• Local Sports
    အကောင်းဆုံးဒုတိယနဲ့နောက်တစ်ဆင့်တက်ခဲ့တဲ့ မြန်မာအမျိုးသမီး
Wai Lin Kyaw
[Unicode Version]

အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အီရန်ယူ-၁၉အမျိုးသမီးအသင်းကို ၁-ဝဂိုးနဲ့နိုင်ပြီး အကောင်းဆုံးအုပ်စုဒုတိယနဲ့ခြေစစ်ပွဲဒုတိယအဆင့်ကိုတက်ရောက်နိုင် ခဲ့ပါတယ်။ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အကောင်းဆုံးအုပ်စုဒုတိယအဖြစ် ဂိုးကွာခြားချက်အသာနဲ့ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။

44946597_1225668670905276_8921634847550603264_n.jpg

Photo: MFF

 

မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု(င)မှာ အီရန်၊ လာအိုအသင်းတွေနဲ့ကျရောက်ခဲ့ပါတယ်။ ပွဲမစခင်က မြန်မာယူ-၁၉အသင်းအနေနဲ့ အုပ်စုဒုတိယအဆင့်ကို အလွယ်တကူတက်ရောက်နိုင်မယ်လို့မျှော်လင့်ခဲ့ကြပေမယ့် အုပ်စုအဖွင့်ပွဲမှာ လာအိုကို အမှတ်မထင် ၃-၄ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ လာအိုကို ၄-၁ဂိုးနဲ့အနိုင်ရထားတဲ့ အီရန်ကို အနိုင်ကစားမှသာ ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။

44887160_1225686270903516_6836226061231980544_o.jpg

Photo: MFF

အောင်သူရဲ့ လက်ဒဏ်ရာ သက်သာလာပြီ 

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ အီရန်ကို ၁-ဝဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲကို အုပ်စု၆စုခွဲထားပြီး အုပ်စုဗိုလ် ခြောက်သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ နှစ်သင်း စုစုပေါင်း ရှစ်သင်းနောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ရက်က ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တွေအရ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ ရမှတ် သုံးမှတ်၊ သွင်းဂိုး လေးဂိုး၊ ပေးဂိုးလေးဂိုး၊ ဂိုးကွာခြားချက် မရှိနဲ့ အကောင်းဆုံးဒုတိယအသင်းအဖြစ် ခြေစစ်ပွဲအောင်ခဲ့တာပါ။ မြန်မာအသင်းအုပ်စုမှာ အီရန်က အုပ်စုပထမနဲ့လွတ်လွတ်ကျွတ်ကျွတ် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးအုပ်စု ဒုတိယနောက်တစ်နေရာအတွက် လက်ရှိအချိန်မှာ ကာဇက်စတန်၊ နီပေါနဲ့ လက်ဘနွန်တို့အပြိုင်ဖြစ်နေပါတယ်။

44936519_1225685654236911_849767362642051072_o.jpg

Photo: MFF

 

အာရှယူ-၁၉အမျိုးသမီးခြေစစ်ပွဲဒုတိယအဆင့်ကို လက်ရှိအချိန်မှာ သြစတြေးလျ၊ အီရန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ဥဇဘတ်ကစ္စတန်၊ ဗီယက်နမ်တို့တက်ရောက်ထားနိုင်ပါတယ်။ ၂၀၁၉ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး အသင်းရှစ်သင်းပါဝင်ကစားမှာပါ။

[Zawgyi Version]

အာရွယူ-၁၉အမ်ိဳးသမီးခ်န္ပီယံရွစ္ေျခစစ္ပြဲအုပ္စုေနာက္ဆံုးပြဲမွာ ျမန္မာယူ-၁၉အမ်ိဳးသမီးအသင္းဟာ အီရန္ယူ-၁၉အမ်ိဳးသမီးအသင္းကို ၁-၀ဂိုးနဲ႔ႏိုင္ၿပီး အေကာင္းဆံုးအုပ္စုဒုတိယနဲ႔ေျခစစ္ပြဲဒုတိယအဆင့္ကိုတက္ေရာက္ႏိုင္ ခဲ႔ပါတယ္။ ျမန္မာယူ-၁၉အမ်ိဳးသမီးအသင္းဟာ အေကာင္းဆံုးအုပ္စုဒုတိယအျဖစ္ ဂိုးကြာျခားခ်က္အသာနဲ႔ ေျခစစ္ပြဲေအာင္ခဲ႔တာျဖစ္ပါတယ္။

