• Local Sports
    အောင်သူရဲ့ လက်ဒဏ်ရာ သက်သာလာပြီ
Kyawko Ko
[Unicode Version]

လက်ဖနောင့်ရိုးအက်တဲ့ ဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပြီး ကာတာနိုင်ငံကို ထွက်ခွာသွားတဲ့အသင်းမှာ လိုက်ပါသွားပေမယ့်လည်း ဒီနေ့အထိတော့ အသင်းနဲ့အတူ ပွဲထွက်ကစားထားနိုင်ခြင်းမရှိသေးပါဘူး။

44298347_1220147954790681_1534128332054986752_o.jpg

Photo - MFF

 

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အောင်သူကတော့ ထိုင်းလိဂ်မှာ ကစားစဉ် ကလပ်အသင်းနဲ့ ရရှိထားတဲ့ လက်ဒဏ်ရာ ကြောင့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ထားရပါတယ်။

ကမ္ဘာ့အဆင့် ၃ ဆင့် လျော့ကျခဲ့တဲ့ မြန်မာ 

အောင်သူအနေနဲ့ ထိုင်းလိဂ်မှာ ကစားစဉ် ပြိုင်ဖက်အသင်းရဲ့ ဂိုးသမားနဲ့ထိခိုက်မိပြီး လက်ဖနောင့်ရိုးအက်တဲ့ ဒဏ်ကို ခံစားနေရတာလို့ သိရပါ တယ်။

44349785_1220147734790703_5283923003833319424_o.jpg

Photo - MFF

 

အခုတော့ ဒီဒဏ်ရာက ပြန်လည်သက်သာလာနေပြီလို့ သိရပြီး အသင်းနဲ့အတူလည်း လေ့ကျင့်ခန်းတွေ ပူးပေါင်းနေနိုင်ပြီလို့ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မကြာခင်မှာ ကစားဖို့ရှိနေတဲ့ ဆူဇူကီးဖလားပြိုင်ပွဲကြီးအတွက် အောင်သူတစ်ယောက် အဆင်သင့်အနေအထားကို မကြာခင်မှာ ရောက်ရှိတော့မှာလည်း ဖြစ်ပါတယ်။

44870800_1224865974318879_1437505973215297536_o.jpg

Photo - MFF

 

မြန်မာအသင်းကတော့ ကာတာနိုင်ငံကို ရောက်ရှိနေပြီး ခြေစမ်းပွဲ ၅ ပွဲကစားမယ်လို့ သိရပါတယ်။ ဒီနေ့အထိတော့ ခြေစမ်းပွဲ ၂ ပွဲကစားပြီးရာ မှာ တစ်ပွဲရှုံး တစ်ပွဲသရေကျထားပါတယ်။

မနက်ဖြန်မှာ ကတာ တပ်မတော်အပျော်တမ်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့တုန်းက ကစားခဲ့ရာမှာတော့ ဒီအသင်းကို တစ်ဖက် ၂ ဂိုးစီ သရေကစားထားပါတယ်။

မနက်ဖြန်ပွဲကို မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မှာ ကစားမှာလို့သိရပြီး လေ့ကျင့်ရေးခြေစမ်းပွဲသဘောမျိုးသာ ကစားမှာ ဖြစ်လို့ ဘယ်လိုင်း ကမှ ထုတ်လွှင့်ပြသနိုင်မှာတော့ မဟုတ်ပါဘူး။

မြန်မာအသင်းအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆူဇူကီးအဖွင့်ပွဲကစားရဖို့ရှိနေပြီး အဲ့နောက် ၁၆ ရက်နေ့မှာ လာအိုအသင်း၊၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်း၊၂၄ ရက်နေ့မှာ မလေးရှားအသင်းတို့နဲ့ ဆက်တိုက်ကစားသွားရမှာပါ။

[Zawgyi Version]

လက္ဖေနာင့္ရိုးအက္တဲ့ ဒဏ္ကို ခံစားခဲ့ရတာ ျဖစ္ၿပီး ကာတာႏိုင္ငံကို ထြက္ခြာသြားတဲ့အသင္းမွာ လိုက္ပါသြားေပမယ့္လည္း ဒီေန႔အထိေတာ့ အသင္းနဲ႔အတူ ပြဲထြက္ကစားထားႏိုင္ျခင္းမရွိေသးပါဘူး။

