• Local Sports
    ဆူဇူကီးအတွက် လိုအပ်နေတဲ့ လေးကြောင်းမျဉ်း
Wai Lin Kyaw
[Unicode Version]

နိုဝင်ဘာ ၁၂ရက်မှာ ဆူဇူကီးဖလားပြိုင်ပွဲစတော့ပါမယ်။ အာဆီယံဒေသတွင်းပြိုင်ပွဲဖြစ်သလို အာဆီယံဒေသတွင်းက လက်ရွေးစင်ဘောလုံးအသင်းတွေအတွက် အဆင့်အမြင့်ဆုံးပွဲဖြစ်လို့ ဘောလုံးဝါသနာအိုးတွေအားလုံး စိတ်ဝင်စားကြပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး ဒီပြိုင်ပွဲကို စိတ်ဝင်စားကြသလို မြန်မာဘောလုံးပရိသတ်တွေလည်း စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်စားလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေပါတယ်။ မြန်မာ့ဘောလုံးအမာခံပရိသတ်တွေကလည်း သူတို့နည်း၊သူတို့ဟန်နဲ့ ပရိသတ်တွေ ကွင်းအတွင်းလာရောက် အားပေးဖို့ လှုံ့ဆော်ပါတယ်။

4-169.jpg

Photo: AFF

 

ဒီတော့ လှုံ့ဆော်သူတွေအချင်းချင်း ဆိုရှယ်မီဒီယာမှာ အငြင်းပွားကြပါတယ်။ ပရိသတ်တွေကွင်းထဲလာသင့်ကြောင်း တစ်ဖွဲ့ကလှုံ့ဆော်ချိန်မှာ တစ်ဖက်က ပရိသတ်တွေကွင်းထဲလာဖို့ အခက်အခဲတွေရှိနေတာကို ထောက်ပြပြောဆိုလာကြပါတယ်။ တစ်ချို့ကလည်း မြန်မာ့လက်ရွေးစင်အသင်း ခြေစွမ်းအရ အားပေးဖို့မတန်ဖူးဆိုတာတွေ ဝေဖန်လာကြပြန်ပါတယ်။ ဒါဆိုရင် ပရိသတ်တွေ ကွင်းထဲမလာတာ အခက်အခဲတွေကြောင့်လား….၊ လက်ရွေးစင်အသင်းခြေစွမ်းနဲ့ရလဒ်မကောင်းလို့လား…..၊ ပရိသတ်တွေ ကွင်းထဲကို လာသင့်လား… မလာသင့်ဖူးလား….။ လုံးချာလည်တွေလိုက်ကုန်ပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပါပြီ။ ဘောလုံးကွင်းထဲကို ပရိသတ်တွေလာဖို့နဲ့ နိုင်ငံတကာမှာ  ဂုဏ်သိက္ခာမကျပဲ ပြိုင်ပွဲကြီးစည်စည်ကားကားအောင်မြင်ဖို့ဆိုတာ မျဉ်းကြောင်း လေးကြောင်းအပေါ်မှာပဲ မူတည်နေတယ်လို့ သုံးသပ်မိပါတယ်။

44043278_1217044031767740_2819444058986905600_o.jpg

Photo: MFF

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

ပထမဆုံးမျဉ်းကြောင်းပါ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ခြေစွမ်းက ကွင်းအတွင်းပရိသတ် လာ၊မလာကို အဆုံးအဖြတ်ပေးတယ်ဆိုတဲ့ သုံးသပ်ချက်ကို လေ့လာကြည့်ရအောင်။ လက်ရွေးစင်အသင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းက ပရိသတ်ကို ကွင်းထဲရောက်မလာစေဘူးဆိုတာ မှန်သင့်သလောက်မှန်ပါတယ်။ မြန်မာဘောလုံး ပရိသတ်တွေရဲ့မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အားပေးပုံက တစ်ခြားနိုင်ငံတွေနဲ့မတူပါဘူး။ အရမ်းကို မျှော်လင့်ချက်ထားတတ်ပြီး နိုင်ငံ့ဂုဏ်သိက္ခာတစ်ခုလုံးနဲ့ရင်းနှီးအားပေးတတ်ကြပါတယ်။ ဆိုလိုချင်တာက ဘောလုံးရှုံးရင် နိုင်ငံဂုဏ်သိက္ခာကျတယ်ဆိုပြီး ခံယူကြတဲ့အထိ ခံစားအားပေးတတ်ကြပါတယ်။

44164479_1218839888254821_380084410759774208_o.jpg

Photo: MFF

 

ဒီတော့ လက်ရွေးစင်ဘောလုံးအသင်းတွေခြေစွမ်းနဲ့ရလဒ်အပေါ်အမြဲလိုဝေဖန်ပြစ်တင်တတ်ကြပါတယ်။ အရင်ခေတ်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေဟာ ရလဒ်မကောင်းသည့်တိုင်အောင် ခြေစွမ်းပိုင်းမှာ ပရိသတ်စိတ်ကျေနပ်အောင် ကစားနိုင်ကြပါတယ်။ အစွမ်းကုန်ကြိုးစားကြပါတယ်။  ဒီအတွက် ပရိသတ်ကလည်း ကစားသမားတွေခြေစွမ်းကို ကြည့်ချင်၊ အားပေးချင်တော့ ကွင်းထဲကို အရောက်လာအားပေးကြပါတယ်။ အပါ်ကအချက်တွေကို အခြေခံကြည့်မယ်ဆိုရင် မြန်မာဘောလုံးပရိသတ်အများစု အရှုံးကို လက်မခံနိုင်ဘူးဆိုပေမယ့် ရှုံးသင့်တဲ့အရှုံးကိုလက်ခံတတ်ပြီး ရှုံးပေမယ့် ကြိုးစားအားထုတ်မှုကောင်းရင် လက်ခုပ်တီးအားပေးတတ်တာကို တွေ့ရပါတယ်။ သူတို့ယုံကြည်တဲ့ဘောလုံးအသင်းတစ်သင်းကို ရှုံးရှုံး၊နိုင်နိုင် တစ်ခဲနက်အားပေးတတ်ကြတာကို ယူ-၂၀ကမ္ဘာ့ဖလားအသင်းက သက်သေပြပြီးပါပြီ။

44940565_1226071857531624_6926527052845678592_o.jpg

Photo: MFF

 

ဒီတော့ ပထမဆုံးမျဉ်းကြောင်းရဲ့တာဝန်က ကြိုးစားပါ၊ အစွမ်းကုန်အားထုတ်ပါ၊ ပညာပြည့်ဝပါ၊ ပရော်ဖက်ရှင်နယ်ပီသပါ၊ ရလဒ်ကောင်းရဖို့ တတ်စွမ်းသလောက်အစွမ်းကုန်အားထုတ်ပါ။ ဒါဆိုရင် ပရိသတ်ဖက်က ကွင်းလုံးပြည့်လာအားပေးဖို့အသင့်ရှိနေမှာပါ။ ရှုံးနိမ့်ခဲ့ရင်တောင် လက်ခုပ်တီးအားပေးမှာပါ။ ဘောလုံးသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ပရော်ဖက်ရှင်နယ်ပီသမှုက ပရိသတ်ဆီကို ကူးစက်ရောက်ရှိပြီး နိုင်ငံသူရဲကောင်းတွေအဖြစ် ချီးမြင့်မြှောက်စားခံရမှာပါ။

Thuwunna_Stadium.JPG

Photo: AFF

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ဒုတိယမြောက် မျဉ်းကြောင်းပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ဘောလုံးကွင်းထဲလူပြန်ပြည့်ဖို့ကို အမြဲကြိုးစားနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် မှန်ကန်တဲ့နည်းလမ်းကို ရှာဖွေလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဘောလုံးကွင်းထဲလူပြည့်ဖို့ကို လက်မှတ်ဈေးတွေချ၊ လက်မှတ်အလကားဝေ၊ အပြန်ကားစီစဉ်ပေး။ အဲ့လောက်အထိလုပ်ပေးနေပေမယ့် ပရိသတ်က ကွင်းထဲကို အခုထိမရောက်လာနိုင်သေးတာကတော့ တစ်ခုခုလွဲနေတယ်လို့ယူဆမိပါတယ်။

43880109_1217031358435674_8951375550455218176_o.jpg

Photo: MFF

 

အဓိက,ကတော့ ဒီအဖွဲ့အစည်းက စီမံခန့်ခွဲမှုကိုပဲ အဓိကလုပ်ရမှာပါ။ ကျန်တဲ့အပိုင်းတွေလောက် တာဝန်အတိအကျယူဖို့တော့မလိုပါဘူး။ ပထမဆုံးပြောချင်တာက ပြိုင်ပွဲစီစဉ်ပုံပါ။ ဘောလုံးကွင်းတွေကို ပျော်စရာကောင်းအောင်ဖန်တီးဖို့လိုပါမယ်။ ဘောလုံးကွင်းကို အနားယူစရာ၊ ဖျော်ဖြေပွဲပုံစံလို့ ထင်ရလောက်အောင်ကို စီစဉ်သင့်ပါတယ်။ ဘောလုံးကွင်းဆိုတာ၊ အမျိုးသားတွေအပြင်၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ လူငယ်တွေပါ သက်သောင့်သက်သာနဲ့လာကြည့်ချင်အောင်၊ ကြည့်နိုင်အောင် အပြင်အဆင်တွေ လုပ်ဖို့လိုပါမယ်။ ဒါဆို ဘောလုံးပွဲကို စတိတ်ရှိုးလိုလုပ်ရမှာလား၊ အတတ်နိုင်ဆုံးအဆင်ပြေအောင် လုပ်ထားတာပဲ ဆိုပြီး ပြန်ပြောစရာရှိလာပါတယ်။ ပြင်ဆင်ရမယ်ဆိုတာ၊ ဘောလုံးပွဲကို အားကစားပွဲနဲ့မတူတော့တဲ့အထိ ပျော်ပွဲရွှင်ပွဲတွေဖန်တီးပေးဖို့မလိုပါဘူး။ လက်ရှိ မြန်မာနိုင်ငံက ဘောလုံးကွင်းတွေမှာ ပရိသတ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ချို့ကိုပြောပါမယ်။

43878052_1217031801768963_2209549477365153792_o.jpg

Photo: MFF

 

အစားအသောက်အဆင်မပြေပါဘူး။ ဆိုးဆိုးရွားရွားကို အဆင်မပြေတာပါ။ နိုင်ငံတကာအဆင့်ပွဲတွေကျင်းပနေချိန်မှာ နိုင်ငံတကာအဆင့်အစားအသောက်ကို မဆိုထားနဲ့ ပြည်တွင်းမှာတောင် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်လို့ မပြောနိုင်တဲ့ အစားအသောက်တွေကိုပဲ ကြိတ်မှိတ်စားသောက်နေကြရပါတယ်။အဝင်ပြီးတော့ အထွက်ပါ။ မြန်မာနိုင်ငံကဘောလုံးကွင်းတွေအများစုဟာ သွင်းကုန်အဆင်မပြေသလို ထွက်ကုန်လည်းအဆင်မပြေပါဘူး။ ဘောလုံးပွဲတစ်ပွဲဟာ ပွဲချိန်တစ်နာရီခွဲပဲကစားရတယ်ဆိုပေမယ့် လူများတဲ့ နိုင်ငံတကာပွဲတွေမှာ ပရိသတ်အများစုဟာ အနည်းဆုံးကွင်းအတွင်းကို တစ်နာရီလောက်ကြိုပြီး လာရောက် စောင့်ဆိုင်းရပါတယ်။ ဒီအချိန်အတိုင်းအဟာ လူတစ်ယောက်အတွက် တစ်ကြိမ်လောက်တော့ အညစ်အကြေးစွန့်ဖို့လိုအပ်ပါတယ်။ အိမ်သာတော့ရှိပါတယ်။ နာမည်နဲ့လိုက်အောင် မသာယာပဲ ဆီးပင်လယ်ထဲ မျောနေရတာ။ မလုံလောက်ပါဘူး။ အမျိုးသားတွေတောင် ကြုံသလိုဖြေရှင်းနေရရင် အမျိုးသမီးတွေနဲ့ ကလေးတွေ ဘယ်လိုဖြေရှင်းကြရမလဲ…..။ ဒီတော့ ဘောလုံးကွင်းအတွင်းမှာ ရှိနေတဲ့ အချိန် သုံးနာရီဝန်းကျင်ဟာ တစ်ချို့တွေအတွက် ဆီးချုပ်၊ ဝမ်းချုပ်တွေဖြစ်ပြီး ပျော်ရွှင်မှုပျောက်ဆုံးကြရပါတယ်။

43951831_1217031585102318_4079021666116567040_o.jpg

Photo: MFF

မြန်မာပရိသတ်တွေ ဘယ်တော့မှ မမေ့တဲ့ပွဲ (သို့) ၂၀၀၄ တိုက်ဂါးဆီမီး 

ဘောလုံးပွဲလက်မှတ်ရောင်းချမှုစနစ်ကလည်း ပရိသတ်ကို စိတ်ပျက်စေပါတယ်။ ပွဲကြိုရောင်းထားတယ်ဆိုပေမယ့် လက်မှတ်ရောင်းချတဲ့နေရာကို ကြိုပြီး လာဝယ်ဖို့က အလုပ်နဲ့လက်မပြတ်တမ်းလုပ်နေရတဲ့ မြို့နေလူတန်းစားအတွက် အဆင်မပြေသလို၊ နယ်ကနေ လာအားပေးမယ့်ပရိသတ်တွေအတွက်လည်း ကြိုတင်လက်မှတ်ဝယ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ပွဲနေ့မှာမှ အဝယ်များကြပါတယ်။ ပွဲနေ့တွေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့လက်မှတ်ရောင်းချမှုပုံစံက ပွဲတိုင်းနီးပါး အဆင်မပြေပါဘူး။ ပရိသတ်တွေကို မှတ်ပုံတင်တစ်စောင်ကို လက်မှတ်နှစ်စောင်ပဲရောင်းချပေးတယ်ဆိုပေမယ့် မှောင်ခိုရောင်းသူတွေမှာတော့ လက်မှတ်တွေဟာ အလျှံအပယ်ပါ။ လက်မှတ်ကောင်တာတွေရဲ့တည်နေရာကလည်း ပရိသတ်အများအပြားတန်းစီဝယ်ယူဖို့ အဆင်ပြေတဲ့နေရာမျိုးတွေ မစီစဉ်ထားတဲ့အတွက် တိုးဝှေ့တိုက်ခိုက်မှုတွေနဲ့ အမြဲလိုကြုံရပါတယ်။

43879463_1217031441768999_9176617770194829312_o.jpg

Photo: MFF

 

ဒါတွေအားလုံးက ကွင်းအပြင်က ပြဿနာတွေပါ။ ကွင်းအတွင်းမှာလည်း ပြဿနာတွေရှိနေပါသေးတယ်။ ကွင်းအတွင်းထိုင်ခုံနေရာချထားမှုပါ။ မြန်မာနိုင်ငံကဘောလုံးကွင်းတွေက ထိုင်ခုံတွေမှာ ခုံနံပါတ်တွေကပ်ထားပေမယ့် ပရိသတ်တွေဝင်ရောက်လာချိန်မှာတော့ ဘယ်သူမှာ ခုံနံပါတ်အတိုင်း မထိုင်ကြရပါဘူး။ ဒီတော့ ထတဲ့လူကထ၊ ထိုင်တဲ့လူကထိုင်၊ ပြွတ်သိပ်ကျပ်ညပ်တဲ့နေရာတွေက ကျပ်ညပ်၊ ချောင်တဲ့နေရာတွေကချောင်နဲ့ အတော်လေးကို ကသိကအောက်နိုင်ပါတယ်။ ဒီပြဿနာမှာတော့ စည်းကမ်းမရှိတဲ့ ပရိသတ်တွေကြောင့်လို့ အပြစ်တင်နိုင်ပေမယ့် စီမံခန့်ခွဲမှုကို ပိုအားထုတ်မယ်ဆိုရင် ပရိသတ်ကို စည်းကမ်းရှိအောင်လုပ်နိုင်ပါတယ်။ ကွင်းအတွင်းမှာ သက်သောင့်သက်သာ ထိုင်လို့မရတဲ့ ဘယ်လိုနေရာမျိုးကိုမဆို လူအများစုက လက်ရှောင်ကြမှာပါ။ သူများနိုင်ငံကဘောလုံးကွင်းတွေမှာလို ဘီယာလေး၊ အအေးလေးမော့၊ ဆင်းဒဝှစ်ချ်လေးစားပြီး ကိုယ့်နေရာကိုယ်ထိုင်၊ ကိုယ့်အသင်းကိုယ်အားပေးခွင့်ကို မြန်မာပရိသတ်တွေလည်း လိုချင်မှာပါ။ သယ်ယူပို့ဆောင်ခက်ခဲမှု၊ ကားပါကင်အခြေအနေ စတာတွေကတော့ နိုင်ငံရဲ့အခြေအနေနဲ့ ရှိပြီးသားအခြေခံ အဆောက်အဦအပေါ်မှာစီစဉ်နေရတာမို့အဖွဲ့ချုပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တော့ပါဘူး။

c4e6aab98ce3aabca3c756ed70f298d5-sld.jpeg

Photo: MFF

 

ဆူဇူကီးလို နိုင်ငံတကာပွဲမှာ တစ်ခြားနိုင်ငံက ပရိသတ်တွေပါ လာရောက်အားပေးတတ်လို့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင် နိုင်ငံအတွက်လည်း ရှက်စရာဖြစ်လာနိုင်ပါတယ်။ အပေါ်ကအချက်တွေကိုသာ အဆင်ပြေအောင်လုပ်ပေးနိုင်ရင် လက်မှတ်ဈေးလျှော့စရာတောင် မလိုပါဘူး။ မြန်မာပရိသတ်တွေဟာ နိုင်ငံအတွက် လိုအပ်လာရင် လက်မှတ်ဈေးကို နှစ်ဆ၊သုံးဆပေးပြီးတောင် ဝယ်ကြည့်ကြပါတယ်။ အနှစ်ချုပ်ရရင် ပရိသတ်တွေဘောလုံးကွင်းကို ပျော်စရာ၊ အပန်းဖြေစရာလို့သတ်မှတ်နိုင်အောင် ဒုတိယမျဉ်းကြောင်းဖြစ်တဲ့ ဘောလုံးအဖွဲ့ချုပ်က လက်မှတ်ရောင်းချမှုအဆင်ပြေအောင်လုပ်ပေးပါ၊ ကွင်းအတွင်း အစားအသောက်၊ အိမ်သာ အဆင့်မီသန့်ရှင်းအောင်လုပ်ပေးပါ။ ထိုင်ခုံနေရာအဆင်ပြေအောင်လုပ်ပေးပါ။ ပျော်ပွဲရွှင်ပွဲ၊ ကံစမ်းမဲတွေပေးစရာ မလိုပဲ ပရိသတ်တွေကွင်းထဲရောက်လာဖို့ မျှော်လင့်နိုင်ပါတယ်။

44065301_1217032181768925_7598620195501899776_o.jpg

Photo: MFF

 

မြန်မာဘောလုံး ပရိသတ်

တတိယမြောက်မျဉ်းကြောင်းကတော့ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မြန်မာဘောလုံးပရိသတ်ပါ။ မြန်မာဘောလုံးပရိသတ်ရဲ့ဘောလုံးအပေါ်စွဲလန်းရူးသွပ်ပြီး တစ်ခဲနက်အားပေးတတ်တာကို ချွင်းချက်မရှိလက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် အားပေးပုံနဲ့ ပတ်သက်ပြီးတော့ ပြောစရာအချက်အနည်းငယ်ရှိပါတယ်။ ဒါကတော့ ခံယူချက်နဲ့စည်းကမ်းပါ။ ခံယူချက်ဆိုတာကတော့ အသင်းကို အားပေးတဲ့စိတ်ပိုင်းဆိုင်ရာခံယူချက်ကို ဆိုလိုတာပါ။ လက်ရွေးစင်အသင်းကို အားပေးတယ်ဆိုတာ အနိုင်၊အရှုံးရလဒ်ထက် ကိုယ့်နိုင်ငံအတွက် တာဝန်တစ်ခုလို လုပ်သင့်တဲ့အရာတစ်ခုကို လုပ်နေတာဆိုတဲ့ စိတ်မျိုးရှိဖို့လိုပါမယ်။

43951156_1217031935102283_52827032588910592_o.jpg

Photo: MFF

 

ရှုံးရင်အားမပေးတော့ဘူးတဲ့လား။ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်လောက်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေ ဟာ ရလဒ်ပိုင်းဆိုးရွားခဲ့ပါတယ်။ ဘယ်ပြိုင်ပွဲပြိုင်ပြိုင် ပွဲတိုင်းနီးပါး ရှုံးပါတယ်။ ဒါပေမယ့် အိမ်ကွင်း (သို့) မြန်မာလူမျိုးအများစုရှိတဲ့ တိုင်းပြည်တွေမှာကန်ရတဲ့ပွဲတိုင်း ကွင်းလုံးပြည့်တစ်ခဲနက်အားပေးပါတယ်။ ပရိသတ်အားပေးတော့ ကစားသမားတွေကလည်း အစွမ်းကုန်ကြိုးစားပါတယ်။ ရလဒ်ဆိုးသည့်တိုင် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ဆက်အားပေးကြပါတယ်။ အဓိပ္ပာယ်ကတော့ တစ်ချိန်က မြန်မာဘောလုံးပရိသတ်တွေဟာ ရှုံးသင့်ရှုံးထိုက်တဲ့အရှုံး၊ ကြိုးစားအားထုတ်မှုမြင်ရတဲ့ အရှုံးတွေကို လက်ခံတတ်ပြီး မျှမျှတတစဉ်းစားတွေးခေါ်တတ်ပါတယ်။

43788607_1216836811788462_7749914618981515264_o.jpg

Photo: MFF

 

ဒီနေ့ခေတ်မြန်မာဘောလုံးပရိသတ်အများစုက အသင်းကို ရလဒ်ထက် အသိစိတ်နဲ့အားပေးတတ်ကြပေမယ့် တစ်ချို့ကတော့ အစွန်းရောက်အားပေးမှုတွေကို ပြုလုပ်နေဆဲပါ။ အသင်းရှုံးလို့ ကွင်းထဲလာအားမပေးတော့ဘူးဆိုတာ မဖြစ်သင့်သလို၊ ကွင်းထဲတော့လာအားပေးပါရဲ့ရှုံးရကောင်းလားဆိုပြီး အစွန်းရောက်အားပေးတတ်တာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းကို အားပေးတယ်ဆိုတာ အနိုင်၊အရှုံးထက် ကိုယ့်နိုင်ငံကိုယ်စားပြုသူတွေကို အားတက်လာအောင် အားပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲက မြန်မာဘောလုံးအသင်းတင်မကပဲ မြန်မာဘောလုံးပရိသတ်တွေအတွက်ပါ စိန်ခေါ်မှုတွေရှိနေပါတယ်။ စိန်ခေါ်မှုက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် မန္တလာသီရိနဲ့ သုဝဏ္ဏကွင်း နှစ်ကွင်းစလုံးမှာ အကာအရံတွေမရှိတာပါ။ အကာအရံတွေမရှိတော့ တစ်ချိန်က အလေ့အထအတိုင်း ကွင်းထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ချိန်က ကိုယ့်အပြုအမူဆိုးကြောင့် ထောင်ချခံခဲ့ရတဲ့ သုဝဏ္ဏကွင်းကြီးကိုလည်း နောက်တစ်ကြိမ်ထပ်အကျဉ်းမကျအောင် ကူညီကြဖို့လိုပါတယ်။

44051345_1217044301767713_5878365676103532544_o.jpg

Photo: MFF

 

တတိယမျဉ်းကြောင်းဟာ ဘောလုံးပွဲဟေ့ဆိုတာနဲ့ ဘာအခက်အခဲတွေရှိရှိ ကွင်းထဲအရောက်လာသူတွေပါ။ မျိုးချစ်စိတ်နဲ့အားပေးတတ်သူတွေပါ။ ကွင်းထဲကို တကူးတကန့်ဖိတ်ခေါ်စရာမလိုဘူးဆိုတာ ယုံကြည်ပါတယ်။ ဒီတော့ ဆူဇူကီးမှာ မြန်မာ့ပုံရိပ်ကမ္ဘာကသိစေဖို့အတွက်၊ ကိုယ့်အသင်းကို အားဖြစ်စေပြီး ပြိုင်ဖက်အသင်းကို ဖိအားဖြစ်စေဖို့အတွက် အားပေးပါ။ စည်းကမ်းရှိပါ။ ကွင်းထဲကိုပစ်ပေါက်မယ့် ပစ္စည်းတွေကို လက်က လွှတ်ချပြီး လက်ခုပ်တီးပါ။ သန်း ၅၀ကျော်ကို ကိုယ်စားပြုထားတာ ကွင်းထဲက ကစားသမား ၁၁ယောက်တင် မကပဲ ကွင်းထဲက ပရိသတ် သုံးသောင်းလည်း ပါတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

41190221_1196763157129161_791500032418250752_o.jpg

Photo: MFF

 

မီဒီယာ

ကိုယ့်နိုင်ငံမှာ အာဆီယံဒေသတွင်းအဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ပွဲစဉ်တစ်ချို့ လက်ခံကျင်းပရမှာကို တစ်နိုင်ငံလုံးစိတ်ဝင်စားပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့အတွက် မီဒီယာ အခန်းကဏ္ဍကလည်းတကယ့်ကိုအရေးပါ,ပါတယ်။ စတုတ္ထမြောက် မျဉ်းကြောင်းလို့ ဆိုရမှာပါ။ ဒီမျဉ်းကြောင်းကတော့ ပုံမှန်အတိုင်းကြည့်ရင် သူတို့အလုပ်သူတို့လုပ်နေတာပါပဲ။ ပရိသတ်တွေကွင်းထဲဝင်မဝင်၊ ပြိုင်ပွဲစည်ကား၊ မစည်ကားဆိုတာက သူတို့နဲ့ဘာဆိုင်လို့လည်း ထင်စရာရှိပါတယ်။ မီဒီယာက ပရိသတ်တွေ ကွင်းထဲဝင်လာအောင်လှုံ့ဆော်ပေးနိုင်သလို၊ ပရိသတ်တွေစည်းကမ်းရှိလာအောင်လည်း ကူညီထိန်းသိမ်းပေးနိုင်ပါတယ်။

41271545_1196762750462535_3138761666125103104_o.jpg

Photo: MFF

 

မီဒီယာအနေနဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ လက်ရွေးစင်ဘောလုံးအသင်းကို တစ်ဖက်တစ်လမ်းက ကူညီနိုင်သလို၊ ပြိုင်ပွဲအတွင်း ပရိသတ်တွေ၊ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေရဲ့လိုအပ်ချက်၊ အခြေအနေတွေကိုလည်း ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါဆို ဘယ်လိုကူညီမှာလဲ…။ မှန်ကန်တိကျတဲ့ သတင်းထုတ်ပြန်မှုပါ။ လက်ရွေးစင်ဘောလုံးသမားတွေနဲ့နည်းပြတွေရဲ့လေ့ကျင့်မှုအခြေအနေမှန်၊ ပြိုင်ဖက်နိုင်ငံတွေရဲ့ပြင်ဆင်မှု သတင်း၊ စတာတွေကိုဖော်ပြပေးခြင်းနဲ့ လက်ရွေးစင်ကစားသမားနည်းပြတွေ ပြိုင်ဖက်အကြောင်းသိပြီး ကြိုတင်ပြင်ဆင်နိုင်သလို လက်ရွေးစင်အသင်းအခြေအနေအမှန်ကိုလည်း ပရိသတ်ကသိထားတဲ့အတွက် အစွန်းရောက်အားပေးမှုကိုရှောင်ပြီး အရှုံးကို လက်ခံနိုင်အောင် စည်းရုံးနိုင်ပါတယ်။

MNL Final 18.jpeg

Photo: MFF

 

ဒါ့အပြင် ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပြိုင်ပွဲအတွင်း၊အပြင်က ဖြစ်ရပ်တွေ ကွင်းအတွင်းလိုက်နာစောင့်ထိန်းရမယ့် ဥပဒေတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပေးခြင်းနဲ့ ပရိသတ်တစ်ချို့ရဲ့အစွန်းရောက်အားပေးမှုကို လျှော့ချပေးနိုင်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးက မြန်မာမီဒီယာတွေအတွက် နိုင်ငံတကာမီဒီယာသမားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ရမယ့်အချိန်ဖြစ်လို့ အိမ်ရှင်လုပ်ချိန်မှာ အိမ်ရှင်ပီသပြီး ဧည့်သည်တွေကို ကူညီပေးဖို့လိုသလို၊ အဝေးကွင်းပွဲတွေအတွက် ဧည့်သည်လုပ်ချိန်မှာလည်း ဧည့်သည်ပီသစွာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရမှာပါ။ စတုတ္ထမျဉ်းကြောင်းရဲ့အဓိက တာဝန်က ပွဲမတိုင်ခင်မှာ ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ ပွဲချိန်အတွင်းနဲ့ပွဲအပြီးမှာ ဘက်မလိုက်ပဲ မျှတတဲ့သတင်းဖော်ပြမှုမျိုးတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နဲ့ ကူညီလုပ်ဆောင်ပေးခြင်းပါ။ ဒါမှသာ ဆူဇူကီးမှာ မြန်မာဟာ ကွင်းအတွင်း၊ကွင်းအပြင်၊စတဲ့နေရာတိုင်းမှာ ကောင်းမွန်တဲ့ ပုံရိပ်လက္ခဏာကို ကမ္ဘာသိအောင် တည်ဆောက်ပြသနိုင်မှာပါ။

0bb2bdac-610f-43c5-a4d0-70a522183526.jpg

Photo: AFF

 

လှပဖို့အတွက် ကူညီရမယ့် လေးကြောင်းမျဉ်း

မြန်မာနိုင်ငံက ပညာရေးစနစ်မှာ မူလတန်းကျောင်းသားလေးတွေ လှပဝိုင်းစက်တဲ့ လက်ရေးပုံစံမျိုးကို ရေးသားနိုင်ဖို့ လေးကြောင်းမျဉ်းစာအုပ်တွေကို သုံးရပါတယ်။ လေးကြောင်းမျဉ်းမှာ မြန်မာစာ စာလုံးတွေကို ဝိုင်းစက်ညီညာအောင်ရေးနိုင်ပြီဆိုတော့မှ အလွတ်တန်းစာရေးသားမှုမျိုးကို စရပါတယ်။ လက်ရေးတွေ လှပဝိုင်းစက်ဖို့ လေးကြောင်းမျဉ်းက ကူညီပေးရပါတယ်။ လေးကြောင်းမျဉ်းရဲ့ဥပဒေသအရ သူ့မျဉ်းကြောင်းနဲ့သူ သတ်မှတ်ချက်ရှိသလို၊ စည်းမျဉ်းတွေလည်းရှိပါတယ်။ လေးကြောင့်မျဉ်းရဲ့မျဉ်းကြောင်းတိုင်းက အရေးပါသလို၊ သူ့တာဝန်လည်းသူယူရပါတယ်။ တစ်ကြောင်းနဲ့တစ်ကြောင်း ရှုပ်ယှက်နေအောင် ငြိစွန်းနေရင် ဥပဒေကို မလိုက်နာပဲ ကိုယ့်တာဝန်ကိုယ်မယူရင် လေးကြောင်းမျဉ်းမပီသနိုင်တော့ပါဘူး။

DcMH1JuV0AAmrnS.jpg

Photo: AFF

 

ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့အားကစားအဆင့်အတန်းနဲ့ ပုံရိပ်လှပဖို့အတွက်လိုအပ်တဲ့ လေးကြောင်းမျဉ်းကလည်း တစ်ကြောင်းချင်းစီအရေးပါသလို တစ်ကြောင်းချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။ တစ်ကြောင်းချင်းစီရဲ့ဥပဒေသနဲ့တာဝန်ယူမှုက အရေးကြီးနေပြီး တစ်ကြောင်းရဲ့တာဝန်ကို တစ်ကြောင်းက ဝင်ရောက်စွက်ဖက်ဖို့မဖြစ်နိုင်ပါဘူး။ လေးကြောင်းမျဉ်းဆိုတာ အလှဆင်ဖို့ပါ။ ဒီတော့ ဆူဇူကီးပြိုင်ပွဲကြီး ကျင်းပနေတဲ့ကာလအတွင်းနဲ့ ကျင်းပပြီးစီးသွားချိန်မှာ မြန်မာနိုင်ငံအတွက် လှပဝိုင်းစက်တဲ့လက်ရေး လေးတွေလို ဂုဏ်ယူစရာအရာတွေ ဖန်တီးထုတ်လုပ်နိုင်ဖို့ လိုအပ်နေတဲ့ လေးကြောင်းမျဉ်းတွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ကျေပွန်အောင်ထမ်းဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်ရင်း……………။

[Zawgyi Version]

ႏိုဝင္ဘာ ၁၂ရက္မွာ ဆူဇူကီးဖလားၿပိဳင္ပြဲစေတာ့ပါမယ္။ အာဆီယံေဒသတြင္းၿပိဳင္ပြဲျဖစ္သလို အာဆီယံေဒသတြင္းက လက္ေရြးစင္ေဘာလံုးအသင္းေတြအတြက္ အဆင့္အျမင့္ဆံုးပြဲျဖစ္လို႔ ေဘာလံုးဝါသနာအိုးေတြအားလံုး စိတ္ဝင္စားၾကပါတယ္။ အာဆီယံေဒသတြင္း ႏိုင္ငံေတြအားလံုး ဒီၿပိဳင္ပြဲကို စိတ္ဝင္စားၾကသလို ျမန္မာေဘာလံုးပရိသတ္ေတြလည္း စိတ္ဝင္စားၾကပါတယ္။ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ကလည္း စိတ္ဝင္စားလာေအာင္ နည္းလမ္းေပါင္းစံုနဲ႔ ႀကိဳးပမ္းေနပါတယ္။ ျမန္မာ့ေဘာလံုးအမာခံပရိသတ္ေတြကလည္း သူတို႔နည္း၊သူတို႔ဟန္နဲ႔ ပရိသတ္ေတြ ကြင္းအတြင္းလာေရာက္ အားေပးဖို႔ လႈံ႕ေဆာ္ပါတယ္။

Photo: AFF

 

ဒီေတာ့ လႈ႔ံေဆာ္သူေတြအခ်င္းခ်င္း ဆိုရွယ္မီဒီယာမွာ အျငင္းပြားၾကပါတယ္။ ပရိသတ္ေတြကြင္းထဲလာသင္႔ေၾကာင္း တစ္ဖြဲ႕ကလႈ႕ံေဆာ္ခ်ိန္မွာ တစ္ဖက္က ပရိသတ္ေတြကြင္းထဲလာဖို႔ အခက္အခဲေတြရွိေနတာကို ေထာက္ျပေျပာဆိုလာၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ျမန္မာ့လက္ေရြးစင္အသင္း ေျခစြမ္းအရ အားေပးဖို႔မတန္ဖူးဆိုတာေတြ ေဝဖန္လာၾကျပန္ပါတယ္။ ဒါဆိုရင္ ပရိသတ္ေတြ ကြင္းထဲမလာတာ အခက္အခဲေတြေၾကာင့္လား….၊ လက္ေရြးစင္အသင္းေျခစြမ္းနဲ႔ရလဒ္မေကာင္းလို႔လား…..၊ ပရိသတ္ေတြ ကြင္းထဲကို လာသင့္လား… မလာသင့္ဖူးလား….။ လံုးခ်ာလည္ေတြလိုက္ကုန္ပါတယ္။ ဒီျပႆနာကို မေျဖရွင္းႏိုင္တာ ဆယ္စုႏွစ္တစ္ခုနီးပါးရွိေနပါၿပီ။ ေဘာလံုးကြင္းထဲကို ပရိသတ္ေတြလာဖို႔နဲ႔ ႏိုင္ငံတကာမွာ  ဂုဏ္သိကၡာမက်ပဲ ၿပိဳင္ပြဲႀကီးစည္စည္ကားကားေအာင္ျမင္ဖို႔ဆိုတာ မ်ဥ္းေၾကာင္း ေလးေၾကာင္းအေပၚမွာပဲ မူတည္ေနတယ္လို႔ သံုးသပ္မိပါတယ္။

