ရီးရဲရောပီအက်စ်ဂျီရော မနှစ်က ၁၆သင်းအဆင့်က ထွက်ခဲ့ရတာပါ။

ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့ လီဗန်တေးနဲ့ပွဲမှသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးထားနိုင်ပေ မယ့် လာမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲကိုတော့ ပွဲထွက်ပါဝင်လာမယ်လို့ ဇီဒန်းက အတည်ပြုလိုက်တာာပါ။

ရီးရဲအသင်းရဲ့ အဓိကကစားသမားတစ်ဦးလို့ ပြောရမယ့် ဒီနှစ်မှ ချဲလ်ဆီးအသင်းကနေ အသစ်ခေါ်ယူထားတဲ့ ဟာဇက်အနေနဲ့ ပီအက်စ်ဂျီနဲ့ ကစားမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်ကို ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ဇီဒန်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြ လာပါတယ်။



ဟာဇက်အနေနဲ့ ပြီးခဲ့တဲ့ဇွန်လကမှ ရီးရဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် ပေါင်ခြံ ဒဏ်ရာကြောင့် ရီးရဲနဲ့ ပထမဆုံး လာလီဂါပွဲစဉ်ကို ပြီးခဲ့တဲ့ လီဗန်တေးကို အနိုင်ရတဲ့ပွဲမှာ လူစားဝင်အဖြစ် စကစားနိုင်သူလည်း ဖြစ်ပါတယ်။

“ မနက်ဖြန် ဘယ်လိုကစားမလဲ သိနိုင်မှာပါ၊ ဒါပေမယ့် ဟာဇက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ အခုဆို ကျွန်တော်တို့ လေ့ကျင့်ရေးကောင်းကောင်းမွန်မွန်လုပ်ဆောင်နေပါပြီ။” လို့ ဇီဒန်းက သတင်းစာရှင်းလင်း ပွဲမှာ ပြောသွားတာပါ။

ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် နွှဲရမယ့်အပေါ် ဟာဇက်အနေနဲ့ အဆင်မပြေမှုနဲ့ ကြုံနိုင်ပေမယ့်သူက အသင်းအတွက် ဂိုးသွင်းယူပေးမယ့်သူဖြစ်ကြောင်း၊ဒါပေမယ့်လည်း ဘောလုံးမှာ ဂိုးသွင်းနိုင်ဖို့က သူ့အတွက် သိပ်အရေးမကြီးကြောင်းလည်းဇီဒန်းက ဆက်လက် ပြောဆိုခဲ့ပါသေးတယ်။



ပီအက်စ်ဂျီနဲ့ရီးရဲ့ အသင်းတို့ကတော့ ချန်ပီယံလိဂ် အုပ်စု (က)မှာ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ပေမယ့်လည်း နည်းပြဇီဒန်းကတော့ ပီအက်စ်ဂျီအသင်းက ပိုမို ရေပန်းစားကြောင်း ပြောခဲ့ ပါသေးတယ်။

“ ပီအက်စ်ဂျီက ပိုရေပန်းစားပါတယ်၊ သူတို့က တကယ့်အသင်းကြီးပါ၊ သူတို့က အရမ်းကို အန္တရာယ်များတဲ့အသင်းပါ တစ်ခါတရံ မထင်မှတ်တဲ့ ရလဒ်တွေလည်း ပုံဖော်တတ်ပါတယ်။” လို့ ဇီဒန်းက ဆက်လက် ပြောခဲ့ပါတယ်။

ရီးရဲအသင်းကတော့ မနှစ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အေဂျက်ကို အရေးနိမ့်ပြီး ထွက်ခဲ့ရသလို ပီအက်စ်ဂျီကလည်း မန်ယူကို ၁၆ သင်းအဆင့်မှာပင် အရေးနိမ့်ပြီး ထွက်ခဲ့ရတာပါ။

Share

Loading Next Article...
က္က