ချယ်လ်ဆီးကနေပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းမပြနိုင်သူပါ။
Pyae Phyo Thein

ရီးရဲလ်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂ဂိုးသာ ရရှိထားတဲ့ ဟာဇက်ဟာ ဒဏ်ရာကြောင့် မကြာခဏအနားယူရနေပြီး သူ့အတွက်ပေးချေခဲ့ရတဲ့ တန်ဖိုးနဲ့ မလျော်ညီတဲ့ ခြေစွမ်းတွေကိုသာ ပြသနေခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက အသင်းမှာခြေစွမ်းမပြနိုင်သေးတဲ့ ဟာဇက်အပေါ် စိတ်ရှည်ရှည်ထားပေးဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ ယုံကြည်မှုကျဆင်းနေတဲ့ ဘယ်လ်ဂျီယံသားဟာ ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားပွဲကိုလည်း ပါဝင်ကစားခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိခဲ့ကာ ဝေဖန်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ 



ရီးရဲလ်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂ဂိုးသာ ရရှိထားတဲ့ ဟာဇက်ဟာ ဒဏ်ရာကြောင့် မကြာခဏအနားယူရနေပြီး သူ့အတွက်ပေးချေခဲ့ရတဲ့ တန်ဖိုးနဲ့ မလျော်ညီတဲ့ ခြေစွမ်းတွေကိုသာ ပြသနေခဲ့ပါတယ်။ ချယ်လ်ဆီးမှာ လျှမ်းလျှမ်းတောက်ခဲ့ပေမယ့် ဘာနေဗျူးမှာတော့ ဟာဇက်ဟာ သာမန်ကစားသမားတစ်ဦးအဆင့်သာရှိနေခဲ့ပြီး အားလုံးရဲ့မြင်ကွင်းကနေပါ မှေးမှိန်နေခဲ့ပြီဖြစ်ပါတယ်။

ဘီလ်ဘာအိုနဲ့ပွဲအပြီးမှာ ဇီဒန်းက "သူ ယုံကြည်မှုပြန်ရဖို့ လိုအပ်နေပါတယ်၊ ပွဲကောင်းတစ်ပွဲ ဒါမှမဟုတ် သွင်းဂိုးတစ်ဂိုးလောက်ရခဲ့မယ်ဆိုရင်တော့ အားလုံးကကွဲပြားခြားနားသွားမှာပါ၊ သူက ဘယ်လိုကစားသမားကောင်းလဲဆိုတာ ကျွန်တော်တို့သိထားပြီး သူ့အပေါ် ကျွန်တော်တို့ စိတ်ရှည်ပေးဖို့ လိုအပ်ပါတယ်" လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

"သူ့နောက်မှာ ကျွန်တော်တို့ ရပ်တည်ပေးနေမှာပါ၊ ပြီးတော့ သူ့အတွက် အချိန်လည်းပေးထားမှာပါ၊ ပရိသတ်တွေကလည်း အီဒင်ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ချင်နေတာကြောင့် စိတ်ရှည်ရှည်ထားရပါလိမ့်မယ်၊ ဒီနေ့ကတော့ အီဒင်ရဲ့နေ့မဟုတ်ခဲ့ပါဘူး၊ ကျွန်တော်တို့အားလုံး အတူတကွရှိနေကြမှာပါ' လို့ ဇီဒန်းက ပြောဆိုခဲ့ပါတယ်။ 

ဟာဇက်ကတော့ ချယ်လ်ဆိးကစားသမားဘဝမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြသမှုတွေကြောင့်လည်း ရီးရဲလ်က ရော်နယ်ဒိုနေရာမှာ အကောင်းဆုံးအစားထိုးနိုင်မယ်လို့ မျှော်လင့်ကာ ခေါ်ယူခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က