Photo: MFF

 

ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္း

ပထမဆံုးမ်ဥ္းေၾကာင္းပါ။ ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းရဲ႕ေျခစြမ္းက ကြင္းအတြင္းပရိသတ္ လာ၊မလာကို အဆံုးအျဖတ္ေပးတယ္ဆိုတဲ႔ သံုးသပ္ခ်က္ကို ေလ့လာၾကည္႔ရေအာင္။ လက္ေရြးစင္အသင္းေျခစြမ္းနဲ႔ ရလဒ္ပိုင္းက ပရိသတ္ကို ကြင္းထဲေရာက္မလာေစဘူးဆိုတာ မွန္သင့္သေလာက္မွန္ပါတယ္။ ျမန္မာေဘာလံုး ပရိသတ္ေတြရဲ႕ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းကို အားေပးပံုက တစ္ျခားႏိုင္ငံေတြနဲ႔မတူပါဘူး။ အရမ္းကို ေမွ်ာ္လင့္ခ်က္ထားတတ္ၿပီး ႏိုင္ငံ႔ဂုဏ္သိကၡာတစ္ခုလံုးနဲ႔ရင္းႏွီးအားေပးတတ္ၾကပါတယ္။ ဆိုလိုခ်င္တာက ေဘာလံုးရွုံးရင္ ႏိုင္ငံဂုဏ္သိကၡာက်တယ္ဆိုၿပီး ခံယူၾကတဲ႔အထိ ခံစားအားေပးတတ္ၾကပါတယ္။

Photo: MFF

 

ဒီေတာ့ လက္ေရြးစင္ေဘာလံုးအသင္းေတြေျခစြမ္းနဲ႔ရလဒ္အေပၚအၿမဲလိုေဝဖန္ျပစ္တင္တတ္ၾကပါတယ္။ အရင္ေခတ္က ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းေတြဟာ ရလဒ္မေကာင္းသည္႔တိုင္ေအာင္ ေျခစြမ္းပိုင္းမွာ ပရိသတ္စိတ္ေက်နပ္ေအာင္ ကစားႏိုင္ၾကပါတယ္။ အစြမ္းကုန္ႀကိဳးစားၾကပါတယ္။  ဒီအတြက္ ပရိသတ္ကလည္း ကစားသမားေတြေျခစြမ္းကို ၾကည္႔ခ်င္၊ အားေပးခ်င္ေတာ့ ကြင္းထဲကို အေရာက္လာအားေပးၾကပါတယ္။ အပၚကအခ်က္ေတြကို အေျခခံၾကည္႔မယ္ဆိုရင္ ျမန္မာေဘာလံုးပရိသတ္အမ်ားစု အရွုံးကို လက္မခံႏိုင္ဘူးဆိုေပမယ့္ ရွုံးသင့္တဲ႔အရွုံးကိုလက္ခံတတ္ၿပီး ရွုံးေပမယ့္ ႀကိဳးစားအားထုတ္မႈေကာင္းရင္ လက္ခုပ္တီးအားေပးတတ္တာကို ေတြ႕ရပါတယ္။ သူတို႔ယံုၾကည္တဲ႔ေဘာလံုးအသင္းတစ္သင္းကို ရွုံးရွုံး၊ႏိုင္ႏိုင္ တစ္ခဲနက္အားေပးတတ္ၾကတာကို ယူ-၂၀ကမာၻ႔ဖလားအသင္းက သက္ေသျပၿပီးပါၿပီ။

Photo: MFF

 

ဒီေတာ့ ပထမဆံုးမ်ဥ္းေၾကာင္းရဲ႕တာဝန္က ႀကိဳးစားပါ၊ အစြမ္းကုန္အားထုတ္ပါ၊ ပညာျပည္႔ဝပါ၊ ပေရာ္ဖက္ရွင္နယ္ပီသပါ၊ ရလဒ္ေကာင္းရဖို႔ တတ္စြမ္းသေလာက္အစြမ္းကုန္အားထုတ္ပါ။ ဒါဆိုရင္ ပရိသတ္ဖက္က ကြင္းလံုးျပည္႔လာအားေပးဖို႔အသင့္ရွိေနမွာပါ။ ရွုံးနိမ့္ခဲ႔ရင္ေတာင္ လက္ခုပ္တီးအားေပးမွာပါ။ ေဘာလံုးသမားေတြရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ပေရာ္ဖက္ရွင္နယ္ပီသမႈက ပရိသတ္ဆီကို ကူးစက္ေရာက္ရွိၿပီး ႏိုင္ငံသူရဲေကာင္းေတြအျဖစ္ ခ်ီးျမင့္ေျမွာက္စားခံရမွာပါ။

Photo: AFF

 

ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္

ဒုတိယေျမာက္ မ်ဥ္းေၾကာင္းပါ။ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ကေတာ့ ေဘာလံုးကြင္းထဲလူျပန္ျပည္႔ဖို႔ကို အၿမဲႀကိဳးစားေနမယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ မွန္ကန္တဲ႔နည္းလမ္းကို ရွာေဖြလုပ္ေဆာင္ႏိုင္ဖို႔လိုပါတယ္။ ေဘာလံုးကြင္းထဲလူျပည္႔ဖို႔ကို လက္မွတ္ေစ်းေတြခ်၊ လက္မွတ္အလကားေဝ၊ အျပန္ကားစီစဥ္ေပး။ အဲ႔ေလာက္အထိလုပ္ေပးေနေပမယ့္ ပရိသတ္က ကြင္းထဲကို အခုထိမေရာက္လာႏိုင္ေသးတာကေတာ့ တစ္ခုခုလြဲေနတယ္လို႔ယူဆမိပါတယ္။

Photo: MFF

 

အဓိက,ကေတာ့ ဒီအဖြဲ႕အစည္းက စီမံခန္႔ခြဲမႈကိုပဲ အဓိကလုပ္ရမွာပါ။ က်န္တဲ႔အပိုင္းေတြေလာက္ တာဝန္အတိအက်ယူဖို႔ေတာ့မလိုပါဘူး။ ပထမဆံုးေျပာခ်င္တာက ၿပိဳင္ပြဲစီစဥ္ပံုပါ။ ေဘာလံုးကြင္းေတြကို ေပ်ာ္စရာေကာင္းေအာင္ဖန္တီးဖို႔လိုပါမယ္။ ေဘာလံုးကြင္းကို အနားယူစရာ၊ ေဖ်ာ္ေျဖပြဲပံုစံလို႔ ထင္ရေလာက္ေအာင္ကို စီစဥ္သင့္ပါတယ္။ ေဘာလံုးကြင္းဆိုတာ၊ အမ်ိဳးသားေတြအျပင္၊ အမ်ိဳးသမီးေတြ၊ ကေလးေတြ၊ လူငယ္ေတြပါ သက္ေသာင့္သက္သာနဲ႔လာၾကည္႔ခ်င္ေအာင္၊ ၾကည္႔ႏိုင္ေအာင္ အျပင္အဆင္ေတြ လုပ္ဖို႔လိုပါမယ္။ ဒါဆို ေဘာလံုးပြဲကို စတိတ္ရွုိးလိုလုပ္ရမွာလား၊ အတတ္ႏိုင္ဆံုးအဆင္ေျပေအာင္ လုပ္ထားတာပဲ ဆိုၿပီး ျပန္ေျပာစရာရွိလာပါတယ္။ ျပင္ဆင္ရမယ္ဆိုတာ၊ ေဘာလံုးပြဲကို အားကစားပြဲနဲ႔မတူေတာ့တဲ႔အထိ ေပ်ာ္ပြဲရႊင္ပြဲေတြဖန္တီးေပးဖို႔မလိုပါဘူး။ လက္ရွိ ျမန္မာႏိုင္ငံက ေဘာလံုးကြင္းေတြမွာ ပရိသတ္ေတြ ႀကံဳေတြ႔ေနရတဲ႔ အခက္အခဲတစ္ခ်ိဳ႕ကိုေျပာပါမယ္။

Photo: MFF

 