44946597_1225668670905276_8921634847550603264_n.jpg

Photo: MFF

 

ျမန္မာယူ-၁၉အမ်ိဳးသမီးအသင္းဟာ အာရွယူ-၁၉အမ်ိဳးသမီးခ်န္ပီယံရွစ္ေျခစစ္ပြဲအုပ္စု(င)မွာ အီရန္၊ လာအိုအသင္းေတြနဲ႔က်ေရာက္ခဲ႔ပါတယ္။ ပြဲမစခင္က ျမန္မာယူ-၁၉အသင္းအေနနဲ႔ အုပ္စုဒုတိယအဆင့္ကို အလြယ္တကူတက္ေရာက္ႏိုင္မယ္လို႔ေမွ်ာ္လင့္ခဲ႔ၾကေပမယ့္ အုပ္စုအဖြင္႔ပြဲမွာ လာအိုကို အမွတ္မထင္ ၃-၄ဂိုးနဲ႔ ရွုံးနိမ္႔ခဲ႔ရပါတယ္။ ဒီအတြက္ ျမန္မာအသင္းဟာ အုပ္စုေနာက္ဆံုးပြဲမွာ လာအိုကို ၄-၁ဂိုးနဲ႔အႏိုင္ရထားတဲ႔ အီရန္ကို အႏိုင္ကစားမွသာ ေျခစစ္ပြဲေအာင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိမွာျဖစ္ပါတယ္။

Photo: MFF

ေအာင္သူရဲ႕ လက္ဒဏ္ရာ သက္သာလာၿပီ 

ျမန္မာအသင္းဟာ အုပ္စုေနာက္ဆံုးပြဲမွာ အီရန္ကို ၁-၀ဂိုးနဲ႔အႏိုင္ရခဲ႔ပါတယ္။ အာရွယူ-၁၉အမ်ိဳးသမီးခ်န္ပီယံရွစ္ေျခစစ္ပြဲကို အုပ္စု၆စုခြဲထားၿပီး အုပ္စုဗိုလ္ ေျခာက္သင္းနဲ႔ အေကာင္းဆံုးအုပ္စု ဒုတိယ ႏွစ္သင္း စုစုေပါင္း ရွစ္သင္းေနာက္တစ္ဆင့္တက္ေရာက္မွာျဖစ္ပါတယ္။ ေအာက္တိုဘာ ၂၈ရက္က ကစားခဲ႔တဲ႔ အုပ္စုပြဲစဥ္ေတြအရ ျမန္မာယူ-၁၉အမ်ိဳးသမီးအသင္းဟာ ရမွတ္ သံုးမွတ္၊ သြင္းဂိုး ေလးဂိုး၊ ေပးဂိုးေလးဂိုး၊ ဂိုးကြာျခားခ်က္ မရွိနဲ႔ အေကာင္းဆံုးဒုတိယအသင္းအျဖစ္ ေျခစစ္ပြဲေအာင္ခဲ႔တာပါ။ ျမန္မာအသင္းအုပ္စုမွာ အီရန္က အုပ္စုပထမနဲ႔လြတ္လြတ္ကြ်တ္ကြ်တ္ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ႔ပါတယ္။ အေကာင္းဆံုးအုပ္စု ဒုတိယေနာက္တစ္ေနရာအတြက္ လက္ရွိအခ်ိန္မွာ ကာဇက္စတန္၊ နီေပါနဲ႔ လက္ဘႏြန္တို႔အၿပိဳင္ျဖစ္ေနပါတယ္။

Photo: MFF

 

အာရွယူ-၁၉အမ်ိဳးသမီးေျခစစ္ပြဲဒုတိယအဆင့္ကို လက္ရွိအခ်ိန္မွာ ၾသစေၾတးလ်၊ အီရန္၊ ေတာင္ကိုရီးယား၊ ျမန္မာ၊ ဥဇဘတ္ကစၥတန္၊ ဗီယက္နမ္တို႔တက္ေရာက္ထားႏိုင္ပါတယ္။ ၂၀၁၉ အာရွယူ-၁၉အမ်ိဳးသမီးခ်န္ပီယံရွစ္ ေနာက္ဆံုးအဆင့္ပြဲစဥ္ေတြကို ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမွာျဖစ္ၿပီး အသင္းရွစ္သင္းပါဝင္ကစားမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs