Google စစ်တမ်းအရ ရီးရဲအသင်းက ရှာဖွေမှု အများဆုံး အသင်းလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၃ နှစ်ဆက် ပထမဆုံးရယူတဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးနောက် ဒီနှစ်မှာ ရီးရဲအသင်းက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။



Photo - Marca

 

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများဆုံးကို ခံရတဲ့ကလပ် အသင်း အဖြစ် ရပ်တည်နေတယ်လို့သိရပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ VAR စနစ်ကို ထပ်မံ မြင်တွေ့ရဖို့ရှိနေ 

အဆိုပါ စစ်တမ်းကိုတော့ Google က ဖော်ထုတ်ပေးခဲ့တာ ဖြစ်ပြီး Google ကနေတဆင့် ရီးရဲအသင်းကို ရှာဖွေမှု အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo - Marca

 

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ရီးရဲမက်ဒရစ်အသင်းကို ကမ္ဘာ့နိုင်ငံပေါင်း ၉၇ နိုင်ငံက ရှာဖွေခဲ့ကြပြီး ဥရောပ၊အာရှ၊အာဖရိကနဲ့ အမေရိကန် နိုင်ငံတို့ ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

ဥရောပတစ်ခွင်မှာဆိုရင်တော့ ဆွစ်ဇာလန်၊ရုရှား၊ဆားဘီးယားနဲ့ခရိုအေးရှားတို့က အများဆုံး ဖြစ်တယ်လို့လည်းသိရပါတယ်။အကြောင်းရင်းက တော့ ခရိုအေးရှားကစားသမား လူကာမိုဒရစ်ကြောင့်လို့လည်းသိရပါတယ်။

Photo - Marca

 

လက်ရှိမှာတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ရော်နယ်ဒို အသင်းပြောင်းသွားလု့ိ အသင်းကို စိတ်ဝင်စားမှု လျော့ကျမယ့် အခြေအနေ နဲ့ ရင်ဆိုင်နေရပေမယ့်လည်း လက်ရှိအချိန်ထိတော့ ရီးရဲအသင်းက စိတ်ဝင်စားမှု အခံရဆုံးရှိနေဆဲပါပဲ။

ရီးရဲမက်ဒရစ်အသင်းပြီးရင်တော့ ၎င်းရဲ့နောက်မှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးအသင်းတွေကတော့ လီဗာပူး၊မန်စီးတီးနဲ့ အာဆင်နယ်အသ သင်းတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

အထူးသဖြင့်တော့ ရီးရဲအသင်းကို အမေရိကန်နဲ့ ကနေဒါဒေသတို့မှာ အပြည့်အလျှံအားပေးမှုတွေ ရှိနေတယ်လို့ သိရပြီး တောင်အမေရိက နိုင်ငံတွေ ဖြစ်တဲ့ ကိုလံဘီယာ၊ပီရူး၊ချီလီ၊ဘိုလီဗီးယား၊နဲ့ ပါရာဂွေးနိုင်ငံတို့ကလည်း အားပေးမှုနှုန်း မြင့်မားတယ်လို့ သိရပြန်ပါတယ်။

အာဖရိကတိုက်မှာဆိုရင်လည်း ရီးရဲအသင်းကသာ အများဆုံး လွှမ်းမိုးထားပြီး၎င်းရဲ့နောက်မှာတော့ အာဆင်နယ်နဲ့ မန်ယူအသင်းတို့က ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးအသင်းတွေ ဖြစ်နေပါတယ်။

အာရှတစ်တိုက်လုံးကတော့ ရီးရဲအသင်းကို စိတ်ဝင်စားမှု အရှိဆုံးဖြစ်ပြီး အာဆင်နယ်နဲ့ မန်ယူကတော့ လက်ကျန် စိတ်ဝင်စားမှုတွေကို ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က