမှု တစ်ကြိမ်စီ ပြုလုပ်နိုင်မှာ ဖြစ်ပြီး ဒီလို ပြုလုပ်ခွင့်ဟာ လည်း ပုံမှန် လူစားလဲမှု ပြည့်ပြီးမှ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ယခု ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေးပေါ်လူစားလဲမှုကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါက အခြားသောပြိုင် ပွဲတွေမှာလည်း ဆက်လက်ကျင့်သုံးပေးသွားမှာပါ။

အသင်းတစ်သင်းစီလျှင် ပုံမှန်လူစားလဲမှု ၅ကြိမ်စီ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့်လည်း အများဆုံး ၃ကြိမ်သာ လူစားလဲ ခွင့်ပြုမှာ ဖြစ်ပါတယ်။

အခု ကျင့်သုံးမယ့် အရေးပေါ်လူစားလဲမှုဟာ လူစားလဲမှု ၅ဦးပြည့်ပြီးနောက် အသင်းမှ ကစားသမားတစ်ဦး မဖြစ် မနေ လူစားလဲဖို့ လိုလာခဲ့ရင် လဲခွင့်ရမယ့် စည်းမျဥ်းဖြစ်ပြီး ပြိုင်ဖက်အသင်းလည်း မနစ်နာအောင် တစ်ချိန်တည်း မှာ လူစားလဲမှု လိုက်ပါ ပြုလုပ်နိုင်တယ်လို့ သိထားရပါတယ်။

ယခုကျင်းပမယ့် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို‌တော့ ဖီဖာ ကွန်ဖက်ဒရေးရှင်းဇုန်အသီးသီးက ကလပ် ချန်ပီယံ ဖြစ်တွေ ဖြစ်ကြတဲ့ မက္ကစီကိုမှ တီဂရက်စ်၊အီဂျစ်မှ အယ်ဟန်နီ၊ဂျာမနီမှ ဘိုင်ယန်မြူးနစ်၊တောင်ကိုရီးယားမှ အူလ် ဆန်၊နယူးဇီလန်မှ အော့ကလန်စီးတီးနဲ့ အိမ်ရှင် ကာတာကလပ် အယ်လ်ဒူဟိုင်းလ်အသင်းတို့ ပါဝင်မှာပါ။

လာမယ့် ဇန်နဝါရီ ၂၃-၂၃မှာ ကျင်းပမယ့် အင်္ဂလန် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြိုင်ပွဲကျရင်လည်း အဆိုပါ အရေးပေါ် လူစားလဲမှု စည်းမျဥ်းကို စမ်းသပ် အသုံးပြုစေမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က