Photo - MFF

 

ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ အားထားရတဲ့ တိုက္စစ္မွဴး ေအာင္သူကေတာ့ ထိုင္းလိဂ္မွာ ကစားစဥ္ ကလပ္အသင္းနဲ႔ ရရွိထားတဲဲ့ လက္ဒဏ္ရာ ေၾကာင့္ ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္ထားရပါတယ္။

ကမၻာ႔အဆင့္ ၃ ဆင့္ ေလ်ာ့က်ခဲ့တဲ့ ျမန္မာ 

ေအာင္သူအေနနဲ႔ ထိုင္းလိဂ္မွာ ကစားစဥ္ ၿပိဳင္ဖက္အသင္းရဲ႕ ဂိုးသမားနဲ႔ထိခိုက္မိၿပီး လက္ဖေနာင့္ရိုးအက္တဲ့ ဒဏ္ကို ခံစားေနရတာလို႔ သိရပါ တယ္။

Photo - MFF

 

အခုေတာ့ ဒီဒဏ္ရာက ျပန္လည္သက္သာလာေနၿပီလို႔ သိရၿပီး အသင္းနဲ႔အတူလည္း ေလ့က်င့္ခန္းေတြ ပူးေပါင္းေနႏိုင္ၿပီလို႔ ျမန္မာႏိုင္ငံေဘာ လုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ မၾကာခင္မွာ ကစားဖို႔ရွိေနတဲ့ ဆူဇူကီးဖလားၿပိဳင္ပြဲႀကီးအတြက္ ေအာင္သူတစ္ေယာက္ အဆင္သင့္အေနအထားကို မၾကာခင္မွာ ေရာက္ရွိေတာ့မွာလည္း ျဖစ္ပါတယ္။

Photo - MFF

 

ျမန္မာအသင္းကေတာ့ ကာတာႏိုင္ငံကို ေရာက္ရွိေနၿပီး ေျခစမ္းပြဲ ၅ ပြဲကစားမယ္လို႔ သိရပါတယ္။ ဒီေန႔အထိေတာ့ ေျခစမ္းပြဲ ၂ ပြဲကစားၿပီးရာ မွာ တစ္ပြဲရႈံး တစ္ပြဲသေရက်ထားပါတယ္။

မနက္ျဖန္မွာ ကတာ တပ္မေတာ္အေပ်ာ္တမ္းအသင္းနဲ႔ ေျခစမ္းပြဲကစားဖို႔ရွိေနၿပီး ၿပီးခဲ့တဲ့ ၂၄ ရက္ေန႔တုန္းက ကစားခဲ့ရာမွာေတာ့ ဒီအသင္းကို တစ္ဖက္ ၂ ဂိုးစီ သေရကစားထားပါတယ္။

မနက္ျဖန္ပြဲကို ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီ ၄၅ မွာ ကစားမွာလို႔သိရၿပီး ေလ့က်င့္ေရးေျခစမ္းပြဲသေဘာမ်ိဳးသာ ကစားမွာ ျဖစ္လို႔ ဘယ္လိုင္း ကမွ ထုတ္လႊင့္ျပသႏိုင္မွာေတာ့ မဟုတ္ပါဘူး။

ျမန္မာအသင္းအေနနဲ႔ လာမယ့္ ႏို၀င္ဘာ ၁၂ ရက္ေန႔မွာ ကေမၻာဒီးယားအသင္းနဲ႔ ဆူဇူကီးအဖြင့္ပြဲကစားရဖို႔ရွိေနၿပီး အဲ့ေနာက္ ၁၆ ရက္ေန႔မွာ လာအိုအသင္း၊၂၀ ရက္ေန႔မွာ ဗီယက္နမ္အသင္း၊၂၄ ရက္ေန႔မွာ မေလးရွားအသင္းတို႔နဲ႔ ဆက္တိုက္ကစားသြားရမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs