နစ်နာ‌ကြေးအဖြစ် ‌ယူရိုပြိုင်ပွဲကျင်းပရေးကို ပေးရမှာပါ။
Kyaw Ko Ko Sint

ယူရိုကို မူလသတ်မှတ်ထားတာက ဇွန်၁၂က စတင်ပြီး နိုင်ငံ ၁၂နိုင်ငံမှာ လှည့်ပတ်ကျင်းပကာ ဗိုလ်လုပွဲကိုတော့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ ကျင်းပဖို့စီစဥ်ထားတာပါ။

ဇွန်လအတွင်း ကျင်းပဖို့ရှိတဲ့ ယူရိုပွဲကို ရွှေ့ရမယ်ဆိုရင် ရွှေ့ဖို့ အကြောင်းရင်း ဖန်လာစေခဲ့တဲ့ ကလပ်အသင်းနဲ့ လိဂ်ပြိုင်ပွဲကျင်းပရေး ကော်မတီတွေက ယူရိုပြိုင်ပွဲကျင်းပရေး ကော်မတီကို ပေါင် ၂၇၅ သန်း ပေးလျော်ရဖို့ ရှိနေ တယ်လို့Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

အခုပေးလျော်ရမယ့် ပမာဏအရဆိုရင် ယူရိုပြိုင်ပွဲကို ၁၂လလောက်နောက်ဆုတ်ဖို့ လိုတယ်လို့ အစိုးရအဖွဲ့အစည်း ဖက်က နားလည်ထားပြီး ဒီအရာကို အရေးပေါ် အစည်းအဝေးမှာ ချက်ခြင်းအကြောင်းကြားသွားမယ်လို့လည်း သိရပါတယ်။

အရေးပေါ်အစည်းအဝေးကို ဒီကနေ့(အင်္ဂါနေ့)မှာ ဗီဒီယို အစည်းအဝေးပုံစံမျိုးနဲ့ ကျင်းပပြုလုပ်သွားဖို့ ရှိနေတယ် လို့လည်း သိရပါတယ်။

လက်ရှိမှာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်တန်းလိဂ်အသီးသီးအနေနဲ့လည်း ဆက်လက်ကျင်းပဖို့၊ရပ်နားဖို့ ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲနေတဲ့ ကာလတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌကလည်း မနေ့က သတင်းမီဒီယာတစ်ခုနဲ့တွေ့ဆုံရာမှာ ယူရိုပြိုင်ပွဲကို နောက် ဆုတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောထားတာရှိပါတယ်။

ဥရောပရဲ့ ထိပ်တန်းလိဂ်တွေက ပုံမှန်အတိုင်းဆိုရင် မေလထဲမှာ ပြီးပေမယ့် အခုအချိန်မှာ တစ်လကျော်လောက် နောက်ဆုတ်ထားရလို့ ဧပြီလ ၃ ရက်နေ့မှာပြန်စရင် အနည်းဆုံး ဇွန် ၃၀မှ ပြီးတော့မှာပါ။

ဒါဆိုရင် ဇွန် ၁၂စမယ့် ယူရိုပြိုင်ပွဲကို ဘယ်လိုမှ ကျင်းပနိုင်မှာ မဟုတ်တာကြောင့် လိဂ်ပြိုင်ပွဲပြီးချိန်နဲ့ ယူရိုပြိုင်ပွဲစ ချိန်တို့ကို ညှိနိုင်ဖို့ တစ်ခုခုကို ဆက်လက်နောက်ဆုတ်ဖို့ လိုနေတာပါ။

ဒါကြောင့် လက်ရှိမှာ ယူအီးအက်ဖ်အေအနေနဲ့ ဥရောပဘောလုံးအသင်းများအဖွဲ့အစည်း၊လိဂ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဖြစ်နိုင်ဖွယ်စတင်မှုကို အဖြေရှာရတော့မှာပါ။

အလားတူပဲ ဥရောပကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်တို့ကိုလည်း ပြန်ကစားဖို့ ဆုံးဖြတ်ရ တော့မှာပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲကို မူလသတ်မှတ်ထားတာက ဇွန် ၁၂ ကနေ ဇူလိုင် ၁၂အထိ နိုင်ငံ ၁၂နိုင်ငံမှာ လှည့်ပတ်ကျင်းပ သွားမှာ ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကိုတော့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာကျင်းပသွားဖို့ စီစဥ်ထားတာပါ။

လက်ရှိမှာ ယူရိုနည်းတူ ရပ်နားဖို့ ရှိနေတဲ့ ပြိုင်ပွဲတွေကတော့ နေးရှင်းလိဂ်ပြိုင်ပွဲ၊ဥရောပ ယူ-၂၁နဲ့အမျိုးသမီး ဥရောပချန်ပီယံရှစ်တို့ရှိနေသေးပြီး ၂၀၂၂ ကို ရွှေ့ဆိုင်းရနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က