အစားအေသာက္အဆင္မေျပပါဘူး။ ဆိုးဆိုးရြားရြားကို အဆင္မေျပတာပါ။ ႏိုင္ငံတကာအဆင့္ပြဲေတြက်င္းပေနခ်ိန္မွာ ႏိုင္ငံတကာအဆင့္အစားအေသာက္ကို မဆိုထားနဲ႔ ျပည္တြင္းမွာေတာင္ က်န္းမာေရးနဲ႔ညီညြတ္ပါတယ္လို႔ မေျပာႏိုင္တဲ႔ အစားအေသာက္ေတြကိုပဲ ႀကိတ္မွိတ္စားေသာက္ေနၾကရပါတယ္။အဝင္ၿပီးေတာ့ အထြက္ပါ။ ျမန္မာႏိုင္ငံကေဘာလံုးကြင္းေတြအမ်ားစုဟာ သြင္းကုန္အဆင္မေျပသလို ထြက္ကုန္လည္းအဆင္မေျပပါဘူး။ ေဘာလံုးပြဲတစ္ပြဲဟာ ပြဲခ်ိန္တစ္နာရီခြဲပဲကစားရတယ္ဆိုေပမယ့္ လူမ်ားတဲ႔ ႏိုင္ငံတကာပြဲေတြမွာ ပရိသတ္အမ်ားစုဟာ အနည္းဆံုးကြင္းအတြင္းကို တစ္နာရီေလာက္ႀကိဳၿပီး လာေရာက္ ေစာင့္ဆိုင္းရပါတယ္။ ဒီအခ်ိန္အတိုင္းအဟာ လူတစ္ေယာက္အတြက္ တစ္ႀကိမ္ေလာက္ေတာ့ အညစ္အေၾကးစြန္႔ဖို႔လိုအပ္ပါတယ္။ အိမ္သာေတာ့ရွိပါတယ္။ နာမည္နဲ႔လိုက္ေအာင္ မသာယာပဲ ဆီးပင္လယ္ထဲ ေမ်ာေနရတာ။ မလံုေလာက္ပါဘူး။ အမ်ိဳးသားေတြေတာင္ ႀကံဳသလိုေျဖရွင္းေနရရင္ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြ ဘယ္လိုေျဖရွင္းၾကရမလဲ…..။ ဒီေတာ့ ေဘာလံုးကြင္းအတြင္းမွာ ရွိေနတဲ႔ အခ်ိန္ သံုးနာရီဝန္းက်င္ဟာ တစ္ခ်ိဳ႕ေတြအတြက္ ဆီးခ်ဳပ္၊ ဝမ္းခ်ဳပ္ေတြျဖစ္ၿပီး ေပ်ာ္ရႊင္မႈေပ်ာက္ဆံုးၾကရပါတယ္။

Photo: MFF

ျမန္မာပရိသတ္ေတြ ဘယ္ေတာ့မွ မေမ့တဲ့ပြဲ (သို႔) ၂၀၀၄ တိုက္ဂါးဆီမီး 

ေဘာလံုးပြဲလက္မွတ္ေရာင္းခ်မႈစနစ္ကလည္း ပရိသတ္ကို စိတ္ပ်က္ေစပါတယ္။ ပြဲႀကိဳေရာင္းထားတယ္ဆိုေပမယ့္ လက္မွတ္ေရာင္းခ်တဲ႔ေနရာကို ႀကိဳၿပီး လာဝယ္ဖို႔က အလုပ္နဲ႔လက္မျပတ္တမ္းလုပ္ေနရတဲ႔ ၿမိဳ႕ေနလူတန္းစားအတြက္ အဆင္မေျပသလို၊ နယ္ကေန လာအားေပးမယ္႔ပရိသတ္ေတြအတြက္လည္း ႀကိဳတင္လက္မွတ္ဝယ္ဖို႔ အဆင္မေျပႏိုင္ပါဘူး။ ဒီေတာ့ ပြဲေန႔မွာမွ အဝယ္မ်ားၾကပါတယ္။ ပြဲေန႔ေတြမွာ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕လက္မွတ္ေရာင္းခ်မႈပံုစံက ပြဲတိုင္းနီးပါး အဆင္မေျပပါဘူး။ ပရိသတ္ေတြကို မွတ္ပံုတင္တစ္ေစာင္ကို လက္မွတ္ႏွစ္ေစာင္ပဲေရာင္းခ်ေပးတယ္ဆိုေပမယ့္ ေမွာင္ခိုေရာင္းသူေတြမွာေတာ့ လက္မွတ္ေတြဟာ အလွ်ံအပယ္ပါ။ လက္မွတ္ေကာင္တာေတြရဲ႕တည္ေနရာကလည္း ပရိသတ္အမ်ားအျပားတန္းစီဝယ္ယူဖို႔ အဆင္ေျပတဲ႔ေနရာမ်ိဳးေတြ မစီစဥ္ထားတဲ႔အတြက္ တိုးေဝွ႔တိုက္ခိုက္မႈေတြနဲ႔ အၿမဲလိုႀကံဳရပါတယ္။

Photo: MFF

 

ဒါေတြအားလံုးက ကြင္းအျပင္က ျပႆနာေတြပါ။ ကြင္းအတြင္းမွာလည္း ျပႆနာေတြရွိေနပါေသးတယ္။ ကြင္းအတြင္းထိုင္ခံုေနရာခ်ထားမႈပါ။ ျမန္မာႏိုင္ငံကေဘာလံုးကြင္းေတြက ထိုင္ခံုေတြမွာ ခံုနံပါတ္ေတြကပ္ထားေပမယ့္ ပရိသတ္ေတြဝင္ေရာက္လာခ်ိန္မွာေတာ့ ဘယ္သူမွာ ခံုနံပါတ္အတိုင္း မထိုင္ၾကရပါဘူး။ ဒီေတာ့ ထတဲ႔လူကထ၊ ထိုင္တဲ႔လူကထိုင္၊ ျပြတ္သိပ္က်ပ္ညပ္တဲ႔ေနရာေတြက က်ပ္ညပ္၊ ေခ်ာင္တဲ႔ေနရာေတြကေခ်ာင္နဲ႔ အေတာ္ေလးကို ကသိကေအာက္ႏိုင္ပါတယ္။ ဒီျပႆနာမွာေတာ့ စည္းကမ္းမရွိတဲ႔ ပရိသတ္ေတြေၾကာင့္လို႔ အျပစ္တင္ႏိုင္ေပမယ့္ စီမံခန္႔ခြဲမႈကို ပိုအားထုတ္မယ္ဆိုရင္ ပရိသတ္ကို စည္းကမ္းရွိေအာင္လုပ္ႏိုင္ပါတယ္။ ကြင္းအတြင္းမွာ သက္ေသာင့္သက္သာ ထိုင္လို႔မရတဲ႔ ဘယ္လိုေနရာမ်ိဳးကိုမဆို လူအမ်ားစုက လက္ေရွာင္ၾကမွာပါ။ သူမ်ားႏိုင္ငံကေဘာလံုးကြင္းေတြမွာလို ဘီယာေလး၊ အေအးေလးေမာ့၊ ဆင္းဒဝွစ္ခ်္ေလးစားၿပီး ကိုယ္႔ေနရာကိုယ္ထိုင္၊ ကိုယ့္အသင္းကိုယ္အားေပးခြင့္ကို ျမန္မာပရိသတ္ေတြလည္း လိုခ်င္မွာပါ။ သယ္ယူပို႔ေဆာင္ခက္ခဲမႈ၊ ကားပါကင္အေျခအေန စတာေတြကေတာ့ ႏိုင္ငံရဲ႕အေျခအေနနဲ႔ ရွိၿပီးသားအေျခခံ အေဆာက္အဦအေပၚမွာစီစဥ္ေနရတာမို႔အဖြဲ႕ခ်ဳပ္နဲ႔ တိုက္ရိုက္မသက္ဆိုင္ေတာ့ပါဘူး။

Photo: MFF

 

ဆူဇူကီးလို ႏိုင္ငံတကာပြဲမွာ တစ္ျခားႏိုင္ငံက ပရိသတ္ေတြပါ လာေရာက္အားေပးတတ္လို႔ အခက္အခဲေတြကို မေျဖရွင္းႏိုင္ရင္ ႏိုင္ငံအတြက္လည္း ရွက္စရာျဖစ္လာႏိုင္ပါတယ္။ အေပၚကအခ်က္ေတြကိုသာ အဆင္ေျပေအာင္လုပ္ေပးႏိုင္ရင္ လက္မွတ္ေစ်းေလွ်ာ့စရာေတာင္ မလိုပါဘူး။ ျမန္မာပရိသတ္ေတြဟာ ႏိုင္ငံအတြက္ လိုအပ္လာရင္ လက္မွတ္ေစ်းကို ႏွစ္ဆ၊သံုးဆေပးၿပီးေတာင္ ဝယ္ၾကည္႔ၾကပါတယ္။ အနွစ္ခ်ဳပ္ရရင္ ပရိသတ္ေတြေဘာလံုးကြင္းကို ေပ်ာ္စရာ၊ အပန္းေျဖစရာလို႔သတ္မွတ္ႏိုင္ေအာင္ ဒုတိယမ်ဥ္းေၾကာင္းျဖစ္တဲ႔ ေဘာလံုးအဖြဲ႕ခ်ဳပ္က လက္မွတ္ေရာင္းခ်မႈအဆင္ေျပေအာင္လုပ္ေပးပါ၊ ကြင္းအတြင္း အစားအေသာက္၊ အိမ္သာ အဆင့္မီသန္႔ရွင္းေအာင္လုပ္ေပးပါ။ ထိုင္ခံုေနရာအဆင္ေျပေအာင္လုပ္ေပးပါ။ ေပ်ာ္ပြဲရႊင္ပြဲ၊ ကံစမ္းမဲေတြေပးစရာ မလိုပဲ ပရိသတ္ေတြကြင္းထဲေရာက္လာဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

