မနက်ဖြန် အင်္ဂါ‌နေ့ ယူအီးအက်ဖ်အေ အစည်းအဝေးမှာ ဖိအား‌ပေးသွားမယ်လို့ ဆိုပါတယ်။

စီးရီးအေပွဲကို ရက်ရွှေ့ထားလို့ ဇွန် ၃၀မှ ပြီးပြတ်နိုင်မှာ ဖြစ်ပြီး ယူရိူ၂၀၂၀က ဇွန် ၁၂မှာစတင်မှာဖြစ်လို့ ပွဲတိုက် နေပါတယ်။

လာမယ့် ဇွန်လထဲမှာ ကျင်းပဖို့ ရှိနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ပွဲရွှေ့ပေးဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က တောင်းဆို လာခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



အခုလို တောင်းဆိုရတာကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ထားတဲ့ အီတလီစီးရီးအေကို ပြီးပြတ်အောင် ကစားစေလိုတာကြောင့်လို့ ဆိုပါတယ်။

အခုတောင်းဆိုချက်ကိုတော့ လာမယ့် ယူအီးအက်ဖ်အေနဲ့ ပြုလုပ်မယ့် အင်္ဂါနေ့အစည်းအဝေးမှာ အရေးပေါ် ဖိအား ပေးတောင်းဆိုသွားမယ်လို့ အီတလီစီးရီးအေဥက္ကဌ ဂရာဗီနာက ပြောလာပါတယ်။

“ကျွန်တော်တို့ ယူရို ၂၀၂၀ပွဲကို ရွှေ့ပေးဖို့ ယူအီးအက်ဖ်အေကို အစွမ်းကုန် တောင်းဆိုသွားမှာပါ။တစ်ချိန်တည်းမှာ ပဲ လက်ကျန် စီးရီးအေ ပွဲတွေကို ပြီးပြတ်အောင် ကစားနိုင်ဖို့လည်း လုပ်‌ဆောင်သွားပါမယ်။ဒါမှသာ ပိုမှန်တိကျမှန် ကန်ပြီး မျှတတဲ့ လုပ်ဆောင်ချက် ဖြစ်မယ်လို့ယုံကြည်တဲ့အတွက်ပါ။”လို့ ဂရာဗီနာက ပြောလာပါတယ်။

ယူအီးအက်ဖ်အေအနေနဲ့ ဗီဒီယို အစည်းအဝေးအတွက် အဖွဲ့ဝင် ၅၅ နိုင်ငံကို ဖိတ်ခေါ်ထားပြီး ဇွန် ၁၂ကနေ ဇူလိုင် ၁၂ အထိ ကျင်းပမယ့် ယူရိုပွဲကို ရွှေ့ဖို့ကိစ္စကို ဆွေးနွေးဆုံးဖြတ်ကြမှာပါ။

စီးရီးအေကို ရက်နောက်ဆုံးထားလို့ ဇွန်လ ၃၀မှသာ ပြီးပြတ်နိုင်တော့မှာ ဖြစ်ပြီး ယူရိုကိုသာ မရွှေ့ရင် နိုင်ငံအတွက် စီးရီးအေက ကစားသမားတွေကို ကိုယ်စားပြုဖို့ ခက်သွားမှာပါ။

လက်ရှိမှာ စီးရီးအေကို ဧပြီလ ၃ ရက်နေ့အထိ ပွဲရွှေ့ထားကာ အကယ်လို့ စီးရီးအေကို မေလဆန်းမှ ပြန်စမယ်ဆိုရင် လေ့ကျင့်မှုတွေကို မပြုလုပ်စေတော့ပဲ ကစားသမားတွေကိုလည်း ကြံ့ခိုင်မှု ရရှိအောင် အိမ်ပြန် အနားယူစေမယ်လို့ ဥက္ကဌက ဆိုပါသေးတယ်။

အီတလီကတော့ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံး နိုင်ငံ ဖြစ်ပြီး တနင်္ဂနွေနေ့က ရရှိတဲ့သတင်းအရ ၃၆၈ ဦးကျော် သေဆုံးသွားနှင့်ပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က