ဘဏ္ဍာရေးဆိုင်ရာ အမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
Kyaw Ko Ko Sint

အသက် ၈၄နှစ်အရွယ် ဘလတ္တာဟာ ဖီဖာဥက္ကဌ ဖြစ်စဥ်က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်း ချိုးဖောက်မှုနဲ့ တာဝန်က ရပ်ဆိုင်းခြင်းခံထားရသလို အမှုလည်း ရင်ဆိုင်နေရသူပါ။

ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာဟာ နှလုံးခွဲစိတ်မှုကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလတုန်းကခံယူခဲ့ရပြီး ကိုမာဝင်ကာ မေ့မြောနေခဲ့တယ်လို့ သမီးဖြစ်သူက ထုတ်ဖော်ပြောလာပါတယ်။



အသက် ၈၄နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဘလတ္တာဟာ မနှစ်က နှောင်းပိုင်းမှာ ကိုဗစ်ကူးစက်ခံခဲ့ရသေးပြီး အခု တစ်ပတ် အတွင်းမှာတော့ အခြေအနေ တိုးတက်လာလို့ အထူးကြပ်မတ်ကုသဆောင်မှ ထွက်ခွာခွင့်ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

“ဆရာဝန်တွေကတော့ အဖေ့ရဲ့လက်ရှိအခြေအနေကို ကျေနပ်နေကြပါတယ်။ဒါပေမယ့် ပြန်ကောင်းဖို့တော့ အတော်လေး ကြာပါဦးမယ်။ဘဝမှာ ဖြတ်သန်းခဲ့ဖူးသမျှ ခရစ္စမတ်ကာလတွေထဲမှာ အခုကာလက အဆိုးရွားဆုံး နဲ့ စိတ်အညစ်ရဆုံးပါပဲ။”လို့ ဘလတ္တာရဲ့သမီးက ဆွစ်မီဒီယာကိုပြောပါတယ်။

ဘလတ္တာဟာ ၂၀၁၅ခုနှစ်မှာ ဖီဖာဥက္ကဌရာထူးကနေ အနားယူခဲ့သူ ဖြစ်ပေမယ့်လည်း အဲ့ဒီကတည်းက အမှုတွေနဲ့ လည်း ရင်ဆိုင်နေရသူပါ။

ဆွစ်ဇာလန်ဖက်ဒရယ်အစိုးရ ရှေ့နေမှ အမှုဖွင့် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း ဖီဖာက သူ့ကို ရာဇဝတ်မှုဖြင့် ထပ်မံ တိုင်ကြားခဲ့တယ်လို့လည်းသိရပါသေးတယ်။

နောက်ဆုံးအမှုကတော့ ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မှာရှိတဲ့ ကမ္ဘာ့ဘောလုံးပြတိုက်နဲ့ပတ်သက်တဲ့ ငွေကြေး အရှုပ် အရှင်း ကိစ္စတွေ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလမတိုင်ခင်အထိ ဖွင့်လှစ်ခဲ့ခြင်း မရှိတဲ့အတွက်လည်း အမေရိကန်နဲ့ ဆွစ်ဇာ လန်အားကစားအရာရှိတွေက ဘလတ္တာ ဥက္ကဌရာထူးက အနားယူစဥ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာပါ။

“ပြတိုက်နဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေကို သူအခုထိ မသိရှိသေးပါဘူး။ဒါဟာ ကောင်းတဲ့အချက်လို့ပဲ ထင်ပါ တယ်။မလိုအပ်တဲ့ ကိစ္စတွေအတွက်စိုးရိမ်တုန်လှုပ်စရာလည်း မလိုဘူးလေ။”လို့ ဘလတ္တာရဲ့ သမီးက ဆက်လက် ပြောပါသေးတယ်။

အခုတစ်ကြိမ် သမီးဖြစ်သူ ပြောလာခြင်းဟာ ဖခင်ဖြစ်သူ ဖီဖာဥက္ကဌဟောင်းရဲ့ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောပြလာခြင်းလို့လည်း သိရပါတယ်။

လာမယ့် အပတ်အတွင်းထဲမှာတော့ ဖီဖာနဲ့ ဥက္ကဌဟောင်းတို့ရဲ့ အမှုရုံးချိန်စစ်ဆေးဖို့ ရှိနေပြီး လက်ရှိမှာတော့ ဘလတ္တာဟာ ကျန်းမာရေးမကောင်းလို့ တရားခွင် တက်နိုင်ဖို့ မရှိပါဘူး။

ဘလတ္တာဟာ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေးတွေကြောင့် ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၂၀၁၅ ခုနှစ်မှာ တာဝန်က ဦးစွာ ရပ်ဆိုင်းလိုက်ပါတယ်။

အဲ့နောက်ပိုင်းမှာ ဘလတ္တာဟာ ကျန်းမာရေး ဆိုးရွားလာပြီး အသက်သေဆုံးဖို့အထိ နီးစပ်ခဲ့တယ်လို့လည်း သမီး ဖြစ်သူက ပြောပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က