ဘူဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ပြင်းထန်စွာ ဒဏ်ရိုက်ပါတော့မယ်။

ဘူဂေးရီးယား ပရိသတ်တွေရဲ့ အပြုအမူဆိုးတွေကြောင့် ဘူဂေးရီးယား ဝန်ကြီးချုပ်က ဘောလုံးအသင်း ဥက္ကဌ ဘိုရီဆလဗ်ကို ရာထူးက နှုတ်ထွက်စေခဲ့ပါတယ်။

ဘူဂေးရီးယား ဘောလုံးအသင်း ဥက္ကဌ ဘိုရီဆလဗ်မီဟေးလ်လော့ဗ်ကတော့ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ဒီလို နှုတ်ထွက်ဖို့ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဘူဂေးရီးယားက အင်္ဂလန်ကို အိမ်ကွင်းမှာ ၆-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲ မှာ ဘူဂေးရီးယား ပရိသတ်တွေက အင်္ဂလန်ကစားသမားတွေကို လူမျိုးရေးခွဲခြားမှု အပြုအမူတွေ ပြုမူခဲ့တာရဲ့  နောက်ဆက်တွဲ ဖြစ်စဉ်လို့ သိရပါတယ်။

ဘူဂေးရီးယား ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုကြောင့်ပွဲကစားနေစဉ်အတွင်း ပွဲကို ၂ ကြိမ်တိတိ ရပ်နားခဲ့ရတယ်လို့ိသိရပါတယ်။

ဘူဂေးရီးယား ပရိသတ်တွေက အင်္ဂလန်ကစားသမားတွေကို နာဇီအလေးပြုဟန်တွေနဲ့ လှောင်ပြောင်ခဲ့ သလို မျောက်အော်သံတွေလည်း ပြုမူခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း အင်္ဂလန်ကစားသမားတွေကို နည်းပြ ဆောက်ဂိတ်က ပြန်လည်စုစည်းပြီး စကားခေါ်ပြောခဲ့သလို ကစားသမားဘ၀ ပထမဆုံး နိုင်ငံတကာပွဲကစားခဲ့တဲ့ တိုင်ရွန်မင်းက ဦးစွာ စတင် လူမျိုးရေးခွဲခြားခံခဲ့ရတာပါ။

ကွင်းအတွင်း လူမျိုးရေး ခွဲခြားသံတွေကြောင့် ယခုလို ဆက်လက်ပြုမူနေမယ်ဆိုရင် ပွဲဖျက်လိုက်ရပါမယ်လို့ ကြေညာချက် အကြိမ်ကြိမ်ထုတ်ခဲ့ပေမယ့်လည်း အပြုအမူဆိုးတွေကိုတော့ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

ဒီဖြစ်စဉ်အပေါ် ဘူဂေးရီးယား ဘောလုံးအသင်းက ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပေမယ့် လူမျိုးရေး ခွဲခြားခဲ့ တယ်လို့တော့ မသတ်မှတ်ထားပါဘူး။

ဒီအပေါ်မှာတော့ ဘူဂေးရီးယား ဝန်ကြီးချုပ်က ကြီးမားစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ဖော်ပြောခဲ့သလို ဘူဂေးရီးယား ဘောလုံးအသင်း ဥက္ကဌကိုလည်း ရာထူးက နှုတ်ထွက်စေလိုက်ပါတယ်။

“ BFU ရဲ့ ဥက္ကဌ ဘိုရီဆလဗ် နှုတ်မထွက်မချင်း BFUကို အခြား အဆက်သွယ်အားလုံးဖြတ်တောက်ထားပါ မယ်။” လို့ ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘူဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ယူအီးအက်ဖ်အေက ပြစ်ဒဏ် ပိုမို ပြင်းထန်စွာ ချမှတ်တော့မယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က