Photo: MFF

 

ျမန္မာေဘာလံုး ပရိသတ္

တတိယေျမာက္မ်ဥ္းေၾကာင္းကေတာ့ ဒီဇာတ္လမ္းရဲ႕အဓိကဇာတ္ေကာင္ေတြျဖစ္တဲ႔ ျမန္မာေဘာလံုးပရိသတ္ပါ။ ျမန္မာေဘာလံုးပရိသတ္ရဲ႕ေဘာလံုးအေပၚစြဲလန္းရူးသြပ္ၿပီး တစ္ခဲနက္အားေပးတတ္တာကို ခြ်င္းခ်က္မရွိလက္ခံယံုၾကည္ပါတယ္။ ဒါေပမယ့္ အားေပးပံုနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာစရာအခ်က္အနည္းငယ္ရွိပါတယ္။ ဒါကေတာ့ ခံယူခ်က္နဲ႔စည္းကမ္းပါ။ ခံယူခ်က္ဆိုတာကေတာ့ အသင္းကို အားေပးတဲ႔စိတ္ပိုင္းဆိုင္ရာခံယူခ်က္ကို ဆိုလိုတာပါ။ လက္ေရြးစင္အသင္းကို အားေပးတယ္ဆိုတာ အႏိုင္၊အရွုံးရလဒ္ထက္ ကိုယ္႔ႏိုင္ငံအတြက္ တာဝန္တစ္ခုလို လုပ္သင့္တဲ႔အရာတစ္ခုကို လုပ္ေနတာဆိုတဲ႔ စိတ္မ်ိဳးရွိဖို႔လိုပါမယ္။

Photo: MFF

 

ရွုံးရင္အားမေပးေတာ့ဘူးတဲ႔လား။ လြန္ခဲ႔တဲ႔ဆယ့္ရွစ္ႏွစ္ေလာက္က ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းေတြ ဟာ ရလဒ္ပိုင္းဆိုးရြားခဲ႔ပါတယ္။ ဘယ္ၿပိဳင္ပြဲၿပိဳင္ၿပိဳင္ ပြဲတိုင္းနီးပါး ရွုံးပါတယ္။ ဒါေပမယ့္ အိမ္ကြင္း (သို႔) ျမန္မာလူမ်ိဳးအမ်ားစုရွိတဲ႔ တိုင္းျပည္ေတြမွာကန္ရတဲ႔ပြဲတိုင္း ကြင္းလံုးျပည႔္တစ္ခဲနက္အားေပးပါတယ္။ ပရိသတ္အားေပးေတာ့ ကစားသမားေတြကလည္း အစြမ္းကုန္ႀကိဳးစားပါတယ္။ ရလဒ္ဆိုးသည္႔တိုင္ ကစားသမားေတြရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳၿပီး ဆက္အားေပးၾကပါတယ္။ အဓိပၸာယ္ကေတာ့ တစ္ခ်ိန္က ျမန္မာေဘာလံုးပရိသတ္ေတြဟာ ရွုံးသင့္ရွုံးထိုက္တဲ႔အရွုံး၊ ႀကိဳးစားအားထုတ္မႈျမင္ရတဲ႔ အရွုံးေတြကို လက္ခံတတ္ၿပီး မွ်မွ်တတစဥ္းစားေတြးေခၚတတ္ပါတယ္။

Photo: MFF

 

ဒီေန႔ေခတ္ျမန္မာေဘာလံုးပရိသတ္အမ်ားစုက အသင္းကို ရလဒ္ထက္ အသိစိတ္နဲ႔အားေပးတတ္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ အစြန္းေရာက္အားေပးမႈေတြကို ျပဳလုပ္ေနဆဲပါ။ အသင္းရွုံးလို႔ ကြင္းထဲလာအားမေပးေတာ့ဘူးဆိုတာ မျဖစ္သင့္သလို၊ ကြင္းထဲေတာ့လာအားေပးပါရဲ႕ရွုံးရေကာင္းလားဆိုၿပီး အစြန္းေရာက္အားေပးတတ္တာမ်ိဳးကိုလည္း ေရွာင္က်ဥ္သင့္ပါတယ္။ ႏိုင္ငံကိုယ္စားျပဳ လက္ေရြးစင္အသင္းကို အားေပးတယ္ဆိုတာ အႏိုင္၊အရွုံးထက္ ကိုယ္႔ႏိုင္ငံကိုယ္စားျပဳသူေတြကို အားတက္လာေအာင္ အားေပးတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ လာမယ့္ ဆူဇူကီးဖလားၿပိဳင္ပြဲက ျမန္မာေဘာလံုးအသင္းတင္မကပဲ ျမန္မာေဘာလံုးပရိသတ္ေတြအတြက္ပါ စိန္ေခၚမႈေတြရွိေနပါတယ္။ စိန္ေခၚမႈက ဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ လက္ခံက်င္းပမယ့္ မႏၱလာသီရိနဲ႔ သုဝဏၰကြင္း ႏွစ္ကြင္းစလံုးမွာ အကာအရံေတြမရွိတာပါ။ အကာအရံေတြမရွိေတာ့ တစ္ခ်ိန္က အေလ့အထအတိုင္း ကြင္းထဲကို ပစၥည္းေတြနဲ႔ ပစ္ေပါက္ခဲ႔မယ္ဆိုရင္ မလိုလားအပ္တဲ႔ ျပႆနာေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ တစ္ခ်ိန္က ကိုယ္႔အျပဳအမူဆိုးေၾကာင့္ ေထာင္ခ်ခံခဲ႔ရတဲ႔ သုဝဏၰကြင္းႀကီးကိုလည္း ေနာက္တစ္ႀကိမ္ထပ္အက်ဥ္းမက်ေအာင္ ကူညီၾကဖို႔လိုပါတယ္။

Photo: MFF

 

တတိယမ်ဥ္းေၾကာင္းဟာ ေဘာလံုးပြဲေဟ့ဆိုတာနဲ႔ ဘာအခက္အခဲေတြရွိရွိ ကြင္းထဲအေရာက္လာသူေတြပါ။ မ်ိဳးခ်စ္စိတ္နဲ႔အားေပးတတ္သူေတြပါ။ ကြင္းထဲကို တကူးတကန္႔ဖိတ္ေခၚစရာမလိုဘူးဆိုတာ ယံုၾကည္ပါတယ္။ ဒီေတာ့ ဆူဇူကီးမွာ ျမန္မာ့ပံုရိပ္ကမာၻကသိေစဖို႔အတြက္၊ ကိုယ္႔အသင္းကို အားျဖစ္ေစၿပီး ၿပိဳင္ဖက္အသင္းကို ဖိအားျဖစ္ေစဖို႔အတြက္ အားေပးပါ။ စည္းကမ္းရွိပါ။ ကြင္းထဲကိုပစ္ေပါက္မယ့္ ပစၥည္းေတြကို လက္က လႊတ္ခ်ၿပီး လက္ခုပ္တီးပါ။ သန္း ၅၀ေက်ာ္ကို ကိုယ္စားျပဳထားတာ ကြင္းထဲက ကစားသမား ၁၁ေယာက္တင္ မကပဲ ကြင္းထဲက ပရိသတ္ သံုးေသာင္းလည္း ပါတယ္ဆိုတာ သတိျပဳေစခ်င္ပါတယ္။

Photo: MFF

 

မီဒီယာ

ကိုယ္႔ႏိုင္ငံမွာ အာဆီယံေဒသတြင္းအဆင့္အျမင့္ဆံုးၿပိဳင္ပြဲႀကီးကို အိမ္ရွင္အျဖစ္ ပြဲစဥ္တစ္ခ်ိဳ႕ လက္ခံက်င္းပရမွာကို တစ္ႏိုင္ငံလံုးစိတ္ဝင္စားၿပီး က်ယ္က်ယ္ျပန္႔ျပန္႔သိရွိေစဖို႔အတြက္ မီဒီယာ အခန္းက႑ကလည္းတကယ့္ကိုအေရးပါ,ပါတယ္။ စတုတၳေျမာက္ မ်ဥ္းေၾကာင္းလို႔ ဆိုရမွာပါ။ ဒီမ်ဥ္းေၾကာင္းကေတာ့ ပံုမွန္အတိုင္းၾကည္႔ရင္ သူတို႔အလုပ္သူတို႔လုပ္ေနတာပါပဲ။ ပရိသတ္ေတြကြင္းထဲဝင္မဝင္၊ ၿပိဳင္ပြဲစည္ကား၊ မစည္ကားဆိုတာက သူတို႔နဲ႔ဘာဆိုင္လို႔လည္း ထင္စရာရွိပါတယ္။ မီဒီယာက ပရိသတ္ေတြ ကြင္းထဲဝင္လာေအာင္လႈံ႔ေဆာ္ေပးႏိုင္သလုိ၊ ပရိသတ္ေတြစည္းကမ္းရွိလာေအာင္လည္း ကူညီထိန္းသိမ္းေပးႏိုင္ပါတယ္။

Photo: MFF

 

မီဒီယာအေနနဲ႔ ၿပိဳင္ပြဲႀကီးတစ္ခုမွာ လက္ေရြးစင္ေဘာလံုးအသင္းကို တစ္ဖက္တစ္လမ္းက ကူညီႏိုင္သလို၊ ၿပိဳင္ပြဲအတြင္း ပရိသတ္ေတြ၊ ၿပိဳင္ပြဲက်င္းပေရးတာဝန္ခံေတြရဲ႕လိုအပ္ခ်က္၊ အေျခအေနေတြကိုလည္း ကူညီျဖည္႔ဆည္းေပးႏိုင္ပါတယ္။ ဒါဆို ဘယ္လိုကူညီမွာလဲ…။ မွန္ကန္တိက်တဲ႔ သတင္းထုတ္ျပန္မႈပါ။ လက္ေရြးစင္ေဘာလံုးသမားေတြနဲ႔နည္းျပေတြရဲ႕ေလ့က်င့္မႈအေျခအေနမွန္၊ ၿပိဳင္ဖက္ႏိုင္ငံေတြရဲ႕ျပင္ဆင္မႈ သတင္း၊ စတာေတြကိုေဖာ္ျပေပးျခင္းနဲ႔ လက္ေရြးစင္ကစားသမားနည္းျပေတြ ၿပိဳင္ဖက္အေၾကာင္းသိၿပီး ႀကိဳတင္ျပင္ဆင္ႏိုင္သလို လက္ေရြးစင္အသင္းအေျခအေနအမွန္ကိုလည္း ပရိသတ္ကသိထားတဲ႔အတြက္ အစြန္းေရာက္အားေပးမႈကိုေရွာင္ၿပီး အရွုံးကို လက္ခံႏိုင္ေအာင္ စည္းရုံးႏိုင္ပါတယ္။

Photo: MFF

 

ဒါ့အျပင္ ၿပိဳင္ပြဲရဲ႕စည္းမ်ဥ္းစည္းကမ္းေတြ၊ ၿပိဳင္ပြဲအတြင္း၊အျပင္က ျဖစ္ရပ္ေတြ ကြင္းအတြင္းလိုက္နာေစာင့္ထိန္းရမယ့္ ဥပေဒေတြကို လက္ဆင့္ကမ္းသယ္ေဆာင္ေပးျခင္းနဲ႔ ပရိသတ္တစ္ခ်ိဳ႕ရဲ႕အစြန္းေရာက္အားေပးမႈကို ေလွ်ာ့ခ်ေပးႏိုင္မွာပါ။ ဒီလိုၿပိဳင္ပြဲမ်ိဳးက ျမန္မာမီဒီယာေတြအတြက္ ႏိုင္ငံတကာမီဒီယာသမားေတြနဲ႔ ရင္ေဘာင္တန္းအလုပ္လုပ္ရမယ္႔အခ်ိန္ျဖစ္လို႔ အိမ္ရွင္လုပ္ခ်ိန္မွာ အိမ္ရွင္ပီသၿပီး ဧည္႔သည္ေတြကို ကူညီေပးဖို႔လိုသလို၊ အေဝးကြင္းပြဲေတြအတြက္ ဧည္႔သည္လုပ္ခ်ိန္မွာလည္း ဧည္႔သည္ပီသစြာ ႏိုင္ငံ႔ဂုဏ္သိကၡာကို ထိန္းသိမ္းၾကရမွာပါ။ စတုတၳမ်ဥ္းေၾကာင္းရဲ႕အဓိက တာဝန္က ပြဲမတိုင္ခင္မွာ ပြဲနဲ႔ပတ္သက္တဲ႔သတင္းအခ်က္အလက္ေတြ၊ ပြဲခ်ိန္အတြင္းနဲ႔ပြဲအၿပီးမွာ ဘက္မလိုက္ပဲ မွ်တတဲ႔သတင္းေဖာ္ျပမႈမ်ိဳးေတြကို မွန္မွန္ကန္ကန္၊ ျမန္ျမန္ဆန္ဆန္နဲ႔ ကူညီလုပ္ေဆာင္ေပးျခင္းပါ။ ဒါမွသာ ဆူဇူကီးမွာ ျမန္မာဟာ ကြင္းအတြင္း၊ကြင္းအျပင္၊စတဲ႔ေနရာတိုင္းမွာ ေကာင္းမြန္တဲ႔ ပံုရိပ္လကၡဏာကို ကမာၻသိေအာင္ တည္ေဆာက္ျပသႏိုင္မွာပါ။

Photo: AFF

 

လွပဖို႔အတြက္ ကူညီရမယ့္ ေလးေၾကာင္းမ်ဥ္း

ျမန္မာႏိုင္ငံက ပညာေရးစနစ္မွာ မူလတန္းေက်ာင္းသားေလးေတြ လွပဝိုင္းစက္တဲ႔ လက္ေရးပံုစံမ်ိဳးကို ေရးသားႏိုင္ဖို႔ ေလးေၾကာင္းမ်ဥ္းစာအုပ္ေတြကို သံုးရပါတယ္။ ေလးေၾကာင္းမ်ဥ္းမွာ ျမန္မာစာ စာလံုးေတြကို ဝိုင္းစက္ညီညာေအာင္ေရးႏိုင္ၿပီဆိုေတာ့မွ အလြတ္တန္းစာေရးသားမႈမ်ိဳးကို စရပါတယ္။ လက္ေရးေတြ လွပဝိုင္းစက္ဖို႔ ေလးေၾကာင္းမ်ဥ္းက ကူညီေပးရပါတယ္။ ေလးေၾကာင္းမ်ဥ္းရဲ႕ဥပေဒသအရ သူ႔မ်ဥ္းေၾကာင္းနဲ႔သူ သတ္မွတ္ခ်က္ရွိသလို၊ စည္းမ်ဥ္းေတြလည္းရွိပါတယ္။ ေလးေၾကာင့္မ်ဥ္းရဲ႕မ်ဥ္းေၾကာင္းတိုင္းက အေရးပါသလို၊ သူ႔တာဝန္လည္းသူယူရပါတယ္။ တစ္ေၾကာင္းနဲ႔တစ္ေၾကာင္း ရွုပ္ယွက္ေနေအာင္ ၿငိစြန္းေနရင္ ဥပေဒကို မလိုက္နာပဲ ကိုယ္႔တာဝန္ကိုယ္မယူရင္ ေလးေၾကာင္းမ်ဥ္းမပီသႏိုင္ေတာ့ပါဘူး။

Photo: AFF

 

ဆူဇူကီးဖလားၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံရဲ႕အားကစားအဆင့္အတန္းနဲ႔ ပံုရိပ္လွပဖို႔အတြက္လိုအပ္တဲ႔ ေလးေၾကာင္းမ်ဥ္းကလည္း တစ္ေၾကာင္းခ်င္းစီအေရးပါသလို တစ္ေၾကာင္းခ်င္းစီတိုင္းမွာ တာဝန္ရွိပါတယ္။ တစ္ေၾကာင္းခ်င္းစီရဲ႕ဥပေဒသနဲ႔တာဝန္ယူမႈက အေရးႀကီးေနၿပီး တစ္ေၾကာင္းရဲ႕တာဝန္ကို တစ္ေၾကာင္းက ဝင္ေရာက္စြက္ဖက္ဖို႔မျဖစ္ႏိုင္ပါဘူး။ ေလးေၾကာင္းမ်ဥ္းဆိုတာ အလွဆင္ဖို႔ပါ။ ဒီေတာ့ ဆူဇူကီးၿပိဳင္ပြဲႀကီး က်င္းပေနတဲ႔ကာလအတြင္းနဲ႔ က်င္းပၿပီးစီးသြားခ်ိန္မွာ ျမန္မာႏိုင္ငံအတြက္ လွပဝိုင္းစက္တဲ႔လက္ေရး ေလးေတြလို ဂုဏ္ယူစရာအရာေတြြ ဖန္တီးထုတ္လုပ္ႏိုင္ဖို႔ လိုအပ္ေနတဲ႔ ေလးေၾကာင္းမ်ဥ္းေတြ အေနနဲ႔ ကိုယ္႔တာဝန္ကိုယ္ယူၿပီး ေက်ပြန္ေအာင္ထမ္းေဆာင္ဖို႔လိုအပ္တယ္ဆိုတာကို သိရွိနားလည္ရင္း……………။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs